Logotip YouVersion
Search Icon

ယောဟန် 10

10
သိုးထီးမားရဲ့ ပေါင်ဥပမာ
1ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်ပြောမယ်။ သိုးခြံထဲဟှို ခွဗော့‑က်ဟှနေ ဝမ်ဘဲန တခြားနည်းလမ်းန ကျော်ဝမ်ဟှူလူဟှာ ခိုးမ္လ ဖြစ်ဟှယ်။ 2ခွဗော့‑က်ဟှနေ ဝမ်ဟှူလူဟှာ သိုးထီးမားဖြစ်ဟှယ်။ 3သိုးထီးမားဟှို ခွဗော့‑က်စောန့်ဟှာ ခွဗော့‑က်ဖွမ့်ပေးဟှယ်။ သိုးလေဟှလည်း သူ့ရဲ့သံဟှို နားထောန်ဂေ့ဟှယ်။ သူဟှာ သူ့ရဲ့သိုးလေဟှို နာမယ်န ထုဆောန်တတ်ဟှယ်။ 4သူ့သိုးလေဟှို ထုဆောန်ဟှားခီမာ သိုးလေရှေ့ဟှနေ သွားဟှယ်။ သိုးလေဟှလည်း သူ့ရဲ့သံဟှို သိဟှူကြောန့် သူ့နော့‑က်လိုက်ဂေ့ဟှယ်။ 5သိုးလေဟှာ လူဇီးနော့‑က်လိုက်မယ့်စား အယ်လူရဲ့ သံဟှို သိဘဲဟှူကြောန့် အယ်လူနားဟှနေ ထွပ်ပ္လေးဂေ့လေ့မယ်” ဆိုဘီး မိန့်တော်မူဟှယ်။
6ယေရှုဟှ ဖာရိရှဲလေဟှို အယ်ပေါင်ဥပမာဟှို ပြောပြဘေမဲ့လည်း အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ယ်ဟှို နားလည်ဂေ့ဟှ။
ကောန်းမြတ်ဟှူ သိုးထီးမား ယေရှု
7အယ်ကြောန့် ယေရှုဟှ “နန်းနို့ဟှို ငါ မှန်တိုင်ပြောမယ်။ ငါဟှာ သိုးလေဝမ်ဟှူ ခွဗော့‑က်ဖြစ်ဟှယ်။ 8ငါ့ရှေ့ဟှ ရော့‑က်လာဟှူ လူလေ အားလောင်းဂူဟှာ ခိုးမ္လလေ ဖြစ်ဂေ့ဟှယ်။ အယ်ကြောန့် သိုးလေဟှာ သူးနို့ရဲ့ သံဟှို နားထောန်ဂေ့ဟှ။ 9ငါဟှာ ခွဗော့‑က်ဖြစ်ဟှယ်။ ငါ့အားဖြင့်ဝမ်ဟှူလူလေဟှာ ကယ်တန်ခံရလေ့မယ်။ သူးနို့ဟှာ ထွပ်ဝမ်ဘီး စားကျက်ဟှို တွိလေ့မယ်။ 10ခိုးဟှာ ခိုးဟှို့၊ သတ်ဟှို့၊ ဖျစ်ဆီးဟှို့လာဟှယ်။ ငါဟှာ နန်းနို့ဟှို သတ်ရရောင်မျှ မှုဟှ သတ်န ပ္လဲ့ဇောင်စေဟှို့တွပ် လာဟှယ်။”
11“ငါဟှာ ကောန်းဟှူ သိုးထီးမား ဖြစ်ဟှယ်။ ကောန်းဟှူ သိုးထီးမားဟှာ သိုးလေတွပ် သူ့သတ်ဟှို စွန့်တတ်ဟှယ်။ 12သိုးထီးမားလည်း မှုဘဲဟှူ၊ သိုးလေရဲ့ ဇရှင်လည်း မှုဘဲဟှူ လူငှားဟှာ ဝံပုလွေလာနေဇာဟှို ဗြင်ဟှူ ခီမာ သိုးလေဟှို ထားရစ်ဘီး ထွပ်ပ္လေးဟှားတတ်ဟှယ်။ အယ်ကြောန့် ဝံပုလွေဟှာ သိုးလေဟှို ကိုက်ဖမ်းဘီး ဖ္လဲဖ္လဲစင် ဖြစ်ဟှားစေဟှယ်။ 13လူငှားဟှာ လူငှားဘဲ့ဖြစ်ဟှူကြောန့် သိုးလေဟှို ဂရုစိုက်ဘဲန ထွပ်ပ္လေးဟှားလေဟှယ်။ 14#မ ၁၁.၂၇; လု ၁၀.၂၂ငါဟှာ ကောန်းမြတ်ဟှူ သိုးထီးမားဖြစ်ဟှယ်။ ဖဟှ ငါ့ဟှို သိတော်မူဘီး ငါဟှာလည်း ဖဟှို သိမျိုးဘဲ့ ငါ့သိုးလေဟှိုလည်း ငါသိဘီး ငါ့သိုးလေဟှလည်း ငါ့ဟှိုသိဟှယ်။ 15ငါဟှာ သိုးလေတွပ် ငါ့သတ်ဟှို စွန့်ဟှယ်။ 16အယ်သိုးခြံထဲဟှို ဝမ်ဘဲဟှူ တခြားသိုးလေဟှိုလည်း ငါပိုင်သေးဟှယ်။ အယ်သိုးလေဟှိုလည်း ငါခေါ်သွမ်းရအူးမယ်။ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့‑က်ဒဲ ဖြစ်လာလေ့မယ်။#၁၀.၁၆ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့‑က်ဒဲ ဖြစ်လာလေ့မယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ သူးနို့ဟှာ သိုးထီးမားတယော‑က်ဒဲ၊ သိုးစုတစုဒဲ ဖြစ်ဟှားလေ့မယ်၊ ဆိုဘီး ပါရှိဟှယ်။
