ရှင်သန်စေသည့်စကားများနမူနာ

မေးခွန် (၂) ခု
ပထမအဆင့်တွင်၊ ဆရာခရိတ်ခရိုးရှယ် (Craig Groeschel) ၏ ရှင်သန်စေသည့်စကားများ တရားဟောချက်အားဖြင့် ခွန်အားရယူခဲ့သည်ဟု ယုံကြည်မျှော်လင့်ပါသည်။ သူ၏ တရားဟောချက်တွင်၊ ကျွန်တော်တို့၏ ဘဝများသည် ကျွန်တော်တို့၏ အတွေးများဆီသို့ ဦးတည်ရွေ့လျားတတ်သည်ဟု ပြောဆိုခဲ့သည်။ ဤစကားသည် သစ္စာစကား ဖြစ်သည်။
သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ (ရော၊ ၁၂း၂)။ ထို့ကြောင့်၊ ကျွန်တော်တို့သည် စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ မည်သို့ရောက်ကြနိုင်မလဲ။ အဓိက၊ ရှင်သန်စေသည့်စကားများ လိုအပ်သည်။ ယနေ့၏ ဗီဒီယိုတွင်၊ ဆရာခရိတ်ခရိုးရှယ်သည် မေးခွန် (၂) ခုအားဖြင့် မိတ်ဆွေ၏ ရှင်သန်စေသည့်စကားများကို ရှာတွေ့စေဖို့ ကူညီပေးပါလိမ့်မည်။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ဒုတိယအဆင့်၊ ဆုတောင်းခြင်းနှင့်တကွ ဤမေးခွန်များကို ဖြေပါ။ ပိုမိုသိလိုပါက၊finds.life.church/words
၁။ မိတ်ဆွေ၏ စိတ်၌ မကောင်းသောအတွေးအခေါ်များ ရှိနေပါသလား။
၂။ အဘယ်သမ္မာတရားသည် ဤမကောင်းသောအတွေးအခေါ်များကို ဖြိုဖျက်စေမလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

မိမိမနောစိတ်သည် မိမိကို နှောင့်ယှက်စေပြီး အနိဋ္ဌာရုံကို ဖြစ်စေလျက် မုသားကမ္ဘာတွင် ကျင်လည်စေတတ်သည်။ သို့ရာတွင်၊ မိမိမနောစိတ်အားဖြင့် ခွန်အားကို ရရှိခံစားစေတတ်သည်။ ထို့ကြောင့်၊ Life.Church အသင်းတော်၏ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) သည် သူနေ့စဉ်ဖတ်နေသည့် သမ္မာတရားကို ချရေးခဲ့သည်။ ဤစကားလုံးများသည် သူ့ဘဝကို မည်သို့ပြောင်းလဲစေကြောင်း လေ့လာရန်နှင့် မိမိအဖို့ ရှင်သန်စေသည့်စကားများကို ရှာဖွေရန် လွယ်ကူသောအဆင့်သုံးဆင့်ကို ရှာဖွေလေ့လာလိုက်ပါ။
More
ဆက်စပ်နေသောအစီအစဉ်များ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ထာဝရပရဟိတ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ရှင်ယောဟန်၏စာစောင်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
