YouVersion Logo
Search Icon

ယောဟန် 4

4
ယေရှုန ရှမာရိမီးမ
1ယေရှုဟှာ ယောဟန်ထတ် တဗဲ့တော်လေဘောင်ဂီး ဖြစ်စေဘီး ဗတ္တိဇံပေးနေဟှယ် ဆိုဇာဟှို ဖာရိရှဲလေဟှ ကြားဂေ့ဟှယ်။ 2တဂယ်ဒန်းဆိုဟှာ ယေရှုကိုယ်တိုင်ဟှ ဖယ်လူဟှိုလည်း ဗတ္တိဇံပေးဟှ။ တဗဲ့တော်လေဟှဘဲ့ ဗတ္တိဇံပေးဂေ့ဟှယ်။ 3အယ်ကြောန့် ယေရှုဟှာ ယုဒနယ်ဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ပ္လန်ဟှားဘီး၊ 4ကိုယ်တော်ဟှ ရှမာရိနယ်ဟှို ဖြတ်ဘီးဟှာ သွားရဟှယ်။
5ယာကုပ်ဟှ သူ့သားယောသပ်ဟှို ပေးဟှားဟှူ မ္လေပ္လန်နား ရှမာရိနယ်ထဲဟှ ရှုခါနာမယ်ရှိဟှူဗြို့ဟှို ရော့‑က်လာဟှယ်။ 6ယာကုပ်ရဲ့ ရေဒွမ်းဟှာ အယ်နေရာမာရှိဟှယ်။ ယေရှုဟှာ ခရီးပန်းကြောန့် ရေဒွမ်းနားမာ ထိုင်နေဟှယ်။ အယ်ခီဟှာ မွန်းဒဲ့ခီလည်းဖြစ်ဟှယ်။
7ရှမာရိမီးမတယော့‑က်ဟှာ ရေခပ်ဟှို့တွပ် ရော့‑က်လာဟှူ ခီမာ ယေရှုဟှ “ငါသော့‑က်ဟှို့ ရေပေးပါ” ဆိုဘီး အယ်မီးမဟှို ပြောဟှယ်။ 8(ကိုယ်တော်ရဲ့ တဗဲ့တော်လေဟှာ စားဇာဝယ်စားဟှို့ ဗြို့ထဲဟှို သွားဂေ့ဟှားဟှယ်။)
9အယ်မီးမဟှာ “သင်ဟှ ယုဒမျိုးသားတယော့‑က် ဖြစ်ဟှယ်။ ကျွန်မဟှ ရှမာရိမျိုးသမီးတယော‑က် ဖြစ်ဟှယ်။ ဖယ်မျိုးဖြစ်ကြောန့် ရေတောန်းသော့‑က်ရနူး” ဆိုဘီး မေးလေဟှယ်။ (ယုဒလူလေဟှာ ရှမာရိလူလေ သောင်းပြုဟှူ စန်ဟန်းဇားလေဟှို သောင်းပြုလေ့မှေ့ဟှ။)#၄.၉ ယုဒလူလေဟှာ ရှမာရိလူလေ သောင်းပြုဟှူ စန်ဟန်းဇားလေဟှို သောင်းပြုလေ့မှေ့ဟှ၊ အယ်မျိုးမှုဘဲနေဟှာ ယုဒလူလေဟှာ ရှမာရိလူလေနတူးဒူ လောင်းဝ စားသော့‑က်လေ့မှေ့ဟှ။
10ယေရှုဟှ “ဘုရားသခင်ရဲ့ လတ်ဆောန်န ငါသော့‑က်ဟှို့တွပ် ရေပေးပါ ဆိုဘီး တောန်းဆိုနေဟှူလူဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို သိမယ် ဆိုဟှာ နန်ဟှာ အယ်လူနားမာ တောန်းလေ့မယ်။ အယ်လူဟှလည်း နန့်ဟှို သတ်ရေဟှို ပေးလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
11အယ်မီးမဟှ “ဆရာ၊ ဆရာမာ ရေခပ်ဟှို့ အန်းဗေါင်းလည်းမှေ့ဟှ။ ရေဒွမ်းဟှလည်း ရရတိုင်း နတ်ဟှယ်။ ဖယ်နေရာဟှနေ သတ်ရေဟှို ရဟှို့နူး။ 12အယ်ရေဒွမ်းဟှာ ကျွန်မဟှားလေရဲ့ ဘိုးဘေးယာကုပ်ဟှ ကျွန်မဟှားလေဟှို ပေးဟှားဘီး သူကိုယ်တိုင်န သူ့ရဲ့သားမီးလေ၊ သိုးလေ၊ နွားလေ အားလောင်းဟှာ အယ်ရေဒွမ်းဟှ ရေဟှို သော့‑က်ဟှယ်။ ကိုယ်တော်ဟှ ကျွန်မဟှားလေရဲ့ ဘိုးဘေး ယာကုပ်ထတ် ကီးမြတ်ကြောန့်လော” ဆိုဘီး ပြောလေဟှယ်။
13ယေရှုဟှ “အယ်ရေဟှို သော့‑က်ဟှူလူလေဟှာ ပ္လန်ဘီး ရေငတ်လေ့အူးမယ်။ 14အယ်ဘေမဲ့ ငါပေးမယ့်ရေဟှို သော့‑က်ဟှူလူလေဟှာ ပ္လန်ဘီး ရေငတ်လေ့မယ် မှုဟှ။ ငါပေးမယ့်ရေဟှာ သူးနို့ထဲမာ သတ်စမ်းရေဗော့‑က် ဖြစ်ဟှားဘီး သူးနို့ဟှို ထာဝရသတ်ဟှို ပေးလေ့မယ်” ဆိုဘီး ပ္လန်ဖြေဟှယ်။
15အယ်မီးမဟှ “ဆရာ၊ အယ်ရေဟှို ကျွန်မဟှို ပေးပါ! အယ်ဆိုဟှာ ကျွန်မဟှာ ပ္လန်ဘီး ရေငတ်ဟှို့မှုဘီ အယ်နေရာဟှို လာဘီး ရေခပ်ဇာလည်း လိုဟှမ်း” ဆိုဘီး ပြောဟှယ်။
16ယေရှုဟှ “သွားဘီး နန့်လန်ဟှို ခေါ်ဘီးဟှာ ပ္လန်လာခဲ့ပါ” ဆိုဘီး အယ်မီးမဟှို ပ္လန်ပြောဟှယ်။
17“ကျွန်မမာ လန်မှေ့ဟှ” ဆိုဘီး အယ်မီးမဟှ ဖြေဟှယ်။
ယေရှုဟှ “နန့်မာ လန်မှေ့ဟှ ဆိုဘီး ပြောဇာဟှာ မှန်ဟှယ်။ 18နန့်မာ လန်ငါးယော့‑က်ရှိဖူးဟှယ်။ ခု နန့်နတူးဒူနေဟှူ လန်ဟှာလည်း နန့်လန်စစ်စစ် မှုဟှ။ နန်ဟှာ ငါ့ဟှို မှန်ဟှူ စကားဟှို ပြောဟှယ်” ဆိုဘီး ပ္လန်ပြောလေဟှယ်။
19“ဆရာ၊ ဆရာဟှာ ပရောဖက်ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်မသိဟှားဘီ။ 20ကျွန်မဟှားလေရဲ့ ဘိုးဘေလေဟှာ အယ်တောန်ထတ်မာ ဘုရားသခင်ဟှို ကိုးကွယ်ဂေ့ဟှယ်။ အယ်ဘေမဲ့ ဆရာရဲ့ ယုဒလူလေဟှာ ယေရုရှလင်ဗြို့မာဘဲ့ ဘုရားသခင်ဟှို ကိုးကွယ်ရမယ် ဆိုဘီး ပြောဂေ့ဟှယ်” ဆိုဘီး အယ်မီးမဟှ ပြောဟှယ်။
21ယေရှုဟှ “ဝှေ့မီးမ၊ ငါ့ဟှို ယောင်ကြည်ပါ။ အယ်တောန်ထတ်ဟှိုရော၊ ယေရုရှလင်ဗြို့ဟှိုရော လာဘဲန ဖဟှို ကိုးကွယ်ရဟှို့ခီ ရော့‑က်လာလေ့မယ်။ 22ကယ်တန်ခြင်းဟှာ ယုဒလူလေဟှနေတဆင့် ရော့‑က်လာဟှူကြောန့် နို့ယုဒလူလေဟှာ နို့လေကိုးကွယ်ဟှူဇာဟှို သိဟှယ်။ အယ်ဘေမဲ့ နန်းနို့ရှမာရိလူလေဟှာ နန်းနို့ကိုးကွယ်ဇာဟှို မှန်သိဂေ့ဟှ။ 23စစ်မှန်ဟှူ ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သစ်စာနရော ဖဟှို ကိုးကွယ်ရမယ့်ခီဟှာ ရော့‑က်လာလေ့မယ်။ အယ်ဘေမဲ့ ခုဘဲ့ရော့‑က်နေဘီ။ အယ်မျိုး ကိုးကွယ်သူလေဟှို ဖဟှ လိုရှင်ဟှယ်။ 24ဘုရားသခင်ဟှာ ဝိညာဉ်ဖြစ်ဟှူကြောန့် ကိုယ်တော့်ဟှို ကိုးကွယ်သူလေဟှာ ဝိညာဉ်နရော၊ သမ္မာတရားနရော ကိုးကွယ်ရမယ်” ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။
25အယ်မီးမဟှ “ခရစ်တော် ဆိုဘီး ခေါ်ဟှူ မေရှိယကြွလာမယ် ဆိုဇာဟှို ကျွန်မသိဟှယ်။ ကြွလာဟှူ ခီမာ ကျွန်မဟှားလေဟှို အားလောင်းဂူ ပြောပြလေ့မယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်ဟှယ်။
26ယေရှုဟှ “နန့်နတူးဒူ စကားပြောနေဟှူ ငါဟှာ မေရှိယဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
27အယ်ခီမာဘဲ့ ယေရှုရဲ့ တဗဲ့တော်လေဟှာ ပ္လန်ရော့‑က်လာဟှယ်။ ကိုယ်တော်ဟှာ မီးမတယော့‑က်န စကားပြောနေဇာဟှို သူးနို့လေဟှာ တွိလိုက်ကြောန့် ရရာတိုင်း အံ့ဩဟှားဂေ့ဟှယ်။ အယ်ဘေမဲ့ “ဖြားဇာလိုရှင်ဟှိနူး” ဆိုဘီး အယ်မီးမဟှို ဖယ်လူလည်းမေးဂေ့ဟှ။ “ဖြားဖြစ်ကြောန့် အယ်မီးမန စကားပြောနေရနူး” ဆိုဘီးလည်း ကိုယ်တော့်ဟှို ဖယ်လူလည်းမေးဂေ့ဟှ။
28အယ်ဘီးန မီးမဟှာ ရေအိုးဟှို ထားရစ်ဘီး ဗြို့ထဲဟှို ပ္လန်ဟှားဘီးဟှာ 29“ကျွန်မလောက်ဟှားဟှူဇာလေ အားလောင်းဂူဟှို ပြောပြသူဟှို လာဘီးကေ့ကေ့။ အယ်သူဟှာ မေရှိယဘဲ့လော” ဆိုဘီး လူလေဟှို ပြောလေဟှယ်။ 30အယ်ကြောန့် သူးနို့လေဟှာ ဗြို့ထဲဟှထွပ်ဟှားဘီး ယေရှုနားဟှို သွားဂေ့ဟှယ်။
31အယ်ခီမာဘဲ့ တဗဲ့တော်လေဟှာ ယေရှုဟှို “ဆရာ၊ တခုခုစားပါအူး!” ဆိုဘီး တောန်းလျှော့‑က်နေဂေ့ဟှယ်။
32အယ်ဘေမဲ့ ယေရှုဟှ “နန်းနို့သိဘဲဟှူ စားဇာဟှာ ငါ့မာရှိဟှယ်” ဆိုဘီး ဖြေလေဟှယ်။
33အယ်ကြောန့် တဗဲ့တော်လေဟှ “ကိုယ်တော့်ဟှို ယော့‑က်ယော့‑က်ဟှ စားဇာလေဟှို လာပို့ဟှားလော” ဆိုဘီး သူးနို့ရှင်းရှင်း စဘီးမေးနေဂေ့ဟှယ်။
