YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝိဉာာဥ်သန့်စင်ခြင်းနမူနာ

Soul Detox

35 ၏ နေ့ 31

ဆိုးရွားသော ဆက်ဆံရေး၃မျိုးရှိပါတယ်- မကောင်းသောစိတ်၊ ထိန်းချုပ်ခြင်းနှင့် စုံစမ်း‌နှောင့်ယှက်သူများဖြစ်တယ်။ ထို ဆိုးရွားသော ဆက်ဆံရေး၃မျိုးကို သင့်ဘဝထဲမှာ ကြုံတွေ့ကောင်းကြုံတွေ့နိုင်ပါတယ်။ သင်ကိုယ်တိုင် တစုံတယောက်အပေါ် ထို ဆိုးရွားသောနည်းလမ်း၃ခုကို ပြုလုပ်ခဲ့နိုင်တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်ပြီး ဆိုးရွားသော ဆက်ဆံရေးများကြောင့် စုံစမ်းခံရခြင်း၊ ဖျက်စီးခံရခြင်းမဖြစ်ပါစေနဲ့။ အရေးကြီးဆုံးက သင်လည်း အခြားသူများ အ‌ပေါ် မကောင်းဘဲဆိုးရွားစွာ ဆက်ဆံပါက ထိုသူများကို ပျက်စီးခြင်းသို့ ရောက်စေလိမ့်မယ်။

ယခု သင့်ဘဝမှာ အဘယ်ဆိုးရွားသော ဆက်ဆံရေးများရှိနေပါသလဲ။

ကျမ်းစာများ

နေ့ 30နေ့ 32

ဤအစီအစဉ်အကြောင်း

Soul Detox

ကျွန်တော်တို့က ခန္ဓာကိုယ်ရှိတယ့် ဝိညာဥ်မဟုတ်ပါ။ ကျွန်တော်တို့က ဝိညာဥ်ရှိတယ့် ခန္ဓာကိုယ်ဖြစ်တယ်။ လောကကြီးက ကျွန်တော်တို့ ကိုယ်ခန္ဓာကို အဆိပ်ထုတ်ရန် သင်ကြားပေးသော်လည်း တစ်ခါတလေ ကျွန်တော်တို့ ဝိညာဥ်ကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒီ (၃၅) ရက်တာအစီအစဥ်က မိတ်ဆွေရဲ့ဝိညာဥ်ကို ကြေမွစေတယ့်အရာကို ဖော်ပြပြီး မိတ်ဆွေကို ဘုရားဖြစ်စေချင်တယ့်အရာကို ဘယ်အရာတွေတားဆီးနေလဲဆိုတာ ဖော်ထုတ်ပေးမှာဖြစ်တယ်။ မိမိဝိညာဥ်ကို သန့်စင်ဖို့နှင့် ပျက်စီးနေသော လွှမ်းမိုးမှုများကို ဘယ်လိုချေဖျက်နိုင်ကြောင်း ဘုရားရဲ့ နှုတ်ကပတ်တော်ကို သင်ဖတ်ကြားရမှာဖြစ်တယ်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။