YouVersion 標誌
搜尋圖標

က~မ္ဘာ~ဦး~ကျမ်း။ 7

7
1တစ် ဖန် နော ဧ အား ထာ၀ ရ ဘု ရား သ ခင် မိန့် တော် မူ သည် ကား၊ ယ ခု လူ မျိုး တွင် သင် သည် ငါ့ ရှေ့၌ ဖြောင့် မတ် သည် ကို ငါ သိ မြင် သည် ဖြစ် ၍ အိမ် သူ အိမ် သား အ ပေါင်း တို့ နှင့် တ ကွ သင်္ဘော တွင်း သို့ ၀င် ကြ လော့။ 2-3မြေ ကြီး တစ် ပြင် လုံး ပေါ် မှာ တိ ရ စ္ဆာန် မျိုး မ ပြတ် ဆက် နွယ် စေ ခြင်း ငှာ သန့် သော သား မျိုး အ နက် အ ထီး အ မ #7.2 သို့ မ ဟုတ် - ခု နစ် ကောင် စီခု နစ် စုံ စီ၊ မ သန့် သော သား မျိုး အ နက် အ ထီး အ မ တစ် စုံ စီ၊ လေ သ တ္တ ဝါ မျိုး အ နက် အ ထီး အ မ ခု နစ် စုံ စီ၊ အ သီး အ သီး တို့ ကို သိမ်း ယူ ရ မည်။ 4-5အ သို့ ဆို သော် ယ နေ့ မှ စ၍ ခု နစ် ရက် စေ့ လျှင် အ ရက် လေး ဆယ် ပတ် လုံး နေ့ ညဉ့် မ ပြတ် မြေ ကြီး ပေါ် သို့ မိုး ရွာ စေ၍ ငါ ဖန် ဆင်း ခဲ့ သော သ တ္တ ဝါ အ ပေါင်း တို့ ကို မြေ မျက် နှာ ပြင် မှ ငါ သုတ် သင် ပယ် ရှင်း မည် ဟု ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း နော ဧ ပြု လေ ၏။ 6မြေ ကြီး ပေါ် မှာ ရေ လွှမ်း မိုး သော ဘေး သင့် ရောက် သော အ ခါ နော ဧ သည် အ သက် ခြောက် ရာ ရှိ ၏။ 7ရေ လွှမ်း မိုး သည့် ဘေး ကြောင့် နော ဧ သည် သား၊ မ ယား၊ ချွေး မ များ နှင့် တ ကွ သင်္ဘော တွင်း သို့ ဝင် ၍၊ 8နော ဧ အား ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ တိုင်း သန့် သော သား မျိုး၊ မ သန့် သော သား မျိုး၊ လေ သ တ္တ ဝါ နှင့် မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် များ ထဲ မှ အ ထီး အ မ အ စုံ အ စုံ တို့ သည်၊ 9နော ဧ ရှိ ရာ သင်္ဘော တွင်း သို့ ဝင် ကြ ၏။ 10ခု နစ် ရက် စေ့ သော အ ခါ လွှမ်း မိုး သော ရေ သည် မြေ ပေါ် သို့ တက် လာ ရာ၊ 11နော ဧ အ သက် ခြောက် ရာ စေ့ သော နှစ်၊ ဒု တိ ယ လ၊ ဆယ့် ခု နစ် ရက် တွင် မ ဟာ ရေ ထု စမ်း၀ ရှိ သ မျှ ပေါက် ထွက် သည့် ပြင် မိုး ကောင်း ကင် ပြွန်၀ များ ပွင့် သ ဖြင့်၊ 12အ ရက် လေး ဆယ် ပတ် လုံး နေ့ ညဉ့် မ ပြတ် မြေ ကြီး ပေါ် မှာ မိုး သည်း စွာ ရွာ လေ ၏။ 13ထို နေ့ ရက် တွင် ပင် နော ဧ နှင့် မ ယား