YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကျော်လွှားအောင်မြင်ခြင်း - သရုပ်ဆောင် လက်တီရှာရိုက် (Letitia Wright)နမူနာ

Overcoming With Letitia Wright

3 ၏ နေ့ 1

ကျော်လွှားအောင်မြင်ခြင်းအစီစဉ်ရဲ့ ပထမနေ့မှာ ကြိုဆိုပါတယ်ရှင့်။

(၂၀၁၅) တွင်၊ ကျွန်မက စိတ်ဓာတ်ကျပြီး မှောင်မိုက်၌ ကျင်လည်လျက် လုံးဝမပျော်ရွှင်ခဲ့ဘူး။ ကျွန်မဟာ သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတော့ မှန်းကိုမသိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မအတွက် ကျမ်းပိုဒ် (၁) ပိုဒ်ကို မျှ‌ဝေခဲ့ပါတယ်။

ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့ (မ၊ ၆း၃၃)။

ထိုအချိန်မှာ ကျွန်မက မယုံကြည်သူဖြစ်တဲ့အတွက် အဲဒီကျမ်းပိုဒ်ရဲ့အနက်ကို သိပ်နားမလည်ခဲ့ဘူး။ ဒါပေမဲ့၊ ကျွန်မက အရှင်ယေရှုဘုရားကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီနောက်ပိုင်းမှာ၊ အဲဒီကျမ်းပိုဒ်ကို နားလည်သဘောပေါက်လျက် အရမ်းယုံကြည်စွဲလမ်းခဲ့တယ်။ အဲဒီကျမ်းပိုဒ်က ကျွန်မကို စိတ်ချမ်းသာစေခဲ့တယ်။ ဘုရားသခင်နဲ့ သူရဲ့ မဟာနိုင်ငံတော်ကို အာရုံစိုက်သောအခါ၊ ဘဝရဲ့စိုးရိမ်ပူပန်မှုတွေကို မနှောင့်ယှက်စေဘဲ ကိုယ်တော်ကို စေ့စေ့ကြည့်ရှုဖို့ ကူညီပေးခဲ့တယ်။

ကျွန်မက ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ ရှာတဲ့အခါ၊ အရာအားလုံးဟာ ထူးဆန်းစွာ အဆင်ပြေသွားခဲ့တယ်။ ကျွန်မရဲ့ သရုပ်ဆောင်အလုပ်က အရမ်းအောင်မြင်သွားပြီး အရာအားလုံး တကယ်ပြောင်းလဲသွားခဲ့တယ်။ ဒီအစီစဉ်ရဲ့ ပထမနေ့မှာ အဲဒီသက်သေခံချက်ကို ဝေငှချင်ခြင်းဖြင့် ချစ်မိတ်ဆွေအတွက် အကျိုးရှိစေပြီး အထောက်အကူဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်။

ဒီနေ့မှာ၊ ဒီကျမ်းပိုဒ်လေးဟာ မိတ်ဆွေရဲ့ ဝိညာဉ်ကို အားဖြည့်ပါစေ။

နေ့ 2

ဤအစီအစဉ်အကြောင်း

Overcoming With Letitia Wright

သရုပ်ဆောင် လက်တီရှာရိုက် (Letitia Wright) ၏ အောင်မြင်ကျော်လွှားခြင်းတည်းဟူသော (၃) ရက်တာ ဗီီဒီယိုအစီစဉ်ကို ပါဝင်လိုက်ပါ။ သူမ၏ ယုံကြည်ခြင်းကို ပိုမိုတိုးပွားစေလျက် မြဲမြံခိုင်ခံ့စေသာ ကျမ်းပိုဒ်များအားဖြင့် ခွန်အားအသစ်ကို ရယူလိုက်ပါ။

More

ဤအစီအစဥ်ကို ထောက်ပံ့ပေးသော သရုပ်ဆောင် လက်တီရှာရိုက် (Letitia Wright) ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ပိုမိုသိလိုပါက၊ https://www.instagram.com/letitiawright သို့ သွားရောက်နိုင်ပါတယ်။