Luke 23
23
1ဘာသာရေးခေါင်းဆောင်တို့သည်ကိုယ်တော်ယေရှုအား ပိလတ်ဘုရင်ခံထံသို့ပို့ဆောင်ကြသည်။ 2“ဤလူသည် လူထုအား အခွန်တော်မပေးရန်အတွက် ဆူပူအောင်လှုံ့ ဆော်သည်။ ထို့ကြောင့် သူ့အားဖမ်းခေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဤသူသည် သူ့ကိုယ်သူ ကျုပ်တို့၏ဘုရင် မေရှိယ ဟူ၍ပြောနေပါသည်။” ဟု ဘာသာရေးခေါင်းဆောင်ကြီး များက ပိလတ်ဘုရင်ခံအား တိုင်ကြားကြသည်။ 3ပိလတ် ဘုရင်ခံက ကိုယ်တော်ယေရှုအား “သင်သည်ယုဒလူမျိုး တို့၏ ဘုရင်ဟုတ်ပါသလား”ဟု မေးလေသည်။ “သင်ပြော သောစကားသည်သင့်၏စကားပင်ဖြစ်၏”ဟု ကိုယ်တော်က ပြန်ဖြေလိုက်သည်။ 4ပိလတ်ကပုရောဟိတ်များနှင့် လူထု ဘက်သို့လှည့်ပြီး “သူ့မှာအပြစ်မရှိဘူးလို့ကျုပ်မြင်တယ်”ဟု ပြောလိုက်သည်။ 5သူတို့အားလုံးက “ဤသူသည် ဂါလိလဲအရပ်မှ ယခုအရပ် အထိ ယုဒပြည်တစ်ခွင်လုံး ဟောပြောလျှက် ပြည်သူလူထုအား ရုန်းရင်းဆန်ခတ်ဖြစ် အောင် လှုံဆော်သူဖြစ်ပါသည်။”ဟု ဆက်လက်၍ပြောဆို ကြလေသည်။ 6ထို့သို့ပြောနေသည်ကိုပိလတ်ဘုရင်ခံကြားသောအခါ “ဤလူသည် ဂါလိလဲဒေသကလာတာလား” ဟုမေးလေ သည်။ 7ဂါလိလဲသည် ဘုရင်ဟေရုဒ်၏လက်အောက်ခံနယ်မြေဖြစ်သည်။ ထို့ကြောင့်ကိုယ်တော့်အား ဘုရင်ဟေရုဒ်ရှိရာယေရုရှလင်မြို့တော်သို့ ပို့လိုက်လေ သည်။ 8သူသည်ကိုယ်တော်ယေရှု၏အကြောင်းကို ကြားခဲ့ပြီး သူ၏အံ့ဖွယ်ရာများကို မြင်တွေ့လိုသူဖြစ်သည်။ ဘုရင်ဟေရုဒ်သည်ကိုယ်တော်ယေရှုကိုတွေ့မြင်လိုသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ကိုယ်တော်အားတွေ့မြင်ရ သောအခါ လွန်စွာဝမ်းမြောက်သွားခဲ့သည်။ 9ဟေရုဒ်မင်း သည် ကိုယ်တော်အား မေးခွန်းမြောက်များစွာမေးသော် လည်း ကိုယ်တော်ကမဖြေခဲ့ပေ။ 10ထို့နောက် ဘာသာ ရေးခေါင်းဆောင်ကြီးများနှင့် မောရှေကျမ်းတတ် ပုဂ္ဂိုလ် တို့သည် မတ်တပ်ရပ်လျက် ကိုယ်တော်အားအမျိုးမျိုး သော စွပ်စွဲချက်များဖြင့် ပြင်းထန်စွာစွပ်စွဲကြလေ၏။ 11ဟေရုဒ်ဘုရင်နှင့် သူ၏ရဲမက်များသည် ကိုယ်တော်အား လှောင်ပြောင်ကာ ပြက်ရယ်ပြုကြသည်။ သူတို့သည် ကိုယ်တော်အား တင့်တယ်လှပသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်စေလျှက် ပိလတ်ဘုရင်ခံထံသို့ ပို့လိုက်ကြသည်။ 12ထိုနေ့၌ပင် ဟေရုဒ်ဘုရင်နှင့် ပိလတ်ဘုရင်ခံတို့သည် ရန်ဖက်များဖြစ်သော်ငြားလည်း မိတ်ဆွေများအဖြစ်သို့ ရောက်ရှိသွားကြသည်။ 13ပိလတ်ဘုရင်ခံသည် ယုဒ ဘာသာရေးခေါင်းဆောင် ကြီးများ၊ ယုဒအမျိုးသားခေါင်းဆောင်များနှင့် လူထုအား ဆင့်ခေါ်လိုက်လေသည်။ 14ထို့နောက် ပိလတ်ဘုရင်ခံက “ဤသူသည် ဆူပူမူ့ဖြစ်အောင်လှုံဆော်သူ ဟု ပြောဆိုပြီး သင်တို့ ငါ့ထံသို့ခေါ်ဆောင်လာခဲ့ကြသည်။ သို့သော် သင်တို့၏အရှေမှာပင် သူ့အားစစ်မေးခဲ့ပြီးပြီ။ သင်တို့ပြော သကဲ့သို့ အပြစ်များကျူးလွန်ထားသည်ကို မတွေရပေ။ 15ဟေရုဒ်ဘုရင်ကလည်း သူ့ကို အပြစ်ရှာ၍မတွေ့သော ကြောင့် သူ့အား ငါ့ထံသို့ပြန်၍ပို့လေသည်။ ဤသူသည် လည်း သေဒဏ်ပေးလောက်သည့်အပြစ်အား ကျူးလွန် ထားခြင်းမရှိပေ။ 16ထို့ကြောင့်သူ့အား 17ကြိမ်ဒဏ် ပေးပြီး လွှတ်လိုက်မည်။” 18သို့သော်လူထုအားလုံးသည် “ဤလူအားသတ်၍ ‘ဗာရဗ္ဗ’ကိုလွှတ်ပေးပါ”ဟု အော်ဟစ် တောင်းဆိုကြသည်။ 19လူသတ်မှုများနှင့် ရာဇဝတ်မှုများ ကျုးလွန်သူ ‘ဗာရဗ္ဗ’သည် ယခုအခါ အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ကျခံနေသည်။ 20ပိလတ်ဘုရင်ခံသည်ကိုယ်တော် ယေရှုကို လွှတ်ပေးလိုသောကြောင့် လူထုကိုနောက် တစ်ကြိမ်ထပ်မေးပြန်၏။ 21သို့သော်လူထုက “သူ့ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ”ဟူ၍သာဆက်လက် ပြီး တောင်းဆိုနေကြလေသည်။ 22ထိုအခါ ပိလတ်ဘုရင်ခံ က “သူသည် မည်ကဲ့သို့သော ပြစ်မှုမျိုးကို ကျူးလွန်ခဲ့မိ လို့လဲ”ဟု တတိယအကြိမ်ထပ်မံမြေးမြန်းလေသည်။“သူ့မှာ သေဒဏ်ပေးလောက်သောအပြစ်ရှာ၍မရပါ။ ကျုပ်သူ့ကို ကြိမ်ဒဏ်ရိုက်ပြီးလွှတ်လိုက်မည်။”ဟုပြောလိုက်လေသည်။ 23လူထု ပရိသတ်တို့ကလည်း ကိုယ်တော်ယေရှုအား သေဒဏ်ပေးရန်အတွက်သာ ကျယ်လောင်စွာအော်ဟစ်နေ ကြလေသည်။ 24နောက်ဆုံး၌ ပိလတ်ဘုရင်ခံလည်းလက် လျော့လိုက်ရပြီး 25သူသည် ရာဇဝတ်သား ‘ဗာရဗ္ဗ’ကို လွှတ်ပေးလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် လူထု ပရိသတ်က ထိုသူအားလွှတ်စေလို၍ ဖြစ်သည်။ ပိလတ် ဘုရင်ခံသည် ကိုယ်တော်ယေရှုအား သေဒဏ်ပေးစေချင်သူ ခေါင်းဆောင်များတို့၏ သဘောဆန္ဒအတိုင်း ဆောင်ရွက် စေရန် လွှဲအပ်လိုက်လေသည်။ 26ကိုယ်တော်အားခေါ်ဆောင်သွားစဉ် ရဲမက်အချို့က ကုရေနေအရပ်မှ ရှိမုန်ဆိုသူအား လက်ဝါးကပ်တိုင်ကိုထမ်း ရန် အဓမ္မစေခိုင်းလေသည်။ သူသည် လယ်ထဲမှပြန်လာ ခြင်းဖြစ်သည်။ သို့သော် လက်ဝါးကပ်တိုင်ကိုထမ်းစေပြီး ကိုယ်တော့်နောက်မှ လိုက်စေသည်။ 27လူထုကလည်း နောက်မှ လိုက်လာလေသည်။ အမျိုးသမီးများသည် ကိုယ်တော့်အတွက်ငိုကြွေးကြသည်။ 28ကိုယ်တော်သည် အမျိုးသမီးများအား “ယေရုရှလင်သူတွေ၊ ကိုယ်တော် အတွက် မငိုပါနှင့်။ သင်တို့အတွက်နဲ့ သင်တို့ရဲ့ကလေးတွေ အတွက်သာငိုကြွေးကြပါ။ 29တစ်နေ့တစ်ချိန်တွင် “သား သမီးမရသောအမျိုးသမီးများအား အလွန်ပင်ကံကောင်းကြ သည်ဟု ပြောကြလတ္တံ့။ 30ထိုကာလတွင် လူတို့သည် သူတို့အပါ်သို့ တောင်များပြိုကြပါစေ၊ တောင်ကုန်းများ လည်း သူတို့ကိုဖုန်းကွယ်ပါစေ ဟုဆိုကြပါလိမ့်မည်။ 31သစ်ပင်တွေစိမ်းလန်းနေသော အချိန်မှာတောင် ဤကဲ့ သို့ဖြစ်နေလျှင် သစ်ပင်များ ခြောက်သွေ့နေသောအချိန် တွင် မည်ကဲ့သို့ဖြစ်လာမည်ဆိုသည်ကို တွေးကြည့်ကြပါ။” ဟုမိန့်တော်မူလိုက်လေသည်။ 32အခြားရာဇဝတ်သားနှစ်ယောက်ကို ကိုယ်တော်နှင့်အတူသေဒဏ်ပေးရန် ခေါ်လာခဲ့ လေသည်။ 33ဦးခေါင်းခွံအမည်ရှိ တောင်ကုန်းပေါ်သို့ ရောက်လျှင် ကိုယ်တော့်အား ကားစင်ပေါ်သို့တင်ကာ သံရိုက်လိုက်ကြသည်။ ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ တွင် ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကားစင်တင်၍ သံရိုက်လိုက်ကြသည်။ 34“အဖဘုရား ဤလူများ အား ခွင့်လွှတ်ပေးတော်မူပါ။ သူတို့သည် သူတို့ကိုယ်သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကို မသိကြပါဘူး” ဟု ကိုယ်တော်ဆုတောင်းလိုက်သည်။ 35အစောင့်ရဲမက်များသည် ကိုယ်တော်၏ ဝတ်ရုံတော်အား အလောင်းအစားလုပ်၍ ခွဲဝေယူကြ၏။ ခေါင်းဆောင်များက “ဤသူသည် တစ်ပါး သူများအား ကယ်တင်ခဲ့ပြီး သူသည် ဘုရားရှင်ရွေးချယ် တော်မူသော ‘မေရှိယ’ဖြစ်လျှင်သူ့ကိုယ်သူကယ်တင်ပါလိမ့် မည်။”ဟုပြောကြလေသည်။ 36ရဲမက်များက ကိုယ်တော့် အားလှောင်ပြောင်ကြပြီး ဝိုင်ကိုယူလာကြသည်။ 37“သင်ဟာ ယုဒလူမျိုးတို့၏ဘုရင်မှန်လျှင် ကိုယ့်ကိုယ်ကို ကယ်တင်ပါ”ဟု ပြောကြသည်။ 38‘ယုဒဘုရင်’ဟု ကမ္ဗည်းရေးထိုးထားသော ဆိုင်းဘုတ်အား ကိုယ်တော်၏ ခေါင်းပေါ်တွင် ချိတ်ထားလေသည်။ 39အနားက ရာဇဝတ်သားတစ်ယောက်က “သင်ဟာ ‘မေရှိယ’ဆိုလျှင် ကိုယ့်ကိုကိုယ်ကယ်လိုက်စမ်းပါ။ကျုပ်ကိုလည်းကယ်ပါ”ဟု ကဲ့ရဲ့ပြီး ပြောလေသည်။ 40နောက်ရာဇဝတ်သားတစ် ယောက်က ထိုသူအား“သင်သည် ဤသူ့လိုပင် ပြစ်ဒဏ် စီရင်ခံရသူဖြစ်ပါလျှက် ဘုရားရှင်ကို မကြောက်၍လား” ဟု မေးလိုက်လေသည်။ 41“ကျုပ်တို့မှာ အပြစ်လုပ်မိ၍ အပြစ်ဒဏ်ခံရခြင်းသည် ထိုက်တန်၏။သို့သော်ဤအရှင်မှာ မည်သည့်အပြစ်မှ ကျူးလွန်ခဲ့ခြင်းမရှိခဲ့ပါ” ဟု ထိုရာဇဝတ် သားအားပြောလိုက်လေသည်။ 42ထို့နောက်သူကဆက်၍ “သင်ဘုန်းတန်ခိုးတော်နှင့် အုပ်စိုးသောအခါ ကျွန်ုပ်ကို သတိရပါ”ဟု လျှောက်တင်လေသည်။ 43ထိုအခါ ကိုယ် တော်ယေရှုက “ယနေ့ပင်လျှင် ငါနှင့်အတူ ‘ပရဒိသု’ ဘုံသို့ သင်ရောက်ရှိလိမ့်မည်”ဟု ကတိပေးတော်မူလေသည်။ 44နေမွန်းတည့်ချိန် ဝန်းကျင်မှစ၍ ညနေစောင်းသည့် အထိ မိုးကောင်းကင်တစ်ခုလုံး မဲမှောင်နေသည်။ 45နေ မင်းကြီး၏နေရောင်ခြည်သည်ဖြာမထွက်ဘဲဖြစ်နေသည်။ ဗိမာန်တော်တွင်ရှိသော ကန့်လန့်ကာကြီးသည် နှစ်ခြမ်း ကွဲသွားတော့သည်။ 46“အဖဘုရားလက်ထဲသို့ သားတော် အားအပ်နှံပါ၏”ဟူသော ကိုယ်တော်၏အသံသည် ကျယ် လောင်စွာထွက်လာလေသည်။ 47ဤအသံရပ်သွားသည် နှင့်ချက်ချင်း ကိုယ်တော်သည် အသက်ကိုစွန့်တော်မူလေ သည်။ ဤအဖြစ်ကိုမြင်ရသော ရောမအရာရှိက ဘုရား ဂုဏ်တော်အပေါင်းကိုချီးမွမ်းလေသည်။ ကိုယ်တော်ယေရှု သည် သူတော်ကောင်းအမှန်ပင်ဖြစ်သည်ဟုဆိုလေသည်။ 