34ယေရှုဟှ “ငါ့ဟှို စေလွှတ်ဟှူသူရဲ့ လိုတော်ဟှို လိုက်နာဘီး သူလောက်ခိုင်းဟှားဟှူ လောက်ဟှို ပီးအောန်လောက်ဇာဟှာ ငါ့စားဇာဖြစ်ဟှယ်။ 35နန်းနို့ဟှ ‘လေးလကြာဘီးန ရိသီးခီရော့‑က်လေ့မယ်’ ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ လဲဗ္လန်လေဟှို ကေ့လိုက်။ ခု ရိသီးဟှို့ သီးနှံလေဟှာ မှည့်နေဘီ! 36ရိသီးမားဟှာ ခဟှို ယူဘီး ထာဝရသတ်တွပ် သီးနှံလေဟှို စုသီးဟှယ်။ အယ်ကြောန့် စိုက်မားန ရိသီးမားလေဟှာ တူးဒူဝန်းသာဂေ့လေ့မယ်။ 37အယ်ကြောန့် ‘တယော့‑က်ဟှ စိုက်ဟှယ်။ တယော့‑က်ဟှ ရိသီးဟှယ်’ ဆိုဘီး ပြောဟှားဇာဟှာ မှန်ဖြစ်ဟှားဘီ။ 38နန်းနို့စိုက်ဘဲဟှူ လဲဗ္လန်မာ သီးနှံလေဟှို ရိသီးဟှို့ နန်းနို့ဟှို ငါစေလွှတ်လိုက်ဟှယ်။ တခြားလူလေဟှ လောက်ရဘီး နန်းနို့ဟှ ကျိုးခံစားရဟှယ်” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။
39အယ်မီးမဟှ “အယ်လူဟှာ ကျွန်မလောက်ဟှားဇာလေ အားလောင်းဂူဟှို ပြောပြဟှယ်” ဆိုဘီး သတ်သေခံဟှူကြောန့် အယ်ဗြို့မာရှိဟှူ ရှမာရိလူလေ ဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်ဟှားဂေ့ဟှယ်။ 40အယ်ကြောန့် ရှမာရိလူလေဟှာ ကိုယ်တော်နားဟှို လာဟှူ ခီမာ သူးနို့ဟှာ ကိုယ်တော့်ဟှို သူးနို့နတူးဒူနေဟှို့ တောန်းလျှော့‑က်ဂေ့ဟှယ်။ အယ်န ကိုယ်တော်ဟှာ အယ်နေရာမာ နှေ့ရစ်နေလေဟှယ်။
41လူလေဘောင်ဂီးဟှာ ကိုယ်တော်ရဲ့ တရားစကားကြောန့် ယောင်ကြည်လာဂေ့ဘီး 42သူးနို့ဟှ “ခု နို့လေ ယောင်ကြည်ဟှားဇာဟှာ နန်ပြောကြောန့် မှုဟှ။ အယ်ဘေမဲ့ နို့လေကိုယ်တိုင် ကိုယ်တော်ရဲ့ တရားစကားဟှို ကြားဟှိကြောန့် အယ်သူဟှာ လောကရဲ့ စစ်မှန်ဟှူ ကယ်တန်ရှင် ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဟှားဘီ” ဆိုဘီး အယ်မီးမဟှို ပြောပြဂေ့ဟှယ်။
ယေရှုဟှ ရာရှိရဲ့ သားတယော့‑က်ဟှို နာပျော့‑က်စေကြောန်း
43နှေ့ရစ်နေဘီးန ယေရှုဟှာ အယ်နေရာဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ကြွတော်မူလေဟှယ်။ 44#မ ၁၃.၅၇; မာ ၆.၄; လု ၄.၂၄ယေရှုကိုယ်တိုင်ဟှ “ပရောဖက်လေဟှာ သူးနို့ရဲ့ ဗြို့မာ လေးစားခံရဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။ 45#ယော ၂.၂၃ကိုယ်တော်ဟှာ ဂါလိလဲနယ်ဟှို ရော့‑က်လာခီမာ လူလေဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ယေရုရှလင်ဗြို့ဟှ ပသခါပွဲဟှို သူးနို့ရော့‑က်ဟှားဂေ့ဘီး အယ်ပွဲတော်မာ ကိုယ်တော် လောက်ဟှူဇာလေ အားလောင်းဟှို ဗြင်ဟှားဂေ့ဟှယ်။