17“ငါဟှာ သတ်ဟှို ပ္လန်ရရှိစေဟှို့ ငါ့သတ်ဟှို စွန့်ရှင်ဟှူကြောန့် ဖဟှ ငါ့ဟှို ရှစ်တော်မူဟှယ်။ 18ဖယ်လူလည်း ငါ့သတ်ဟှို ငါ့ထံဟှနေ နုယူဟှို့ ရဂေ့ဟှ။ ငါ့ရဲ့ ဆန္ဒတိုင်းဘဲ့ ငါ့သတ်ဟှို ငါစွန့်ဟှယ်။ ငါ့မာ ငါ့သတ်ဟှို စွန့်ဟှို့တွပ် ခွမ့်ရှိဘီး ငါ့သတ်ဟှို ပ္လန်ယူဟှို့တွပ်လည်း ခွမ့်ရှိဟှယ်။ အယ်စေခိုင်းချစ်ဟှို ငါဟှာ ငါ့ဖနားဟှ ရရှိဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
19အယ်စကားလေကြောန့် ယုဒလူလေထဲမာ ထပ်ဘီး စိဝန်းကွဲဟှားဟှယ်။ 20သူးနို့လေဟှ “သူ့မာ နတ်ဆိုးရှိဟှယ်! သူဟှာ ရူးဖြစ်ဟှယ်! ဖြားဖြစ်ကြောန့် နန်းနို့ဟှ သူ့စကားဟှို နားထောန်နေနူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
21အယ်ဘေမဲ့ တချို့ဟှ “နတ်ဆိုးရှိဟှူ လူဟှာ အယ်မျိုးပြောနိုင် မှုဟှ! နတ်ဆိုးဟှ မျစ်စိကန်းနေဟှူ လူလေဟှို ဖယ်မျိုးဗြင်အောန် လောက်ပေးနိုင်မယ်နူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
ယေရှုဟှို ငြင်းပယ်ဟှူကြောန်း
22ယေရုရှလင်ဗြို့မာ ဗိမာန်တော် ဆစ်ကပ် ပွဲတော် ကျင်းပနေဟှယ်။ အယ်ခီဟှ ဆောန်းကာလ ဖြစ်ဟှယ်။ 23ယေရှုဟှာ ဗိမာန်တော်ထဲဟှ ရှောလမုန်ရဲ့ မုခ်ဦးဆောန်ထဲမာ လမ်းရှော့‑က်နေဘီး၊ 24ယုဒလူလေဟှာ ကိုယ်တော်နားဟှို ဝိုင်းအောင်လာဘီးန “နန်ဟှာ ဖယ်ခီထိ နို့လေရဲ့ စိဟှို ဒွိဟဖြစ်စေဟှို့နူး။ နို့လေဟှို မှန်တိုင်း ရှင်းရှင်းလန်းလန်းဟှား ပြောပြပါ။ နန်ဟှာ မေရှိယဘဲ့လော” ဆိုဘီး မေးဂေ့ဟှယ်။
25ယေရှုဟှ “နန်းနို့ဟှို ငါပြောပြဟှားဘေမဲ့လည်း နန်းနို့ဟှာ ယောင်ကြည်ဂေ့ဟှ။ နို့ဖရဲ့ ခွမ့်န ငါလောက်ဟှူ မှုလေဟှာ ငါ့ကြောန်းဟှို သတ်သေခံနေဟှယ်။ 26အယ်ဘေမဲ့ နန်းနို့ယောင်ကြည်ဂေ့ဟှ။ နန်းနို့ဟှာ ငါ့သိုးလေမှုဘဲကြောန့် ဖြစ်ဟှယ်။ 27ငါ့သိုးလေဟှာ ငါ့သံဟှို နားထောန်ဂေ့ဟှယ်။ ငါဟှလည်း သူးနို့ဟှို သိဘီး သူးနို့ဟှာ ငါ့နော့‑က်လိုက်ဂေ့ဟှယ်။ 28ထာဝရသတ်ဟှိုလည်း ငါပေးဟှယ်။ အယ်သိုးလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုဟှ။ ဖယ်လူလည်း သူးနို့ဟှို ငါ့နားဟှနေ လုယူနိုင်ဂေ့ဟှ။ 29သူးနို့ဟှို ငါ့နားမာ အပ်ပေးဟှားဟှူ နို့ဖဟှာ ရာအားလောင်းထတ် ကီးမြတ်တော်မူဟှယ်။#၁၀.၂၉ သူးနို့ဟှို ငါ့နားမာ အပ်ပေးဟှားဟှူ နို့ဖဟှာ ရာအားလောင်းထတ် ကီးမြတ်တော်မူဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ငါ့ဟှို ပေးဟှားဟှူ သူးနို့လေရဲ့ ဖဟှာ ရာအားလောင်းထတ် ကီးဟှယ်၊ ဆိုဘီး ရှိဟှယ်။ ဖယ်လူလည်း သူးနို့ဟှို ဖလတ်ဟှနေ လုယူနိုင်ဂေ့ဟှ။ 30ငါ့ဖန ငါဟှာ တလောင်းတဝဒဲ ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