48လူထုပရိသတ်ကြီးသည် ထိုဒုက္ခဝေဒနာခံစားရသော အနိဌာရုံမြင်ကွင်းကြီးကို ကြည့်ရှုရန်စုဝေးရောက်ရှိနေကြ ၏။ ထို့နောက်သူတို့သည် ကိုယ်တော်၏အဖြစ်ကိုမြင်ရပြီး ရင်ကွဲလုမတတ်ဝမ်းနည်းပူဆွေးစွာဖြင့် မိမိတို့၏အိမ်သို့ ပြန်ကြလေ၏။ 49အားလုံးသော ကိုယ်တော်ယေရှု၏ မိတ်ဆွေအပေါင်းနှင့် ဆွေမျိုးသားချင်းများ၊ ဂါလိလဲမှ လိုက်ပါလာကြသောအမျိုးသမီးများသည် အဝေးတစ်နေရာ မှ ရပ်၍ကြည့်ရှုနေကြလေသည်။ 50ယုဒပြည်အရိမဿဲအရပ်မှ ယောသပ်ဆိုသူသည် လူရိုးလူကောင်းတစ်ဦးဖြစ်ပြီး ယုဒဘာသာရေး အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်လေသည်။ 51ထို့ပြင် ဤကမ္ဘာသို့ ဘုရားသာသနာရောက်လာရန် အထူးလိုလားနေသူလည်း ဖြစ်သည်။ ကိုယ်တော့်အား သေဒဏ်ချမှတ်စဉ်ကသူသည် သဘောမတူခဲ့ပါ။ 52၎င်းသည် ကိုယ်တော်၏အလောင်း ကို သင်္ဂြိုလ်ရန် ပိလတ်ဘုရင်ခံထံမှတောင်းခံလေသည်။ 53ကိုယ်တော်အား လက်ဝါးကပ်တိုင်မှအောက်သို့ချပြီး ကောင်းမွန်သောပိတ်ဖြင့်ပတ်လေသည်။ ကျောက်တုံးကြီး တစ်တုံးကို ထွင်းထားသော သင်္ချိုင်းဂူအသစ်ထဲတွင် အလောင်းကို ကောင်းစွာသင်္ဂြိုလ်လေသည်။ 54ထိုနေ့ သည် သောကြာနေ့ဖြစ်ပြီး ဥပုသ်နေ့နှင့်နီးကပ်သော အချိန်ဖြစ်သည်။ 55ဂါလိလဲမှကိုယ်တော်နှင့်အတူ လိုက် လာခဲ့သော အမျိုးသမီးများသည် လိုက်ပါစောင့်ကြည့်သော ကြောင့် ကိုယ်တော်ကို သင်္ဂြိုလ်သော သင်္ချိုင်းဂူကိုလည်း ကောင်း၊ အလောင်းတော်ကို မည်သို့ထားသည်ကိုလည်း ကောင်း တွေ့မြင်ကြရသည်။ 56ထို့နောက်သူတို့သည် အိမ်သို့ ပြန်ပြီး ကိုယ်တော်အားပူဇော်ရန် ဆီမွှေးနှင့်နံ့သာကို အသင့်ပြင်ဆင်ကြသည်။ သို့ရာတွင်သူတို့သည် မောရှေ ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ဥပုသ်နေ့၌ အနားယူလိုက်ကြသည်။
ప్రస్తుతం ఎంపిక చేయబడింది:
Luke 23: TPV-RV
హైలైట్
షేర్ చేయి
కాపీ

మీ పరికరాలన్నింటి వ్యాప్తంగా మీ హైలైట్స్ సేవ్ చేయబడాలనుకుంటున్నారా? సైన్ అప్ చేయండి లేదా సైన్ ఇన్ చేయండి
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.