46 # ယော ၂.၁–၁၁ အယ်ဘီးန ယေရှုဟှာ ရေဟှနေ ဝိုင်ဖြစ် ပ္လောန်းလဲဟှားဟှူ ဂါလိလဲနယ် ကာနဗြို့ဟှို ပ္လန်ဟှားဟှယ်။ ကပေရနောင်ဗြို့ဟှ ရာရှိတယော့‑က်ရဲ့ သားဟှာ နေကောန်းဘဲဖြစ်နေဟှယ်။ 47ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ယေရှုရော့‑က်လာဟှယ် ဆိုဇာဟှို အယ်ရာရှိဟှာ ကြားဟှားခီမာ ကိုယ်တော်နားဟှို သွားဘီး သေခါနီးဖြစ်နေဟှူ သူ့သားရဲ့ နာဟှို ပျော့‑က်စေဟှို့တွပ် တောန်းလျှော့‑က်လေဟှယ်။ 48ယေရှုဟှ “နန်းနို့ဟှာ အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ဗြင်ရဘဲ ဆိုဟှာ ယောင်ကြည်ဂေ့ဟှို့ မှုဟှ” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
49ရာရှိဟှ “ဆရာ၊ ကျွန်တော့်သား သေခန် ကျွန်တော်နတူးဒူ လိုက်ပါ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
50ယေရှုဟှ “သွားလိုက်ပါ။ နန့်ရဲ့သား သတ်ရှင်ဟှားလေ့မယ်” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
အယ်လူဟှာ ယေရှုရဲ့ စကားတော်ဟှို ယောင်ကြည်ဘီး သွားလိုက်ဟှယ်။ 51အီပ္လန်လမ်းမာ သူ့ရဲ့ စေခံလေဟှ သူ့ဟှိုတွိဟှူ ခီမာ “သခင်ရဲ့သားဟှာ သတ်ရှင်ဟှားဘီ!” ဆိုဘီး ပြောဂေ့ဟှယ်။
52သူဟှာ သူ့ရဲ့သား နာပျော့‑က်ဟှားခီဟှို စေခံလေဟှို မေးခီမာ သူးနို့လေဟှ “နတ်ကီးမွန်းဒဲ့တနာရီမာ နာပျော့‑က်ဟှားဟှယ်” ဆိုဘီး ဖြေဂေ့လေဟှယ်။ 53အယ်ခီဟှာ “နန့်ရဲ့သား သတ်ရှင်ဟှားဘီ” ဆိုဘီး ယေရှုပြောလိုက်ဟှူ ခီဖြစ်ဟှယ် ဆိုဇာဟှို ဖဟှာ ဒိရဟှားလေဟှယ်။ အယ်ကြောန့် သူ့န သူ့ရဲ့အီသား အားလောင်းဟှာ ယောင်ကြည်ဂေ့ဟှယ်။
54အယ်မူဇာဟှာ ယုဒနယ်ဟှနေ ဂါလိလဲနယ်ဟှို ရော့‑က်လာဘီးန ယေရှုလောက်ဟှူ ဒုတိယနိမိတ်လတ်ခဏာဖြစ်ဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in