Chapa ya Youversion
Ikoni ya Utafutaji

ရှင်~လု~ကာ 21

21
1ထို့ နောက် ကြွယ် ဝ သူ တို့ သည် အ လှူ တိုက် တွင် အ လှူ ငွေ ထည့် သွင်း ကြ သည် ကို မြော် ကြည့် ရာ၊ 2နွမ်း ပါး သူ မု ဆိုး မ တစ် ယောက် လည်း ကြေး ပြား ငယ် နှစ် ပြား ထည့် သွင်း သည် ကို မြင် သော်၊ 3ကိုယ် တော် က ဤ ဆင်း ရဲ သော မု ဆိုး မ သည် ထို သူ ရှိ သ မျှ ထက် ထည့် သွင်း လေ ပြီ ငါ အ မှန် ဆို ၏။ 4ထို သူ အ ပေါင်း တို့ သည် စည်း စိမ် ပို မို ရာ မှ အ လှူ ထည့် သွင်း ကြ၏။ ဤ မိန်း မ မူ ကား ဆင်း ရဲ ငတ် မွတ် ရာ မှ အ သက် မွေး ရန် ရှိ သ မျှ ကို ထည့် သွင်း ပြီ တ ကား ဟု မိန့် တော် မူ ၏။
5လှ ပ သော ကျောက် များ ကောင်း မှု များ နှင့် ချယ် လှယ် သော ဗိ မာန် တော့် အ ကြောင်း လူ အ ချို့ တို့ ပြော ဆို ကြ ရာ 6ကိုယ် တော် က သင် တို့ မြင် ရ သော ဤ အ ရာ များ ကို ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် မ နေ စေ ဘဲ ဖြို ချ ကြ မည့် နေ့ ရက် ကာ လ ရောက် တော့ မည် ဟု မိန့် တော် မူ သော်၊ 7ဆ ရာ၊ မည် သည့် အ ခါ တွင် ထို သို့ ဖြစ် ပါ မည် နည်း။ ဖြစ် အံ့ သော နိ မိတ် လ က္ခ ဏာ မှာ မည် သို့ ပါ နည်း ဟု မေး မြန်း ကြ ရာ၊ 8ကိုယ် တော် က ဖြား ယောင်း မ ခံ ရန် သ တိ မူ ကြ လော့။ များ စွာ သော သူ တို့ က ငါ ဖြစ် သည် ဟူ၍ လည်း ကောင်း၊ အ ချိန် စေ့ ပြီ ဟူ၍ လည်း ကောင်း ဆို လျက် ငါ့ နာ မ နှင့် ရောက် လာ ကြ လိမ့် မည်။ ထို သူ တို့ နောက် မ လိုက် မ သွား ကြ လင့်။ 9စစ် သ တင်း ရုန်း ရင်း ခတ် သ တင်း များ ကို ကြား ရ သော် မ ကြောက် မ လန့် ကြ နှင့်။ ထို သို့ ဦး စွာ ဖြစ် ပျက် ရ သော် လည်း အ ဆုံး သည် ချက် ခြင်း တိုင် မည် မ ဟုတ် ဟု မိန့် တော် မူ၏။
10ဆက် လက် မိန့် တော် မူ သည် မှာ လူ တစ် မျိုး နှင့် တစ် မျိုး တစ် နိုင် ငံ နှင့် တစ် နိုင် ငံ ရန် ဘက် ပြု သည့် ပြင် ကြီး စွာ သော င လျင် လှုပ် ခြင်း၊ 11ကပ် ရော ဂါ သင့် ရောက် ခြင်း၊ အ စာ ခေါင်း ပါး ခြင်း များ သည် အ ရပ် ရပ် ဖြစ် လျက် ကြောက် မက် ဖွယ် နိ မိတ် မ ဟာ လ က္ခ ဏာ များ လည်း ကောင်း ကင်၌ ထင် ရှား လိမ့် မည်။ 12ထို