မာကု 3
3
လက်တစ်ဖက် လီဖြတ်နိန်သော လူတစ်ယောက်
(မဿဲ ၁၂.၉–၁၄; လုကာ ၆.၆–၁၁)
1ထို့နောက် ယေသျှုသည် တရားဇရပ်သို့ ကြွတော်မူပြန်လျှင်၊ ထိုတရားဇရပ်၌ လက်တစ်ဖက် သီနိန်သောသူ တစ်ယောက်ဟိ၏။ 2ထိုအရပ်၌ ဟိသောလူအချို့သည် ကိုယ်တော်အား ပြစ်တင်စွပ်စွဲခွင့် ရခြင်းငှာ ဥပုသ်နိ့၌၊ ထိုသူ၏ရောဂါကို ကိုယ်တော်သည် ပျောက်ကင်းစီတော်မူမည်၊ မမူမည်ကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။ 3ယေသျှုသည် ထိုသူအား “ရှိ့သို့လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ 4ထို့နောက် ကိုယ်တော်က လူရို့အား “ငါရို့ပညတ်ကျမ်းအရ ဥပုသ်နိ့၌ ကောင်းသောအရာကို ပြုသင့်သလော၊ သို့မဟုတ် ဆိုးသောအရာကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော၊ သို့မဟုတ် သတ်သင့်သလော” ဟု မိန်းတော်မူလျှင်၊
လူရို့သည် တိန်းနိန်ကြ၏။ 5ထိုအခါ ကိုယ်တော်သည် အမျက်ထန်တော်မူ၍ လှည့်ပတ်ကြည့်ပြီး ထိုသူရို့၏စိတ်နှလုံးသည် မိုက်မဲသောကြောင့် ကိုယ်တော်သည် ဝမ်းနည်းတော်မူ၏။ ကိုယ်တော်ကလည်း “သင်၏လက်ကို ဆန့်လော့” ဟု လက်သီနိန်သောသူအား မိန့်တော်မူ၏။ ထိုသူသည် မိမိလက်ကို ဆန့်လျှင် အကောင်းပကဓိ ဖြစ်လေ၏။ 6ထို့ကြောင့် ဖာရိယှဲရို့သည် တရားဇရပ်မှ ချက်ချင်းထွက်ကြပြီးလျှင် ကိုယ်တော်အား သတ်ခြင်းငှာ ဟေရုဒ်၏တပည့်ရို့နှင့် ဆွေးနွေးတိုင်ပင်ကြ၏။
အိုင်နား၌ဟိသော လူစုလူဝေး
7ယေသျှုနှင့် တပည့်တော်ရို့သည် ဂါလိလဲအိုင်နားသို့ ကြွတော်မူ၏။ ဂါလိလဲပြည်၊ ယုဒပြည်မှ လည်းကောင်း၊ 8ယေရုဆလင်မြို့မှစပြီး ဣဒုမဲပြည်နှင့် ယော်ဒန်မြစ် အရှိ့ဖက်ကမ်းမှ လူတိနှင့် တုရုမြို့၊ ဇိဒုန်မြို့ပတ်ဝန်းကျင်အရပ်မှ များစွာသောလူရို့သည် ကိုယ်တော်ပြုတော်မူသော အမှုအရာများကို ကြားတော်မူလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြ၏။ 9#မာ ၄.၁; လု ၅.၁–၃ကိုယ်တော်သည် မိမိကို လူအုပ်ကြီး မနင်းမိစီမည့်အကြောင်း လောင်းတစ်စင်းကို အသင့်ထားခြင်းငှာ တပည့်တော်ရို့အား မိန့်မှာတော်မူ၏။ 10အကြောင်းမူကား ကိုယ်တော်သည် မကျန်းမာသော လူတိကို ကျန်းမာစီတော်မူသဖြင့် ရောဂါခံစားနိန်ရသော လူရို့သည် ကိုယ်တော့်ကို တို့ခြင်းငှာ တိုးလာကြ၏။ 11ဝိညာဉ်ဆိုးတိစွဲသော လူရို့သည်လည်း ကိုယ်တော့်ကို မြင်သောအခါ ရှိ့တော်၌ ပျပ်ဝပ်၍ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်၏” ဟု ဟစ်အော်ကြ၏။
