YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

Seeking God in Worship

8 ၏ နေ့ 1

တ်ပြုကိုးကွယ်ခြင်း

လူအားလုံးသည် ဝတ်ပြုကိုးကွယ်ခြင်းအကျင့် ရှိကြပါသည်။ နေ့ရက်စဉ်တိုင်းမှာ၊ လူတစ်စုံတစ်ယောက် (သို့) အရာဝတ္ထုတစ်စုံတစ်ခုအဖို့ မိမိ၏ ရိုသေလေးမြတ်ခြင်း၊ ချီးမွမ်းခြင်း၊ မွေ့လျော်ခြင်း၊ မြတ်နိုးထားခြင်း၊ ဆက်ကပ်ခြင်း၊ သံယောဇဉ်နှင့် ရှိခိုးခြင်းတို့ကို ပူဇော်စေတတ်ပါသည်။ မိတ်ဆွေသည် အဘယ်သူကို ရှိခိုးနေပါသလဲ။ ကျွန်မတို့သည် လောကီအရာများနှင့် အဝိညာဏကအရာများတို့ကို ရိုသေလေးမြတ်ထားပါသည်တကား။ သို့ရာတွင်၊ ဘုရားသခင်၏ မြင့်မြတ်လှသော ဂုဏ်အင်္ဂါတော်များကို ကြည့်ရှုသောအခါ၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းကို အလိုအလျောက် ထွက်စေပါလိမ့်မည်။

ညတစ်ညမှာ၊ ကျွန်မ၏ မိသားစုနှင့်အတူ ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်၍ ကြည်ရှုခဲ့ပါသည်။ ကစားသမားများသည် ကစားကွင်းထဲသို့ ပြေးလာသောအခါ၊ ကျွန်မ၏ ကလေးများအား လုံးဝအံ့ဩလျက် စွဲလန်းသွားခဲ့ပါသည်။ ကြီးမားသော တီဗီနှင့် စပီကာများက၊ လူများအားလုံး အားရပါးရ ကြွေးကြော်ကြရအောင်ဟု ကြေညာခဲ့ပါသည်။

ထိုပွဲမှရှိသည့် လူများအားလုံးက စိတ်နှလုံးအကြွင်းမဲ့ ဟစ်အော်လျက်၊ လက်ခုပ်တီးလျက်၊ အားရဝမ်းမြောက်စွာ အားပေးကြခဲ့ပါသည်။ အသင်းတစ်သင်းသည် ဂိုးရသောအခါ၊ သူတို့၏ ပရိသတ်ကြီးအား စိတ်အားထက်သန်စွာ ချီးမွမ်းကြခဲ့ပါသည်။ ဤပရိသတ်ကြီးလည်း မိမိအသင်း၏ အင်္ကျီများနှင့် ဦးထုပ်များတို့ကို ဂုဏ်ယူစွာ ၀တ်ဆင်ခဲ့ကြပါသည်။ ဘတ်စကက်ဘောအသင်းသည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပရိသတ်ကြီးအား အားမလျော့ဘဲ အစဉ်အမြဲ အားပေးခဲ့ပါသည်။ ၎င်းအမှုသည် ဝတ်ပြုကိုးကွယ်ခြင်းတစ်မျိုး ဖြစ်ပါသည်။

ကျွန်မ၏ ကလေးများသည် အကစားဝါသနာ ရှိကြပါသည်။ သူတို့သည် အားရပါးရ ဆော်တတ်ပါသည်။ အကယ်၍၊ အကစားဝါသနာရှိလျှင် ကောင်းပါသည်။ မိမိနှစ်သက်ကြိုက်သော အကစားအသင်းကို အားပေးလျှင် မပြစ်မရှိပါ။ သို့သော်၊ အကစားသမားများနှင့် အကစားအသင်းများထက် ကြယ်များကို ရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူသော မြတ်စွာဘုရားသခင်ကို ပိုမိုချီးမွမ်းသင့်သည် မဟုတ်ပါလား။

ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် နိစ္စထာဝရဘုရားသခင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် ဖြစ်တော်မူသည်။ ကိုယ်တော်မြတ်သည် ငါဖြစ်သည်ဟု မဟာနာမကို ရှိတော်မူသော ဘုရားသခင်ပေတည်း။

ချစ်မိတ်ဆွေသည် ဤအစီစဉ်အအားဖြင့် တစ်ဆူတည်သော ဘုရားသခင်နှင့် ပိုမိုမိတ်သဟာယဖွဲ့၍ ကိုယ်တော်မြတ်ကို စိတ်နှလုံးအကြွင်းမဲ့ ရှိခိုးစေလိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ယခု၊ ကျွန်တော်/ကျွန်မသည် လုံးဝဥဿုံ ပြောင်းလဲပါလိမ့်မည်ဟု ဝန်ခံရဲလား။ အာမင်ထူးရဲလား။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Seeking God in Worship

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။

More

We would like to thank Amy Groeschel for this devotional. For more information, please visit: www.SoarwithGod.com