YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝိဉာာဥ်သန့်စင်ခြင်းနမူနာ

Soul Detox

35 ၏ နေ့ 9

ကျွန်တော်တို့ရဲ့ စကားလုံးများက တန်ခိုးကြီးပါတယ်။ အသက်ပေးနိုင်သလို အသက်ကိုသေစေနိုင်လောက်အောင် တန်ခိုးရှိပါတယ်။ ကျွန်တော်တို့ရဲ့ အသက်ပေးနိုင်သလို အန္တရာယ်ပေးနိုင်သော စကားလုံးများအကြောင်းကို သုတ္တံကျမ်းတ‌လျှောက်မှာ ရှောလမုန်မင်းကြီးက ပြောပြထားတယ်။ စကားလုံးများရဲ့ တန်ခိုးရှိပုံကို သူ သတိကြီးစွာထားခဲ့တယ်။ ဒါကြောင့် တခြားသူများကို ဘယ်လိုစကားမျိုးပြောရမလဲနှင့် ထိုစကားများရဲ့ ကောင်းကျိုး၊ဆိုးကျိုးတို့ကို သတိထားရမည်ဖြစ်ကြောင်း ‌ရှောလမုန်က ခွန်အား‌ပေးထားတယ်။

ဘယ်လိုစကားမျိုးကို သင်အပြောဆုံးလဲ- ကောင်းကျိုးပြု သို့မဟုတ် ဆိုးကျိုးဖြစ်စေတယ့် စကားလား။ ရှင်းပြပေးပါ။

ကျမ်းစာများ

နေ့ 8နေ့ 10

ဤအစီအစဉ်အကြောင်း

Soul Detox

ကျွန်တော်တို့က ခန္ဓာကိုယ်ရှိတယ့် ဝိညာဥ်မဟုတ်ပါ။ ကျွန်တော်တို့က ဝိညာဥ်ရှိတယ့် ခန္ဓာကိုယ်ဖြစ်တယ်။ လောကကြီးက ကျွန်တော်တို့ ကိုယ်ခန္ဓာကို အဆိပ်ထုတ်ရန် သင်ကြားပေးသော်လည်း တစ်ခါတလေ ကျွန်တော်တို့ ဝိညာဥ်ကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒီ (၃၅) ရက်တာအစီအစဥ်က မိတ်ဆွေရဲ့ဝိညာဥ်ကို ကြေမွစေတယ့်အရာကို ဖော်ပြပြီး မိတ်ဆွေကို ဘုရားဖြစ်စေချင်တယ့်အရာကို ဘယ်အရာတွေတားဆီးနေလဲဆိုတာ ဖော်ထုတ်ပေးမှာဖြစ်တယ်။ မိမိဝိညာဥ်ကို သန့်စင်ဖို့နှင့် ပျက်စီးနေသော လွှမ်းမိုးမှုများကို ဘယ်လိုချေဖျက်နိုင်ကြောင်း ဘုရားရဲ့ နှုတ်ကပတ်တော်ကို သင်ဖတ်ကြားရမှာဖြစ်တယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။