12ကိုယ်တော်က မိမိသည် မည်သူဖြစ်ကြောင်းကို မည်သူ့ကိုမျှ ထုတ်ဖော်၍ မပြောစီခြင်းငှာ ဝိညာဉ်ဆိုးများအား တင်းကြပ်စွာ ပညတ်တော်မူ၏။
တမန်တော်တစ်ဆယ့်နှစ်ပါးအား ရွီးချယ်ခြင်း
(မဿဲ ၁၀.၁–၄; လုကာ ၆.၁၂–၁၆)
13ထို့နောက် ယေသျှုသည် တောင်ထက်သို့ ကြွတော်မူပြီး အလိုတော်ဟိသော သူရို့ကိုသာ ခေါ်တော်မူ၍ သူရို့သည် အထံတော်ပါးသို့ ရောက်လာကြ၏။ 14ကိုယ်တော်သည် တစ်ဆယ့်နှစ်ယောက်သော လူရို့ကို ရွီးချယ်တော်မူပြီးလျှင် တမန်တော်များဟူ၍ ခေါ်ဝေါ်သမုတ်တော်မူ၏။ ထို့နောက် ထိုသူရို့အား “သင်ရို့ကို ငါ ရွီးချယ်သည်ကား ငါနှင့်အတူ နီစီခြင်းငှာလည်းကောင်း၊ တရားဟောထွက်စီခြင်းငှာ လည်းကောင်း၊ 15နတ်ဆိုးတိကို မောင်းထုတ်ဖို့ အခွင့်အာဏာ ဟိစီခြင်းငှာ လည်းကောင်း ဖြစ်၏” ဟု မိန့်တော်မူ၏။
16ကိုယ်တော် ရွီးချယ်ထားသော တပည့်တော် တစ်ဆယ့်နှစ်ပါး၏ နာမည်ကား၊ (ပေတရုဟု ခေါ်သူ) သျှိမုန်၊ 17(မိုးကြိုး၏သားများဟု အနက်ကို ရ၍ ဗောနေရဂက်ဟု အမည်သစ်ကိုရသော) ဇေဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊ 18အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ သျှိမုန်နှင့် 19ကိုယ်တော့်ကို သစ္စာဖောက်သူ ယုဒသျှာကာရုတ် ရို့ဖြစ်ကြ၏။
ယေသျှုနှင့် ဗေလဇေဗုလ
(မဿဲ ၁၂.၂၂–၃၂; လုကာ ၁၁.၁၄–၂၃; ၁၂.၁၀)
20ထို့နောက် ယေသျှုသည် အိမ်သို့ဝင်လျှင်၊ လူအပေါင်းရို့သည် တဖန် စုရုံးလာကြသဖြင့် ကိုယ်တော်နှင့် တပည့်တော်ရို့သည် အစားအစာသုံးဆောင်ရန်ပင် အချိန်မရကြ။ 21လူတချို့က “ကိုယ်တော်ကား စိတ်ဖောက်လားယာ” ဟု ပြောဆိုကြ၏။ ထိုအကြောင်းကို ကိုယ်တော်၏ မိသားစုရို့သည် ကြားကြလျှင် ကိုယ်တော်အား စောင့်ရှောက်ခြင်းငှာ အထံတော်သို့ လိုက်လာကြ၏။
22 #
မ ၉.၃၄; မ ၁၀.၂၅ ယေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာရို့က “ဤသူကား ဗေလဇေဗုလဟုခေါ်သော နတ်ဆိုးခေါင်းဆောင် ဝင်ပူးခြင်းပင်ဖြစ်၏။ ထိုနတ်ဆိုးဘုရင်ကို အမှီပြု၍သာ နတ်ဆိုးတိကို မောင်းထုတ်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
