ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့အားလုံးသည် လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုစတင်ပြုကြပြီ။ ယခု သူတို့ပြုလုပ်ရန်ကြံစည်သမျှတို့တွင် သူတို့အတွက် မဖြစ်နိုင်သောအရာ တစ်စုံတစ်ခုမျှရှိလိမ့်မည်မဟုတ်။ လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။