မှ စ၍ ရှေ မ၊ ဟာ မ၊ ယာ ဖက် ဟူ သော သား သုံး ယောက်၊ ချွေး မ သုံး ယောက် တို့ သည် သင်္ဘော တွင်း သို့ ဝင် ကြ ၏။ 14သား ယဉ် သား ရဲ အ မျိုး အ လိုက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ မျိုး အ လိုက်၊ ပျံ တတ် သော ကြက် ငှက် တည်း ဟူ သော လေ သ တ္တ ဝါ မျိုး အ လိုက်၊ 15သ ဇီ၀ သက် ရှိ သ တ္တ ဝါ အ မျိုး အ မျိုး ထဲ မှ အ စုံ အ စုံ တို့ လည်း နော ဧ ရှိ ရာ သင်္ဘော တွင်း သို့ ဝင် ကြ ၏။ 16ထို သို့၀င် သော တိ ရ စ္ဆာန် တို့ သည် နော ဧ အား ဘု ရား သ ခင် မိန့် မှာ တော် မူ ခဲ့ သည့် အ တိုင်း သ တ္တ ဝါ အ မျိုး မျိုး ထဲ မှ အ ထီး အ မ အ စုံ အ စုံ၀င် ကြ ကုန် ၏။ နော ဧ ၀င် ပြီး နောက် ထာ၀ ရ ဘု ရား သည် သင်္ဘော ကို ပိတ် ထား တော် မူ ၏။ 17မြေ ကြီး ပေါ် မှာ အ ရက် လေး ဆယ် ပတ် လုံး ရေ လွှမ်း မိုး ခြင်း တိုး တက် သ ဖြင့် သင်္ဘော သည် မြေ မှ ကြွ၍ ပေါ လော နေ လေ ၏။ 18ထို သို့ ရေ သည် မြေ ကြီး ပေါ် မှာ အ လွန် တိုး တက် သ ဖြင့် ရေ မျက် နှာ ပြင် ပေါ် မှာ သင်္ဘော မျော နေ လေ ၏။ 19မြေ ကြီး ပေါ် မှာ ရေ အ လွန် တ ရာ အား ကြီး သ ဖြင့် မိုး ကောင်း ကင် အောက် တောင် ကြီး ရှိ သ မျှ နစ် မြုပ် ရ လေ ၏။ 20ရေ သည် အား ကြီး သ ဖြင့် တောင် များ အ ထက် သို့ တစ် ဆယ့် ငါး တောင် လွှမ်း မိုး လေ ၏။ 21လူ မှ စ၍ မြေ ပေါ် မှာ လှုပ် ရှား သွား လာ တတ် သည့် တိ ရ စ္ဆာန် တည်း ဟူ သော လေ သ တ္တ ဝါ၊ သား ယဉ် သား ရဲ၊ မြေ ရှိ ပေါ များ သော သ တ္တ ဝါ စု အ ပေါင်း တို့ သည် သေ ကြ ကုန် ၏။ 22ထွက် သက် ၀င် သက် ရှိ သော ကုန်း သ တ္တ ဝါ ဟူ သ မျှ တို့ သည် သေ ကြ ကုန် ၏။ 23မြေ မျက် နှာ ပေါ် မှာ သက် ရှိ သ တ္တ ဝါ အ ပေါင်း တည်း ဟူ သော လူ မှ စ၍ သား ယဉ် သား ရဲ၊ တွား တတ် သော တိ ရ စ္ဆာန်၊ လေ သ တ္တ ဝါ တို့ သည် မြေ ကြီး မှ သုတ် သင် ပယ် ရှင်း ခြင်း ကို ခံ ရကြ၏။ နော ဧ မှ စ၍ သင်္ဘော တွင်း ပါ ရှိ သ မျှ တို့ သာ ကျန် ကြွင်း ကြ လေ ၏။ 24ရေ လည်း မြေ ကြီး ပေါ် မှာ ရက် ပေါင်း တစ် ရာ့ ငါး ဆယ် ပတ် လုံး အား ကြီး စွာ တည် လျက် ရှိ ၏။

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入