သို့ မ ဖြစ် မီ သင် တို့ သည် လက် ရ ဖမ်း ဆီး ခြင်း၊ ညှဉ်း ပန်း ခြင်း၊ ဓ မ္မာ ရုံ များ၊ ထောင် များ သို့ ပို့ အပ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ထံ ဆွဲ ငင် ခြင်း များ ကို ငါ့ နာ မ အ တွက် ကြောင့် ခံ ရ ကြ လ တ္တံ့။ 13ထို သို့ သော အား ဖြင့် သက် သေ ခံ ခွင့် ရ ကြ လိမ့် မည်။ 14-15သို့ ရာ တွင် သင် တို့ တ ရား ဘက် အ ပေါင်း တို့ မ ခု ခံ မ ငြင်း ဆို နိုင် အောင် နှုတ် သ တ္တိ ဉာဏ် သ တ္တိ ကို ငါ ပေး အံ့ သော ကြောင့် ထု ချေ ချက် ကို တင် ကူး၍ မ စဉ်း စား မည့် အ ကြောင်း စိတ် ပြ ဋ္ဌာန်း ကြ လော့။ 16သင် တို့ သည် မိ ဘ၊ ညီ အစ် ကို၊ အ မျိုး သား ချင်း၊ အ ဆွေ ခင် ပွန်း များ ဖြင့် ပို့ အပ် ခံ၍ အ ချို့ တို့ သေ ဒဏ် ခံ ရ ကြ လိမ့် မည်။ 17ငါ့ နာ မ အ တွက် ကြောင့် လူ ခပ် သိမ်း တို့ မုန်း ထား ကြ သော် လည်း၊ 18သင် တို့ ဦး ဆံ တစ် ပင် မျှ မ ကျွတ် ရ။ 19တည် ကြည် ကြ လျှင် အ သက် ချမ်း သာ ရ ကြ လိမ့် မည်။
20သို့ သော် လည်း ယေ ရု ရှ လင် မြို့ ပတ် လည် စစ် တပ် ဝိုင်း ဝန်း သည် ကို သင် တို့ မြင် သည့် ကာ လ ဆိတ် ညံ ရာ ရောက် ချိန် နီး ပြီ ဟု သိ မှတ် ကြ လော့။ 21-22ထို နေ့ ရက် ကာ လ သည် ကျမ်း ချက် ရှိ သ မျှ ပြည့် စုံ စေ ရန် ဆပ် ပေး တော် မူ ရာ ကာ လ ဖြစ် သော ကြောင့် ယု ဒ ပြည် တွင် နေ ထိုင် သူ တို့ သည် တောင် တန်း သို့ ပြေး လျက် မြို့ နေ သူ တို့ ထွက် ခြင်း၊ တော နေ သူ တို့ မ ဝင် ခြင်း ကို ပြု ကြ လေ စေ။ 23ထို နေ့ ရက် ကာ လ တွင် ကိုယ် ဝန် ဆောင် မိန်း မ နှင့် နို့ ငင် မိန်း မ တို့ အ ကျိုး နည်း လေ စွ။ ပြည် ပေါ် တွင် ကြီး စွာ သော ဒု က္ခ၊ လူ မျိုး တော် ပေါ် တွင် အ မျက် တော် ဒဏ် သင့် ရောက် သ ဖြင့်၊ 24ထို သူ တို့ သည် ဓား ဘေး ဖြင့် ကျ ဆုံး ခြင်း၊ လူ မျိုး ခြား တို့ ထံ သိမ်း သွား ခြင်း ခံ ရ သည့် အ လျောက် လူ မျိုး ခြား တို့ ခေတ် မ ကုန် မ ချင်း ယေ ရု ရှ လင် မြို့ ကို ကျော် နင်း ကြ လိမ့် မည်။ 25ထို ကာ လ နေ၊ လ၊ ကြယ်၊ န က္ခ များ တွင် နိ မိတ် လ က္ခ ဏာ များ ထင် ရှား ရာ မြေ ကြီး