23ယေသျှုသည် ထိုသူရို့ကို ခေါ်ပြီးလျှင် ပုံဥပမာကို ဆောင်၍ “စာတန်မာရ်နတ်က စာတန်မာရ်နတ်ကို ဇာပိုင် မောင်းထုတ်နိုင်မည်နည်း။ 24အုပ်စုကွဲပြားနိန်သော နိုင်ငံကား မတည်မရပ်နိုင်။ 25မိသားစု၌လည်း အချင်းချင်းစိတ်ဝမ်းကွဲနိန်လျှင် ယင်းအိမ်ထောင်သည် ရပ်တည်နိုင်မည်မဟုတ်။ 26ယင်းနည်းတူ စာတန်မာရ်နတ်သည်လည်း အချင်းချင်းမသင့် စိတ်ဝမ်းကွဲလျှင် ထိုသူရို့၏ နိုင်ငံသည် မရပ်မတည်နိုင်ဖြစ်ပြီး ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။
27“အားကြီးသောသူကို အယင်မတုပ်ဘဲနှင့် ထိုသူ၏အိမ်သို့ ဝင်၍ ပစ္စည်းဥစ္စာများကို ဇာသူလေ့ မလုယူနိုင်။ တုပ်ပြီးမှရာ လုယူနိုင်၏။
28“သင်ရို့အား ငါ အမှန်ဆိုသည်ကား လူတိက မိမိရို့ လွန်ကျူးသော အပြစ်ဟိသမျှကို လည်းကောင်း၊ လိမ်လည်သော စကားအမျိုးမျိုး#၃.၂၈ လိမ်လည်သော စကားအမျိုးမျိုး၊ သို့မဟုတ် ဘုရားသခင်အား ပြစ်မှားသော စကားကို ပြောသည်။အတွက်လည်းကောင်း အပြစ်ရွှတ်ခွင့်ရနိုင်၏။ 29#လု ၁၂.၁၀သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို ပြစ်မှားသောသူကား တစ်ခါမျှ အပြစ်မှ လွတ်ခွင့်မရ။ ထိုသူကား ထာဝရအပြစ်ကို ပြုသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ( 30ဤသို့ မိန့်တော်မူရခြင်းမှာ လူအချို့သည် ကိုယ်တော်အား “ဝိညာဉ်ဆိုး ပူးသောသူဟု စွပ်စွဲကြသောကြောင့်ဖြစ်၏။”)
ယေသျှု၏မိခင်နှင့် ညီတော်များ
(မဿဲ ၁၂.၄၆–၅၀; လုကာ ၈.၁၉–၂၁)
31ထို့နောက် ယေသျှု၏မိခင်နှင့် ညီတော်ရို့သည် ရောက်လာလျှင် အိမ်အပြင်၌ ရပ်လျက်၊ ရောက်နိန်ကြောင်းကို ကိုယ်တော်အား ကြားပြောခိုင်း၏။ 32လူအပေါင်းရို့သည် ကိုယ်တော့်ကို ခြံရံလျက် ထိုင်နိန်ကြ၏။ သူရို့က “ကိုယ်တော်၏ အမိနှင့် ညီတိ၊ ညီမတိ အိမ်အပြင်၌ ရောက်နိန်ပါ၏၊ ထိုသူရို့သည် ကိုယ်တော့်ကို ရှာနိန်ကြ၏” ဟု လျှောက်ကြ၏။
33ကိုယ်တော်က “ငါ့အမိ၊ ငါ့ညီတိကား ဇာသူရို့နည်း” ဟု မိန်းတော်မူပြီး၊ 34မိမိပတ်လည်တွင် ထိုင်နိန်ကြသောသူရို့အား ကြည့်တော်မူလျက် “ငါ့အမိ၊ ငါ့ညီတိကား၊ ဤသူရို့ပင် ဖြစ်၏။ 35ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူ မှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။
The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.