Luke 18

18
1ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်တို့အား မည်သည့်အခါမှ စိတ်အားမလျှော့ဘဲ အမြဲတမ်းဆုတောင်း နေသင့်ကြောင်းကို ပုံဉပမာများဖြင့် ဆုံးမသွန်သင်တော် မူ၏။ 2ကိုယ်တော်က “မြို့တစ်မြို့မှာ တရားသူကြီး တစ်ဦးရှိ၏။ သူသည် ဘုရားကိုလဲမကြောက်၊ ပြည်သူ လူထုကိုလည်းအရေးမထားသောသူဖြစ်သည်။ 3ထိုမြို့ တွင်ပင် မုဆိုးမတစ်ဦးရှိရာ သူသည်တရားသူကြီးထံသို့ အကြိမ်ကြိမ်သွားရောက်၍“ရုံးတော်မှ ဒီအမှုကို တရားမျှတ အောင်စီရင်ပေးပါ” ဟု သွားရောက် တောင်းပန်လေသည်။ 4ထိုအခါတရားသူကြီးသည် အချိန်အတော် ကြာသည် အထိ ထိုအမျိုးသမီးတောင်းဆိုချက်ကို ငြင်းပယ်နေလေ သည်။ နောက်ဆုံးတွင် တရားသူကြီးသည် “ကျွန်ုပ် က ဘုရားလဲမကြောက်၊ ပြည်သူလူထုကို အရေးမထားသော် လည်း 5ဒီအမျိုးသမီးကိုကူညီမှဖြစ်တော့မယ်၊ ဘာကြောင့် လဲဆိုတော့ သူဟာ ငါ့ကိုတစ်ချိန်လုံး နှောင့်ယှက်နေတယ်။ တကယ့်လို့ ငါမကူညီပေးရင် ငါ့အားပင်ပန်းစေလိမ့်မည်” ဟူ၍ပြောလေ၏။ 6ထို့နောက် အရှင်က “ဤမသမာသော တရားသူကြီးပင် ထိုသို့ပြုလျှင် 7ဘုရားရှင်ရွေးကောက် တော်မူသော တပည့်တော်များက နေ့ညမပြတ် ဆုတောင်း ကြလျှင် ဘုရားရှင်သည်စောင့်မကြည့်ရှုခြင်း မပြုဘဲတပည့် တော်များနှင့် မသက်ဆိုင်သလိုနေတော်မူလိမ့်မည် မဟုတ်။ 8သေချာသည်မှာ ဘုရားရှင်သည် ထိုသူတို့အား လျှင်မြန် စွာကယ်မပေးတော် မူပါလိမ့်မည်။ သို့သော်“လူ့သားတော်” ကြွလာသောအချိန်၌ ဤကမ္ဘာမြေပေါ်တွင် ယုံကြည်သက် ဝင်သူ တစ်စုံတစ်ယောက်ကိုပင် ရှာ၍တွေ့နိုင်လိမ့်မည် မဟုတ်” ဟု မိန့်တော်မူလေသည်။ 9အခြားပုဂ္ဂိုလ်များထက် မိမိတို့ကမြင့်မြတ်သည်ဟု လည်းကောင်း၊သူတစ်ပါးတို့အား အထင်သေးစရာအဖြစ် ထင်မြင်ယူဆတတ်သော သူတို့ကို ကိုယ်တော်က ဤသို့ ဆုံးမစကား ပြောဆိုလိုက်လေသည်။ 10လူနှစ်ယောက် သည် ဆုတောင်းရန်အတွက် ဗိမာန်တော်သို့သွားလေသည်။ တစ်ဦးကဖာရိရှဲ ဖြစ်ပြီး ကျန်တစ်ဦးမှာမူ အခွန်ကောက်ဖြစ် သည် 11ဖာရိရှဲသည် မတ်တပ်ရပ်၍ “ဘုရားရှင် တပည့် တော်သည် ဘောဘမကြီးပါ။ အခြားသူ ကဲ့သို့ သူတစ်ပါး အိမ်ယာကိုလည်း ကျူးလွန်ခြင်းမရှိပါ။ ဟိုနေရာတွင်ရပ်နေ သောအခွန်ကောက်သူ ကဲ့သို့လည်း အပြစ်များ ကျူးလွန် ခြင်းမရှိသဖြင့် အမှန်ပင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ 12တစ်ပတ်တွင်နှစ်ရက် အစာရှောင်၍ဉပုသ်စောင့်နေ ပါသည်။ တပည့်တော်လုပ်အားခ၏ ဆယ်ဖို့တစ်ဖို့ကိုလည်း ဘုရားရှင်အားလှူဒါန်းပါသည်” ဟူ၍ ကိုယ့်ကိုယ်ကိုဖော် ကျူးလေသည်။ 13အခွန်ကောက်ဝန်ထမ်းကမူ ခပ်လှမ်း လှမ်းအကွာမှ ရပ်နေပြီး ကောင်းကင်ကိုပင် မော့မကြည့် ရဲဘဲ ဖြစ်နေသည်။ သူသည် လွန်စွာနောင်တရနေပြီး ရင်ကို ထုကာ “အရှင်ဘုရား တပည့်တော်ကို ငဲ့ညှာတော်မူပါ။ တပည့်တော်ဟာ အကုသိုလ်ဒုစရိုက်သမားပါ။” ဟု တောင်း ပန်လေသည်။ 14ထို့နောက် ကိုယ်တော်ယေရှုက “ထို လူနှစ်ယောက်အိမ်သို့ပြန်ရောက်သောအခါ ဘုရားရှင်ရဲ့ ကျေနပ်နှစ်သက်မှုကိုရရှိသူကတော့ ဖာရိရှဲမဟုတ်ဘဲ အခွန် ကောက်သူသာဖြစ်၏။ မိမိကိုယ်ကို အထင်ကြီးသူတွေသည် နှိမ်ချခြင်းခံရတတ်ပြီး မိမိကိုယ်ကို နှိမ့်ချသူသည် ချီး မြှောက်ခြင်းခံရလိမ့်မည်” ဟု ဆုံးမ လမ်းညွှန်လိုက်လေ သည်။ 15အချို့သောလူတို့သည် သူတို့၏ကလေးများကို ကိုယ် တော်ထံသို့ ကောင်းချီးရစေရန် ခေါ်ဆောင်လာကြသည် သို့သော် တပည့်တော်တို့နှင့် တွေ့သောအခါ ကိုယ်တော် ယေရှုအား မနှောက်ယှက်ရန် ထိုသူတို့ကို တားမြစ်လေ သည်။ 16ထို့ကြောင့် ကလေးငယ်တို့ကို သူ၏အနီးသို့ ခေါ်လိုက်ပြီး “ကလေးတွေကိုလာခွင့်ပေးလိုက်ပါ သူတို့ကို မတားပါနှင့် 17ဒီကလေးတွေလို ဖြူစင်တဲ့သူတွေဟာ ဘုရားရှင်၏ သာသနာတော်နှင့်သက်ဆိုင်တယ် ဒီကလေး တွေလိုမဖြူစင်ရင် ဘုရာရှင်ရဲ့သာသနာတွင်းကို ဘယ် တော့မှ ဝင်ခွင့်မရ။”ဟု မိန့်တော်မူလေသည်။ 18ဩဇာအာဏာကြီးမားသောသူတစ်ဦးက ကိုယ်တော် အား “ကောင်းမြတ်တော်မူသောအရှင်၊ ‘နိစ္စထာဝရအသက်’ ကိုရရန် မည်သည့်အရာများကို လုပ်ဆောင်ရပါမည်နည်း” ဟု မေးလျှောက်လေ၏။ 19ထိုအခါကိုယ်တော်က“ငါ့အား အဘယ်ကြောင့် ကောင်းမြတ်တော်မူသည်ဟု ပြောပါသလဲ၊ ဘုရားရှင် တစ်ပါးတည်းသာ ကောင်းမြတ်တော်မူပါ၏။ 20ပညတ်တော် တရားများဖြစ်သည့် သူ့အိမ်ယာကို မပြစ်မှားနှင့်၊ လူ့အသက်ကိုမသတ်နှင့်၊ သူများဉစ္စာကို မခိုးနှင့်၊ သူတစ်ပါးအား မလိမ်ညာနှင့်၊ မိဘကိုရိုသေပါ။ ဆိုသော ပညတ်တော်တွေကို သင်သိမှာပါ” ဟု မိန့်တော် မူလိုက်ရာ 21ထိုသူဌေးက ကိုယ်တော်အား “ဤအမိန့် တော်အားလုံးကို ငယ်စဉ်ကတည်းက လိုက်နာခဲ့ပါ၏” ဟု