သုံးပါးတစ်ဆူဘုရားကို သိ၍ချစ်ခြင်းနမူနာ
ဆုတောင်းကြပါစို့။ သန့်ရှင်းတော်ဝိညာဉ်တော်နှင့် ကိုယ်တော်၏ လှုပ်ရှားမှုကို သိကျွမ်းစေမည့်အကြောင်း သမ္မာသတိပေးသနားတော်မူပါ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်တော်တို့ကို သက်သာစေပြီး သမ္မာတရားကို ပြလျက်၊ မိမိမေတ္တာတော်နှင့် ငြိမ်သက်ခြင်းများဖြင့် ကျွန်ုပ်တို့အထဲ၌ လျှံလျက်ရှိမည်အကြောင်း ဆုတောင်းပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၌ ချဉ်းကပ်တော်မူပြီး၊ မိမိဝိညာဉ်တော်အားဖြင့် ကိုယ်တော်မြတ်ထံ လမ်းဖန်ဆင်းပေးသည့်အတွက် ကျေးဇူးတင်ပါ၏။
သန့်ရှင်းသောဝိညာဉ်တော်ကို သိ၍ချစ်ခြင်း
သုံးပါးတစ်ဆူဘုရား၏ တတိယပုဂ္ဂိုလ်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူအများအပြားတွင် မေ့လျော့ဆုံးသောပုဂ္ဂိုလ်ပင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယေရှုဘုရားနောက်လိုက်သောသူအနေနှင့်၊ မိမိအတွင်းတွင် ကျိန်းဝပ်တော်မူသော ဘုရားသခင်၏တန်ခိုးတော်ကို လျှော့ချဖို့ လွယ်ကူနိုင်သည်။ ဤလက်ရှိခရစ်ယာန်အသက်တာတွင် မိမိကိုယ်ပိုင်အခန်းကဏ္ဍကို အလွန်ဦးစားပေးရန် လွယ်ကူသည်။ ကျွန်တော်တို့အထဲ၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်ခံစားမှုများနှင့် ပင်ကိုစရိုက်မရှိဘဲ၊ ဘုရားသခင်ထံမှလွှတ်သော ထူးဆန်းသည့်တန်ခိုးသက်သက်သာ ဖြစ်သည်ဟူသော မိစ္ဆာဒိဠိကို ယုံကြည်ရန် လွယ်ကူနိုင်သည်။
သို့သော်၊ ၎င်းအယူအဆသည် အလွန်တရာ မှားပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ယုံကြည်သူအားလုံးတွင် ကိန်းဝပ်နေသော ပုဂ္ဂိုလ်တော်မြတ်နှင့်ပတ်သက်ပြီး တင့်တယ်နှစ်သက်ဖွယ်သော သမ္မာတရားကို နှုတ်ကပတ်တော်က ဖော်ပြထားပါသည်။ သန့်ရှင်းသောဝိညာည်တော်ဘုရားသည် ပင်ကိုစရိုက်နှင့် စိတ်ခံစားမှုများ ရှိပြီး စကားပြောဆိုခြင်း၊ သွန်သင်လမ်းပြပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ မိတ်ဆွေအတွင်း၌ အဆက်မပြတ် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကယ်စင်စစ်၊ သန့်ရှင်သောဝိညာဉ်တော်သည် မိတ်ဆွေနှင့် ဝေးကွာသောသူမဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်နှင့် မေတ္တာတော်သည် မိတ်ဆွေအတွင်း၌ ပြည့်ဝစွာ ကျိန်းဝပ်နေပါသည်။ သေခြင်းမှ ထမြောက်စေသူ၊ အနန္တစကြဝဠာကို ဖန်ဆင်းသူ၊ ပင်လယ်နီကို ကွဲပြတ်သူ၊ မုန်တိုင်းကို ငြိမ်စေသူ၊ ရေပေါ်တွင် လမ်းလျှောက်သူ၊ ဖျားနာသူများကို ကျန်းမာစေသူတည်းဟူသော အနန္တတန်ခိုးရှင်ဘုရားသခင်သည် ယုံကြည်သူတိုင်းအတွင်းတွင် ကျိန်းဝပ်ပါသည်။
ယနေ့၊ အံ့ဩဖွယ်ရာပြုတော်မူသောဘုရားသခင်သည် မိတ်ဆွေ၌ ချဉ်းကပ်တော်မူသောကြောင့်၊ ထိုသမ္မာတရားကို တကယ်ယုံကြည်လျက် အသက်ရှင်သင့်ပါပြီ။ မိတ်ဆွေ၊ သန့်ရှင်းသောဝိညာဉ်တော်ကို စကားပြောပါ။ သူ့စကားတော်ကိုလည်း နားထောင်ပါ။ သူ၏ကျိန်းဝပ်ခြင်း၏ အမှန်တရားသည် မိမိအသက်တာအတွက် ဘာကိုဆိုလိုသည်ကို ဆင်ခြင်စဉ်းစားပါ။
နှုတ်ကပတ်တော်ကို စေ့စေ့ကြည့်ရှုကြပါစို့။
- (ရောမဩဝါဒစာ၊ ၈း၂၆) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ပင်ကိုစရိုက်ကို ဘယ်လိုဖော်ပြထားသလဲ။
- (ဧဖက်ဩဝါဒစာ၊ ၄း၃၀) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ စိတ်ခံစားချက်များအကြောင်းကို ဘယ်လိုသွန်သင်သလဲ။
- (ကောရိန္သုဩဝါဒစာပထမစောင်၊ ၆း၁၉) ကို ဖတ်ရှုပါ။ ဤကျမ်းပိုဒ်တွင်၊ ကျွန်တော်တို့အနား ဘုရားသခင်၏ အနီးရှိခြင်းနှင့်ပတ်သက်ပြီး မိတ်ဆွေ၏အမြင်ကို ဘယ်လိုပြောင်းလဲစေသလဲ။
ဘယ်လိုဆက်လုပ်မလဲ။
- ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အံ့ဩဖွယ်အမှုများစွာကို မှတ်သားပြီး စာရင်းပြုစုလျက် အချိန်အနည်းငယ်ယူပါ (မိတ်ဆွေ၏ သမ္မာကျမ်းစာကို အသုံးပြုနိုင်ပါသည်)။ ထိုစာရင်းကို ရရှိပြီးနောက်၊ ထိုအံ့ဩဖွယ်အမှုများစွာကို ပြုတော်မူသောဘုရားသခင်သည် ကျွန်တော်တို့၏အထဲ၌ ကျိန်းဝပ်တော်မူပြီးတည်းဟူသော သမ္မာတရားအကြောင်းကို ဆင်ခြင်စဉ်းစားလိုက်ပါ။
- သန့်ရှင်းသောဝိညာဉ်တော်သည် မိတ်ဆွေ၏ အသက်တာ၌ ပြုတော်မူသောအရာများအတွက် ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ မိတ်ဆွေကို သာ၍သန့်ရှင်းစင်ကြယ်စေရန် တောင်းဆုပြုခြင်းအသစ်နှင့် ကြီးမားလှသောဆုတောင်းချက်များဖြင့် ဆုတောင်းပါ။
ဤအစီအစဉ်အကြောင်း
ဤအစီစဉ်သည် သုံးပါးတစ်ဆူ၏အဖွဲ့ဝင် ပုဂ္ဂိုလ်သုံးပါးစီကို စေ့စေ့ကြည့်ရှုခွင့် ပေးသည်။
More