YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ၏ရှင်းပြချက်နမူနာ

Philippians

5 ၏ နေ့ 1

မိမိကျမ်းစာဖတ်ရှုဓလေ့ကို ဖိလိပ္ပိသြဝါဒစာ၏ရှင်းပြချက်ဖြင့် စတင်လိုက်ပါ။ ဆရာခရစ့်လန်းဟန်း (Kris Langham) သည် ရှင်ပေါလု၏ ဒုက္ခအတိနှင့် အလွန်ဝမ်းမြောက်ဖွယ်ရာ ဖိလိပ္ပိဩဝါဒစာကို အသံဖြင့် ရှင်းပြပေးပါလိမ့်မည်။ ရှင်ပေါလုသည် ဖိလိပ္ပိအသင်းတော်အား တူညီသောဒုက္ခနှင့် အတူတကွသာသနာပြုခြင်းဖြင့် ပါလာသည့် နက်နဲလှသောပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိရန် ကူညီပေးသည့် ရှင်းပြချက်များနှင့် နေ့စဉ် (၁၀) မိနစ်အတွင်း အားပေးမှုကို ရှိရမည်ဖြစ်သည်။

ဖိလိပ္ပိသြဝါဒစာ၏နိဒါန်း၊ အတူတကွသာသနာပြုခြင်း။

ဖိလိပ္ပိဩဝါဒစာ၏ ရှင်းပြချက်မှ ကြိုဆိုပါသည်။ ဤအစီစဉ်တွင် ဤကျမ်းစာ၏ တစ်ခန်းပြီးတစ်ခန်း အသံလမ်းညွှန်အစီအစဉ် ဖြစ်ပါသည်။ မိမိညွှန်ကြားချက်များသည် အလွန်ရိုးရှင်းလှပါသည်။

ပထမအဆင့်၊ နားတောင်လိုက်ပါ။ ယနေ့၏ အသံပါညွှန်ကြားချက်ကို နားထောင်စေဖို့ ဖွင့်ရန် (Play) ကို နှိပ်ပါ (အင်္ဂလိပ်စကားသာ)။

ဒုတိယအဆင့်၊ ဖတ်ရှုလိုက်ပါ။ယနေ့၏ ကျမ်းပိုဒ်များကို ဖတ်ပါ (သို့) နားတောင်ပါ။

တတိယအဆင့်၊ အကျင့်ကျင့်လိုက်ပါ။ မိမိဖတ်သောကျမ်းပိုဒ်များအကြောင်းကို ဆင်ခြင်စဉ်းစား၍ သမ္မာတရားနှင့်အညီ အကျင့်ကိုကျင့်လိုက်ပါ။ ဤအစီစဉ်ကို မိမဓမ္မမိတ်ဆွေများနှင့်အတူ ဖတ်ရှုနေပါက၊ ထိုဓမ္မမိတ်ဆွေများထံ မိမိနားလည်သဘောပေါက်သောအရာများနှင့် မေးခွန်များကို ဝေငှလျက် သမ္မာတရားနှင့်အညီ သက်ရှင်စေဖို့ အချင်းချင်း တိုက်တွန်းနိုးဆော်လိုက်ပါ။

နေ့ 2

ဤအစီအစဉ်အကြောင်း

Philippians

မိတ်ဆွေသည် မကျူးလွန်မိသည့် ရာဇ၀တ်မှုအားဖြင့် ထောင်သို့ မတရားစွာ ရောက်လျှင် မိမိသူငယ်ချင်းများထံ စာတစ်စောင်ကို ရေးပေးနိုင်မလား။ ဖိလိပ္ပိအသင်းတော်သို့ တမန်တော်ကြီး ရှင်ပေါလု၏ ဩဝါဒစာသည် ရောမထောင်ထဲတွင် ထိုင်နေချိန်၌ပင် ရွှင်လန်းမှုအပြည့်ရှိသူကို ဖော်ပြထားပါသည်။ ဖိလိပ္ပိဩဝါဒစာသည် ဆင်းရဲဒုက္ခခံစဉ်တွင် ဝမ်းမြောက်ခြင်းနှင့် ရရဲင့်သတ္တိကို ဖော်ပြထားသောစာ ဖြစ်သည်။ ဆရာခရစ့်လန်းဟန်း (Kris Langham) သည် ဖိလိပ္ပဩဝါဒစာကို သင်ပေး၍ လမ်းညွှန်ပေးပါလိမ့်မည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော သမ္မာကျမ်းစာကိုဖြတ်သန်းခြင်း (Through The Word) အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက http://throughtheword.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။