31ယုဒလူလေဟှာ ကိုယ်တော့်ဟှို ပစ်ဟှို့တွပ် က္လော့‑က်ခဲလေဟှို ပ္လန်ဘီး ကော့‑က်ယူဂေ့ဟှယ်။ 32ယေရှုဟှာ “ငါဟှာ ဖနားဟှ ကောန်းမြတ်ဇာလေ ဘောင်ဂီးဟှို နန်းနို့ရှေ့မာ လောက်ပြပီးဘီ။ အယ်မူလေထဲဟှ ဖြားမှုတွပ်ကြောန့် ငါ့ဟှို က္လော့‑က်ခဲန ပစ်ရှင်ဂေ့နူး” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
33ယုဒလူလေဟှ “ကောန်းဟှူ ကျင့်တခုခုကြောန့် နို့လေဟှာ နန့်ဟှို က္လော့‑က်ခဲန ပစ်ရှင်ဇာ မှုဟှ။ နန်ဟှာ လူဖြစ်ဘေမဲ့လည်း နန့်ကောန်နန် ဘုရားဖြစ်ဟှယ် ဆိုဘီး ဘုရားသခင်ဟှို စော်ကားဟှယ်!” ဆိုဘီး ဖြေဂေ့ဟှယ်။
34ယေရှုဟှ “နန်းနို့ရဲ့ ပညတ်တရားမာ ‘နန်းနို့ဟှာ ဘုရားလေ ဖြစ်ဟှယ်’ ဆိုဘီး ရေးဟှားဟှယ်။ 35ကျမ်းစာမာ ဖော်ပြဟှားဟှူ ဇာဟှာ မြဲဒမ်း မှန်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ ဘုရားသခင်ဟှ သူ့ရဲ့ စကားတော်ဟှို ကြားရဟှူလူလေဟှို ‘ဘုရားလေ’ ဆိုဘီး ခေါ်လေဟှယ်။ 36ဖဟှာ ငါ့ဟှို ဝီးချယ်ဘီး အယ်လောကထဲဟှို စေလွှတ်တော်မူဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှယ် ဆိုဘီး ပြောဟှူကြောန့် ငါဟှာ ဘုရားသခင်ဟှို စော်ကားဟှယ် ဆိုဘီး ဖယ်မျိုးကြောန့် နန်းနို့ပြောနိုင်ဂေ့ဟှယ်နူး။ 37ငါဟှာ ငါ့ဖရဲ့ မှုတော်လေဟှို ဆောန်ရွက်ဟှ ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဂေ့န။ 38အယ်ဘေမဲ့ ငါဟှာ အယ်မှုလေဟှို လောက်ဆောန်ဟှယ် ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဘဲဟှိုမှ ငါ့ရဲ့ လောက်ဆောန်ချစ်လေဟှို ယောင်ကြည်ဂေ့။ အယ်မျိုးယောင်ကြည်မယ် ဆိုဟှာ ဖဟှာ ငါ့ထဲမာ ရှိတော်မူဘီး ငါဟှာလည်း ဖထဲမာ ရှိတော်မူဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့လေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
39နော့‑က်တခါ သူးနို့ဟှာ ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့လတ်ဟှနေ လွတ်မြောက်ဟှားလေဟှယ်။
40 # ယော ၁.၂၈ အယ်ဘီးန ယေရှုဟှာ ယော်ဒန်မ္လစ်ဟှို ဖြတ်ဘီး ပထမဦးဆောင်း ယောဟန်ဗတ္တိဇံပေးဟှူ နေရာဟှို တခါပ္လန်ကြွဟှားဘီး အယ်နေရာမာ နေတော်မူလေဟှယ်။ 41လူလေဘောင်ဂီးဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ “ယောဟန်ဟှာ ဖြားနိမိတ်လတ်ခဏာလေလည်း လောက်ဟှ။ အယ်ဘေမဲ့လည်း အယ်လူကြောန်းဟှို သူပြောဇာလေ အားလောင်းဟှာ မှန်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 42အယ်နေရာမာရှိဟှူ လူလေဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်ဂေ့လေဟှယ်။

Označeno

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in