YouVersion လိုဂို
ရှာရန် အိုင်ကွန်

(၁) နှစ်တွင် သမ္မာကျမ်းစာနမူနာ

Whole Bible in Less Than a Year

342 ၏ နေ့ 1

(၁) နှစ််တွင် သမ္မာကျမ်းအစီစဉ်မှာ ကြိုးဆိုပါသည်။ ဤအစီစဉ်ကို အဆုံးတိုင်အောင် ဖတ်ရှုစေဖို့၊ မိမိဓမ္မမိတ်ဆွေများ ဖိတ်ခေါ်ပြီး အတူတကွ ဖတ်ရှုကြပါစို့။ ဤသမ္မာကျမ်းစာဖတ်ရှုခရီးကို ပါဝင်စေဖို့ ဘယ်သူဖိတ်နိုင်မလဲ။ ဤ Youversion သမ္မာကျမ်းစာအက်ပ်ရှိ မိမိဓမ္မမိတ်ဆွေများနှင့်အတူဖတ်ရန် အသွင်ပြင်ကိို အသုံးပြုနိုင်သလို၊ ဤအစီစဉ်ကို သီးသန့် ဖတ်ရှုလျက် တစ်ပတ်တစ်ခါ တွေ့ဆုံပြီး မိမိဖတ်ရှုခဲ့သည့်အရာများအကြောင်းကို ဆွေးနွေးနှီးနှောနိုင်ပါသည်။

မဖတ်ရှုခင်မှာ၊ ဘုရားသခင်သည် မိမိသမ္မာတရားကို ဖော်ပြစေခြင်းငှာ ဆုတောင်းပါ။ အားကိုးရမည့် ကတိတော်တစ်ပါး (သို့) လိုက်နာရမည့် ပညာတော်တစ်ပါး (သို့) ယုံကြည်လက်ခံရမည့် သမ္မာတရား (သို့) သတိထားရမည့် ဆုံးမဖွယ်ရာ (သို့) စိတ်ချမ်းသာစေသည့် ခွန်အားစကား တွေ့ရှိပါက ၎င်းအရာများကို မှတ်ထားပါ။ ဤသမ္မာကျမ်းစာအက်ပ်ရှိ မှတ်စုများတွင် သွင်းနိုင်သလို၊ မိမိစတ်ကူးများကို မှတ်ထားစေခြင်းငှာ မှတ်စုစာအုပ်ကိုလည်း အသုံးပြုနိုင်သည်။ ယနေ့၏ ကျမ်းပိုဒ်များကို ဖတ်ပြီးမှ အောက်ပါ မေးခွန်း (၂) ခုကို အကြောင်းကို ဆင်ခြင်စဉ်းစားပါ။

ဤကျမ်းပိုဒ်များအားတွင်၊ ဘုရားသခင်၊ မိမိကိုယ်ကိုနှင့် လူသားများနှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာများကို သင်ယူမိပါသလဲ။

ယနေ့၊ မိတ်ဆွေအဖို့ အစိတ်ဝင်စားဆုံး ကျမ်းပိုဒ်က ဘာလဲ။ ၎င်းကျမ်းပိုဒ်နှင့် ပတ်သက်သည့်အကြောင်းကို ဘုရားသခင်ထံ ဆုတောင်းပတ္တနာပြုပါ။
နေ့ 2

ဤအစီအစဉ်အကြောင်း

Whole Bible in Less Than a Year

ဤအစီစဉ်သည် နေ့စဉ်ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစာတစ်ခုလုံးကို ဖတ်ရှုဖွယ်ရာရှိပြီး သမ္မာကျမ်းစာတစ်ခုလုံးကို ဖြတ်သန်းသွားရလိမ့်မည် ဖြစ်သည်။ သမ္မာကျမ်းစာကို သက္ကရာဇ်အရ ဖတ်ရှုရသလို၊ ဓမ္မဟောင်းကျမ်းလည်း ဖတ်ရှုလျက်၊ သမ္မာကျမ်းစာသည် အရှင်ယေရှုဘုရားကို ဖော်ပြထားသည့် မဟာဇာတ်တော်ကြီး ဖြစ်ခြင်းအကြောင်းကို ကောင်းစွာ လေ့လာလိမ့်မည်။ သတ္တမနေ့တိုင်းမှာ မိတ်ဆွေသင်ယူနေသည်အရာများကို ခေတ္တခဏ ရပ်ပြီး ဆင်ခြင်သုံးသပ်စေဖို့ အချိန်ပေးပါသည်။

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စပ်ဆိုင်သောအစီအစဉ်များ