အနှစ်သက်ဆုံး ကျမ်းချက်များနမူနာ
မိတ်ဆွေကို စျေးကြီးပေးဝယ်ခဲ့ပြီးပြီ။ မိတ်ဆွေက ဘုရားသခင်အတွက် အလွန်တန်ဖိုးရှိသူတစ်ယောက် ဖြစ်တယ်။ မိတ်ဆွေဟာ အရေးပါပါတယ်။ ဘုရားက မိတ်ဆွေကို ချစ်တယ်။ အဲဒါတွေအားလုံးကို မိတ်ဆွေက သဘောပေါက်ပါသလား။
တစ်ခါတစ်ရံမှာ၊ ကိုယ့်အတွက် အန္တရာယ်ရှိမှန်းသိတဲ့ အရာတွေကို လုပ်တတ်ကြတယ်။ အကယ်၍ မိတ်ဆွေသာ အဲ့ဒီလိုဖြစ်ပါက မိတ်ဆွေအား ချစ်မြတ်နိုးပြီး တန်ဖိုးရှိစေတဲ့ ဘုရားသခင်နှင့် သက်ဆိုင်ကြောင်း သတိရပါ။
ဒါဆို၊ မိမိဘဝမှာ မိတ်ဆွေကို ထိခိုက်နစ်နာအောင် လုပ်နေတာ တစ်ခုခု ရှိပါသလား။ ရှိခဲ့ရင် အဲဒါတွေကို ရပ်တန်းကရပ်ပြီး သင်ယုံကြည်တဲ့သူတစ်ယောက်နဲ့ ဆွေးနွေးဖို့ မိတ်ဆွေကို စိန်ခေါ်ချင်ပါတယ်။ မိမိမှာရှိသမျှ၊ ဖြစ်သမျှနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို စတင်ထင်ရှားစေပါ။
သတိ။ မြန်မာစာတန်းထိုးများ ပါဝင်ရန် ဗီဒီယိုအောက်တွင်ရှိ ဂီယာသင်္ကေတကို နှိပ်ပါ။ ထို့နောက်၊ "Subtitles” ကို နှိပ်၍ "English (Auto Translate)” ကို နှိပ်ပါ။ ထို့နောက်၊ "Subtitles" ကို ပြန်လည်နှိပ်ပြီး "Auto-Translate" နှိပ်၍၊ နောက်ဆုံးတွင် "Burmese" ကို နှိပ်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဤဗီဒီယို သမ္မာကျမ်းစာအစီအစဉ်တွင်၊ ဆယ်ကျော်သက်များသည် သူတို့၏ အကြိုက်ဆုံးကျမ်းစာပိုဒ်များနှင့် ထိုကျမ်းပိုဒ်များသည် သူတို့၏ ဘဝအပေါ် အကျိုးသက်ရောက်ပုံကို မျှဝေထားပါသည်။ ဤကျမ်းပိုဒ်များသည် မိတ်ဆွေကိုလည်း သက်ရောက်မှုရှိနိုင်ပါသည်။
More