ခွင့်လွှတ်ခြင်းနမူနာ
ခွင့်လွှတ်ခြင်း။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်မှု၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်က မိတ်ဆွေအား စိုးရိမ်ကြောင့်ကြခြင်း မရှိစေလိုပဲ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ ခွင့်လွှတ်ခြင်းဆိုင်ရာ ကျမ်းချက်များက မိတ်ဆွေကို ဘယ်လို ပိုပြီးခွင့်လွှတ်တတ်တဲဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါမည်။
လူတွေက၊ သူရဲ့အပြစ်ကို ဖော်ပြဝန်ခံပေမဲ့၊ သူကို ခွင့်လွှတ်ဖို့ ခက်လှပါတယ်လို့ ပြောကြတယ်။
ဘုရားသခင်က၊ သူကို အကြွင်းမဲ့ ခွင့်လွှတ်လော့။ ထပ်တလဲလဲ ခွင့်လွှတ်လော့။ ငါသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့လို့ တုန့်ပြန်ပါတယ်။ (လု၊ ၁၇း၃-၄)
လူတွေက၊ ကိုယ့်အပြစ်ကို မသိမမြင်တဲ့သူကို ဘယ်လိုခွင့်လွှတ်နိုင်မလဲလို့ ပြောကြတယ်။
ဘုရားသခင်က၊ ငါ့ကို လက်ဝါးကပ်တိုင်းမှာ တင်သတ်စေသောသူများ၏ အပြစ်ကို ခွင့်လွတ်ခဲ့ပါသည်။ သူတို့သည်လည်း ကိုယ်ပြုသောအမှုကို မသိကြခဲ့ပါဘူးလို့ တုန့်ပြန်ပါတယ်။ (လု၊ ၂၃း၃၄)
လူတွေက၊ ကျွန်တော် သူတို့ကို တအားမုန်းပါတယ်။ သူတို့ ကျွန်တော့်အပါ် တအားရက်စက်ခဲ့ပါတယ်လို့ ပြောတတ်ကြတယ်။
ဘုရားသခင်က၊ သနားစုံမက်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ငါသည် စွမ်းအားရှိသကဲ့သို့၊ စွမ်းအားနှင့်ပြည့်စုံလော့လို့ တုန့်ပြန်ပါတယ်။ (ဧ၊ ၄း၃၂)
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ခွင့်လွှတ်ခြင်း။ ကျမ်းချက်အချို့ကို ကြည့်ကြပါစို့။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်ခြင်း၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်က သင့်အား စိုးရိမ်ကြောင့်ကြခြင်း မရှိစေလိုပဲ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ ခွင့်လွှတ်ခြင်းဆိုင်ရာ ကျမ်းချက်များက မိတ်ဆွေကို ဘယ်လို ပိုပြီးခွင့်လွှတ်တတ်တဲဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါမည်။ ဉာဏ်ပညာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တွေးတောဆင်ခြင်ကြောင်းမှ ရရှိပါသည်။
More