လျှောက်တင်လေ၏။ 22ထိုစကားကို ကိုယ်တော်ကြား သောအခါ ကိုယ်တော်က “ဤသို့ဆိုလျှင် သင်တစ်ခုသာ လုပ်စရာကျန်ပါတော့သည်၊ သင်ပိုင်ဆိုင်သမျှတို့ကို သွား ရောင်းလိုက်ပါ၊ပြီးလျှင် ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲ ပါ။ သို့မှသာ သင်သည်နိဗ္ဗာန်ရွှေမြို့တော်တွင် ချမ်းသာ ကြွယ်ဝမူကိုရလိမ့်မည်။ ဒါတွေလုပ်ဆောင်ပြီးလျှင် ငါ့၏ တပည့်တော်အဖြစ်လိုက်ခဲ့ပါ” ဟု မိန့်တော်မူလိုက်၏။ 23ထို စကားကိုကြားရသောအခါ ထိုသူသည် ချမ်းသာသမျှကို မစွန့်လွှတ်နိုင်၍ ဝမ်းနည်းသွားလေ၏။ 24ထိုလူမည်မျှ ဝမ်းနည်းသွားသည်ကို ကိုယ်တော်မြင်တွေ့ရသောအခါ “ချမ်းသာ သောသူများအတွက် ဘုရားသာသနာတော်ထဲသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှ၏။ 25အပ်နဖားပေါက်သို့ ကုလားအုတ်ကြီးတစ်ကောင် လျှိုဝင်၍ လွယ်ကောင်းလွယ် လိမ့်မည်။ ဘုရားရှင်၏သာသနာတော်သို့ ချမ်းသာ ကြွယ်ဝ သူတစ်ဦးဝင်ရောက်ရန်မှာ အလွန်ခက်ခဲသည်” ဟုမိန့်တော် မူလိုက်လေသည်။ 26ပရိသတ်တို့ ထိုစကားကို ကြားရ လျှင် “ဤသို့ဆိုလျှင် မည်သို့သောသူက ကယ်တင်ခြင်းခံရ ပါမည်နည်း” ဟုမေးလျှောက်ကြလေ၏။ 27ကိုယ်တော်က “လူတို့မတတ်နိုင်သောအရာအား ဘုရားရှင်က မည်သည့် အရာမဆို တတ်နိုင်ပါသည်” ဟု မိန့်တော်မူလိုက်လေ သည်။ 28ပေတရုက “အရှင်၊ ကျွန်ုပ်တို့သည် မိမိတို့၏ အိုးအိမ်ကိုစွန့်၍ အရှင့်နောက်သို့လိုက်ခဲ့ကြတာကို မှတ်မိ ပါသလား” ဟု လျှောက်တင်လေသည်။ 29ကိုယ်တော်က “သင်တို့သည် ဘုရားရှင်၏သာသနာတော်အတွက် မိမိတို့ ၏အိမ်၊ဇနီး၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး စသည် တို့ကို စွန့်လွှတ်သောသူသည် 30ဤဘဝ၌ပင် အဆပေါင်း များစွာ ခံစားရမည်သာမက အနာဂတ်ကမ္ဘာတွင်လည်း “နိစ္စထာဝရအသက်” ကိုရရှိကြမှာ အသေအချာပင်ဖြစ် သည်။” ဟု မိန့်ကြားလိုက်လေသည်။ 31ယေရုရှလင်သို့ သွားသောခရီးတွင် ကိုယ်တော်က တပည့်တော် တစ်ဆယ့်နှစ်ယောက်လုံးကို အနားသို့လာ စေ၍ “ယခု ကိုယ်တော်တို့ဟာယေရုရှလင်ကို သွားတဲ့လမ်း မှာဖြစ်နေတယ်။ ပရောဖက်တွေ“လူ့သားတော်”အကြောင်း ကို ရေးသားထားခဲ့သလို အရာရာတိုင်းဟာ ဒီအတိုင်း ဖြစ် လာမယ်။ 32သူ့ကို တိုင်းတပါးသားလက်ထဲသို့ အပ်ကြ လိမ့်မည်။ သူ့ကိုပျက်ရယ်ပြုကြမည်။ လှောင်ပြောင်ကြ မည်။ အကြမ်းဖက်ကြမည်။ မျက်နှာကိုတံတွေးဖြင့် ထွေး မည်။ 33သူ့ကိုရိုက်နှက်မည်။ သတ်ဖြတ်လိုက်ကြမည်။ ဒါပေမယ့်လည်း သုံးရက်မြောက် တဲ့နေ့မှာ သူအသက်ပြန် ရှင်မည်”ဟု မိန့်ဆိုလေသည်။ 34တပည့်‌တော်များသည် ကိုယ်တော်၏ စကားအဓိပ္ပါယ် များကို နားမလည်နိုင် ကြ ချေ။ ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ကွယ်ဝှက် ထားသောကြောင့် ကိုယ်တော်၏ ဆိုလိုရင်းကို နားမလည် နိုင်ကြချေ။ 35ကိုယ်တော်နှင့်တပည့်များ ယေရိခေါမြို့ အနီးသို့ချဉ်း ကပ်လာသည့် လမ်းခရီးတွင် မျက်မမြင် သူဖုန်းစားတစ်ဦး သည် လမ်းဘေးတွင်ထိုင်ကာ တောင်းရမ်းနေလေသည်။ 36သူသည် လူအုပ်လမ်းလျှောက်လာသည့် အသံကိုကြား ရသောအခါ စုံစမ်းမေးမြန်းလိုက်သည်။ 37ပရိတ်သတ် အချို့က နာဇရက်မြို့မှ ကိုယ်တော်ယေရှုကြွလာသည်ဟု ဖြေလိုက်သည်။ 38ထိုအခါသူသည် “ဒါဝိဒ်ရဲ့သားတော် ယေရှု ကျွန်တော့်ကိုသနားတော်မူပါ”ဟု အော်လိုက်သည်။ 39ကိုယ်တော်နှင့်အတူ သွားနေကြသော သူတို့က တိတ် ဆိတ်စွာနေရန် သတိပေးပြောကြသည်။ သို့သော်သူသည် “ဒါဝိဒ်ရဲ့သား ကိုယ်တော်ယေရှု ကျွန်တော့်ကိုသနားတော် မူပါ” ဟု ပိုမိုကျယ်လောင်စွာ အော်ဟစ်လေသည်။ 40ထို့ကြောင့်ကိုယ်တော်သည် ရပ်တန့်တော်မူလိုက်ပြီး ထို သူ့ကိုခေါ်လာရန် လူအချို့ကိုပြောလိုက်သည်။ မျက်မမြင် ရောက်လာသောအခါ 41ကိုယ်တော်က “ကိုယ်တော်သင့် အတွက် ဘာများလုပ်ပေးရမလဲ” ဟုမေးလိုက်သည်။ “သခင်ကျွန်တော်မျက်စိမြင်လိုပါတယ်”ဟု တောင်းပန်လေ သည်။ 42ကိုယ်တော်က “ကြည့်လိုက်ပါသင်မြင်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ သင့်ရဲ့ယုံကြည်ချက်က သင့်ကို ကုသပေးလိုက်တာပဲ”ဟု ပြောလိုက်သည်။ 43ချက်ချင်း ပင် မျက်စိမြင်သွားလေသည်။ သူသည် ကိုယ်တော်နှင့်အတူ လိုက်သွားပြီး ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းလေ သည်။ ထိုအဖြစ်အပျက်များကိုမြင်သောလူထုသည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေသည်။

ప్రస్తుతం ఎంపిక చేయబడింది:

Luke 18: TPV-RV

హైలైట్

షేర్ చేయి

కాపీ

None

మీ పరికరాలన్నింటి వ్యాప్తంగా మీ హైలైట్స్ సేవ్ చేయబడాలనుకుంటున్నారా? సైన్ అప్ చేయండి లేదా సైన్ ఇన్ చేయండి