Luke 21
21
1ဘုရားကျောင်းရှိ အလှူခံသေတ္တာထဲသို့ လူအများအလှူ ထည့်ဝင်နေသည်ကို ကိုယ်တော်ယေရှု မြင်တော်မူလေ၏။ ချမ်းသာသူများသည်လည်းစွန့်ကြဲလှူဒါန်းနေကြလေသည်။ 2မုဆိုးမတစ်ယောက်ကမူ ဒင်္ဂါးနှစ်ပြားအလှူထည့်နေ သည်ကို တွေ့လိုက်ရသည်။ 3ထိုအခါ ကိုယ်တော်က “ဤဆင်းရဲသောမုဆိုးမသည် လူအပေါင်းတို့ထက် ပို၍ သာလွန်၏။ 4လူတို့သည်သူတို့အသုံးမလို၍ ပိုလျှံနေ သောအရာများကိုသာ လှူဒါန်းကြသည်။ ဤမုဆိုးမသည် ဆင်းရဲသော်လည်း သူ့၌ ရှိတာတွေအားလုံးအား လှူဒါန်း လိုက်ခြင်းပင်ဖြစ်သည်။”ဟု ကိုယ်တော်က မိန့်တော်မူလေ သည်။ 5ဗိမာန်တော်ကြီး၏ကျောက်သား၊ အရောင်အသွေးများ သည် ထူးခြားစွာခန့်ညားနေသည်။ လှူထားသောပစ္စည်း များလည်း အလွန်တင့်တယ်လှသည်ဟု လူအချို့က ချီးမွမ်း ပြောဆိုနေကြသည်။ 6ထိုအခါကိုယ်တော်က “သင်တို့မြင် နေရသောအရာအားလုံးတို့သည် ပျက်စီးသွားကြလိမ့်မည်။ ကျောက်တုံးတစ်တုံးမှ မူလနေရာတွင် ရှိတော့မည်မဟုတ်။ အားလုံး ဖြိုဖျက်ခံရမယ့်အချိန် ရောက်လာလိမ့်မည်”ဟု ကြို၍မိန့်တော်မူသည်။ 7လူအချို့က ကိုယ်တော်အား “အရှင် ထိုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်လာမည်နည်း၊ ဤအရာများဖြစ် ပေါ်လာမည်ကို မည်ကဲ့သို့သော နိမိတ်လက္ခဏာများကို ကြည့်၍သိနိုင်ပါမည်နည်း။” ဟုမေးမြန်းလျှောက်ထားကြ လေ၏။ 8ကိုယ်တော်က “သင်တို့လှည့်စားခြင်းမခံရပါစေ နဲ့၊ လူများသည် ငါ့အယောင်ဆောင်လျက် ငါဟာမေရှိယ ဖြစ်သည်ဟု လည်းကောင်း၊ ချိန်းဆိုထားတဲ့အချိန်ရောက်ပြီ ဟု လည်းကောင်းပြောလာကြလိမ့်မည်၊ 9သင်တို့သည် စစ်မက်ဖြစ်ပွားသည့်သတင်းများ၊ တော်လှန်ပုန်ကန်သည့် သတင်းများ ကြားလာကြလျှင် မကြောက်ကြပါနှင့် ဤ အဖြစ်အပျက်များသည် ဦးစွာဖြစ်ပျက်လိမ့်မည်။သို့သော် ကပ်ကမ္ဘာကုန်ဆုံးချိန် မဟုတ်သေးပါ။ 10ထို့နောက် လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ 11နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။နေရာအနှံအပြားတွင် မြေငလျှင်များ ကြီးမားစွာလှုပ်ခြင်း အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း အနာရေဂါများ ဖြစ်ပွါးခြင်းများ ကြုံကြရမည်။ မိုးကောင်း ကင်တွင် ကြောက်မက်ဖွယ်ရာ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မယ်၊ 12ဤအဖြစ်အပျက်များ မဖြစ်မီတွင် လူတို့သည် သင်တို့ကို ဖမ်းဆီးညှင်းဆဲကြဦးမည်။ သင်တို့ ဓမ္မာရုံတွေမှာ အဖမ်းခံရမည်၊ ထောင်သွင်း အကျဉ်းချခံ ရမည်၊ အပြစ်ပေးခံရမည်၊ သင်တို့ဟာငါ့ကြောင့် ရှင်ဘုရင်နဲ့ အာဏာပိုင်များ၏ ရှေ့မှောက်ကို ရောက်ကြရလိမ့်မည်၊ 13ဤနည်းဖြင့် သင်တို့သည် မင်္ဂလာတရားသတင်း ကောင်းကို ကြေညာရန် အခွင့်ထူးဖြစ်လာပါလိမ့်မည်။ 14ထို့ကြောင့်မည်သို့ချေပခုခံရမည်ကို မစိုးရိမ်ကြပါနှင့်၊ 15အဘယ့်ကြောင့်ဆိုသော် ရန်သူများမငြင်းနိုင်အောင်၊ သင်၏အမှားကို ထောက်ပြ၍မရအောင် သင်တို့အား ပညာဉာဏ် ခွန်အားများကို ငါပေးသနားတော်မူမည်။ 16သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေများက သင်တို့အား သစ္စာဖောက်ကြလိမ့်မယ်။ သင်တို့ထဲမှအချို့ 17ငါ့ကြောင့်အသတ်ခံရလိမ့်မည်၊ လူတိုင်းကသင်တို့ကို မုန်းကြလိမ့်မည်၊ 18သို့သော် မစိုးရိမ်ပါနှင့်၊ 19ငါ့အပေါ် ထားသော ယုံကြည်ခြင်းတရားကိုသာ မြဲမြံအောင် လက်ကိုင်ထားပါက ကယ်တင်ခြင်းခံရပါလိမ့်မယ်။ 20ယေရုရှလင်မြို့တွင်စစ်သားများဝန်းရံလျက်တွေ့ရလျှင် ထိုမြို့ ချေမှုန်းခံရတော့မည်ဆိုသည်ကို သင်တို့သိကြလိမ့် မည်။ 21ထိုအချိန်ရောက်လျှင် ယုဒဒေသ မှာရှိသော လူများ တောင်ပေါ်ကိုတက်ပြေးကြပါ။ မြို့ထဲမှာရှိသော လူများ မြို့ပြင်ကိုထွက်ခွါသွားပါ။ အကယ်၍မြို့ပြင်မှာရှိ နေခဲ့လျှင် မြို့ထဲကိုမသွားပါနဲ့တော့ 22၎င်းအချိန်သည် ကျမ်းစာတော်လာအရ အပြစ်ပေးခံရမည့်အချိန်ဖြစ်သည်။ 23ထိုအချိန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးငယ်မိခင်များအတွက် အထူးဒုက္ခများနှင့်ကြုံတွေ့ ကြရမည်။ နိုင်ငံနဲ့အဝှမ်းမှ လူများ ဘေးဒုက္ခအခက်အခဲများ နှင့်ကြုံတွေ့ရပြီး အပြစ်ပေးခံကြရမယ်။ 24ထိုသူများ ထဲကအချို့ ဓါးဖြင့်ခုတ်သတ်ခံရမယ်။ အခြားသောသူတို့ ကိုလည်း သုံ့ပန်းအဖြစ် တိုင်းတပါးသို့ဖမ်းခေါ်သွားလိမ့်မည် လူမျိုးခြားတိုင်းတစ်ပါးသားများ ယေရုရှလင်ကိုသိမ်းပိုက် ပြီး သူတို့ခေတ်မကုန်မခြင်း ယေရုရှလင်မြို့သည် အဖိနှိပ့်ခံ ဘဝ ရောက်ရလိမ့်မည်။ 25ထိုနေ့တွင်နေ၊လနှင့် ဂြိုလ်နက္ခတ်တာရာ တို့သည် နိမိတ်လက္ခဏာတို့ ပေါ်ထွန်းနေကြမည်။ ကမ္ဘာကြီးတစ်ခု လုံးတွင် ပင်လယ်၊သမုဒ္ဒရာများ၏ လှိုင်းတံပိုးသံများ ကြောင့် လူတို့သည် မည်ကဲ့သို့လုပ်ဆောင်ရမှန်း မသိ အောင် ကြောက်ရွံ့တုန်လှုပ်နေကြလိမ့်မည်။ 26ဤကဲ့သို့ အဖြစ်အပျက်များကြောင့် လူအပေါင်းတို့ အထူးကြောက် ရွံ့ပြီး အားငယ်နေကြလိမ့်မည်။မိုးကောင်းကင်တွင်လည်း တန်ခိုးတော်များသက်ရောက်၍ လှုပ်ခါနေလိမ့်မည်။ 27ထိုစဉ်တွင် လူ့သားတော်သည် မိုးတိမ်တိုက်ကြီးထဲမှ တန်ခိုးတော်အနန္တ၊ ဂုဏ်တော်အနန္တဖြင့် ကြွလှမ်းလာနေ သည်ကို ဖူးမြင်ကြရလိမ့်မည်။ 28ဤအရာအားလုံးကို မြင်ကြရလျှင် သင်တို့အား ကယ်တင်တော်မူမည့်အချိန် ရောက်လာပြီဖြစ်၍ ရဲရင့်စွာ မတ်တတ်ရပ်လိုက်ကြပါ။ သင်တို့သည် အလျှင်အမြန် လွှတ်မြောက်ကြပါတော့မည်။” ဟုမိန့်တော်မူလေသည်။ 29ထို့နောက် ပုံပြင်တစ်ပုဒ်ကို ကိုယ်တော်က ပြောပြလေ သည်။ 30“သဖန်းပင်သို့မဟုတ် အခြားသောအပင်များ တွင် သစ်ရွက်များ အားလုံးကြွေကျသွားလျှင် နွေဦး ပေါက်ပြီ ဆိုသည်ကိုသိကြသည်။” 31အထက်ကဖေါ်ပြ ခဲ့သောအရာများကို မြင်တွေ့ကြရလျှင် ဤကမ္ဘာမှာ ဘုရား သာသနာတော်ရောက်လာလိမ့်မည်။ 32ငါအမှန်ဆိုရလျှင် ထိုသို့သောအခါကာလမဖြစ်မှီ ယခု အသက်ရှင်နေသူတို့ သည် သေလွန်ကြရလိမ့်မည်။ 33ကောင်းကင်နှင့်မြေကြီး သည် ထာဝရတည်တံ့နေမည် မဟုတ်သော်လည်း ကိုယ် တော်ယေရှု၏ ဩဝါဒများသည် အစဉ်ထာဝရတည်ရှိ နေမည်။ 34“စားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပင်လိုက်နှင့် သင့်၏အချိန်များမကုန်ဆုံးပါစေနှင့်။ 35ဤသို့ဖြင့်သာ အချိန်ကုန်နေပါက သင်တို့အတွက် ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မည်။ထိုနေ့သည် လူတိုင်းကိုအံ့ဩသွားစေမည်။ 36အထူးသတိပြုပြီး ဆုတောင်းနေကြပါ။ ထိုနေ့တွင် ဖြစ်ပေါ်လာသောအရာများထဲမှ လွတ်မြောက်ရန်အတွက် ထက် သင့်အား ‘လူ့သားတော်’အလိုကျစေရန်သာ လိုအပ် ပါသည်။” ဟု ကိုယ်တော်ကသတိပေးလေသည်။ 37ကိုယ်တော်သည် ဗိမာန်တော်တွင် နေ့စဉ်နေ့တိုင်း တရားတော်များဖြန့်ဝေနေပါသည်။ သံလွင်တောင်ထိပ်တွင် လည်း ညတိုင်းရှိနေပါသည်။ 38လူတိုင်းသည်လည်း စောစောထ၍ ဘုရားကျောင်းတွင် ကိုယ်တော်ထံမှ တရားတော်များကို နာယူကြလေသည်။
ప్రస్తుతం ఎంపిక చేయబడింది:
Luke 21: TPV-RV
హైలైట్
షేర్ చేయి
కాపీ

మీ పరికరాలన్నింటి వ్యాప్తంగా మీ హైలైట్స్ సేవ్ చేయబడాలనుకుంటున్నారా? సైన్ అప్ చేయండి లేదా సైన్ ఇన్ చేయండి
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.