ပေါ် တွင် သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး ဟုန်း သံ ကြောင့် လူ အ မျိုး မျိုး တို့ ရှုပ် ထွေး နာ ကျင် လျက်၊ 26ဤ လော က တွင် နောင် အ ဖြစ် အ ပျက် ကို မြော် မြင် ကြောက် ရွံ၍ မူး မော် ကြ လ တ္တံ့။ ထို သို့ က မ္ဘာ့ တန် ဆာ များ တုန် လှုပ် သော အ ခါ၊ 27မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။ 28သင် တို့ မူ ကား ထို အ ဖြစ် အ ပျက် အ စ၌ ကိုယ့် ရွေး နုတ် ခြင်း ရောက် လု ပြီ ဖြစ် သော ကြောင့် ဦး ခေါင်း ကြွ၍ မြော် ကြည့် ကြ လော့ ဟု မိန့် တော် မူ ၏။
29ဥ ပ မာ ဆောင်၍ မိန့် တော် မူ ပြန် သည် မှာ သ ဖန်း ပင် မှ စ သော သစ် ပင် ရှိ သ မျှ ကို ထောက် ရှု ကြ လော့။ 30အ ရွက် ထွက် သည် ကို မြင် သည့် ကာ လ နွေ ရာ သီ နီး ကြောင်း ကိုယ် တိုင် သိ ကြ သည့် နည်း တူ ဆို ခဲ့ သော အ ချင်း အ ရာ များ ကို မြင် သော်၊ 31ဘု ရား သ ခင့် နိုင် ငံ တော် တည် လု ကြောင်း သိ မှတ် ကြ လော့။ 32ထို အ ချင်း အ ရာ အ လုံး စုံ မ ဖြစ် မီ ယ ခု လူ မျိုး မ ကွယ် မ လွန် ရ ငါ အ မှန် ဆို၏။ 33ကောင်း ကင် နှင့် မြေ ကြီး ပျောက် ပျက် ရ မည်။ ငါ့ ဟော ချက် မူ ကား ပျောက် ပျက် မည် မ ဟုတ်။
34-35သို့ ရာ တွင် မြေ တစ် ပြင် လုံး ရှိ သူ တို့ အ ပေါ် သို့ ရောက် အံ့ သော ထို နေ့ သည် သောက် ကြူး မူး ယစ် ခြင်း၊ ယ ခု ဘ ဝ သော က ရှိ ခြင်း များ ဖြင့် စိတ် နှ လုံး ထိုင်း မှိုင်း စဉ် ကျော့ ကွင်း သ ဖွယ် သင် တို့ အ ပေါ် သို့ ရုတ် တ ရက် မ ရောက် စေ ရန် သ တိ မူ ကြ လော့။ 36ဖြစ် ပျက် အံ့ သော ထို အ ချင်း အ ရာ အ လုံး စုံ မှ လွတ် မြောက်၍ လူ့ သား ရှေ့ ညီ လာ ခံ တွင် ရ နိုင် စေ ရန် အ ခါ ခပ် သိမ်း ပ ဌ နာ ပြု လျက် စောင့် နေ ကြ လော့ ဟု မိန့် တော် မူ ၏။
37ကိုယ် တော် သည် နေ့ စဉ် ဗိ မာန် တော် တွင် ဒေ သ နာ ပေး ပြီး လျှင် ညဉ့် အ ခါ ထွက် ကြွ၍ သံ လွင် ခေါ် တောင် ပေါ် တွင် တည်း နေ တော် မူ တတ်၏။ 38မြို့ သူ မြို့ သား အ ပေါင်း တို့ လည်း ကြား နာ ရန် ဗိ မာန် တော် ရှိ ကိုယ် တော့် ထံ နံ နက် စော စော ရောက် လာ တတ် ကြ ၏။

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia