သာ၍ကောင်း၏နမူနာ
ကောင်းသောအရာကို လက်လွှတ်ပြီး သာ၍ကောင်းသောအရာကို ကိုင်ယူရမည်။ ပိုမိုကောင်းသောအသက်တာ ရှိစေဖို့၊ ပညာကို ဆည်းပူးပါစို့။ လောကီဉာဏ်မယူဘဲ ဘုရားသခင်ထံတော်မှ လာသော ဉာဏ်ပညာစစ်ကို စေ့စေ့မှတ်ပါ။ ရွှေကိုရတတ်ခြင်းထက် ပညာကိုရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကို အမြတ်မထား၊ ဉာဏ်နှင့် ပြည့်စုံခြင်းကို အမြတ်ထားစရာ အလွန်ကောင်း၏။ (သု၊ ၁၆း၁၆)။ ဤရက်သတ္တပတ်မှာ၊ သုတ္တံကျမ်းများနှင့် ဒေသနာကျမ်းရှိ ရှောလမုန်၏ရေးသားချက်များနှင့် ဓမ္မသစ်ကျမ်းရှိ ဉာဏ်ပညာ၏တန်ဖိုးနှင့် လက်တွေ့လုပ်နည်းအကြောင်း ဖတ်ရှုလေ့လာလိမ့်မည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိတ်ဆွေသည် မကျေမနပ်ဘဲ၊ စိတ်ရှုပ်လျက်၊ သံသရာလည်သလိုပဲဟု ခံစားနေပါသလား။ မိမိဘဝကို ပိုမိုကောင်းစေဖို့ မျှောလင့်နေပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ပိုမိုကောင်းသောဘဝသို့ လမ်းညွှန်စေသည်။ ဤ (၂၈) အရက်တာအစီစဉ်တွင်၊ ကောင်းသောဘဝကနေ ဘုရားသခင်အလိုရှိတော်မူသော ပိုမိုကောင်းသောဘဝသို့ ရောက်နိုင်သောနည်းလမ်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော ဆရာ Craig Groeschel နှင့် LifeChurch.tv တို့ကိုကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။