ဆုတောင်းပတ္ထနာပြုကြပါစို့နမူနာ
ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်က မိတ်ဆွေကို မေးလျှင်၊ ဉာဏ်ပညာအဖို့ တောင်းလျှောက်မလား။ ရှောလမုန်သည် တောင်းလျှောက်ခဲ့ပါသည်။ (ယာ၊ ၁) တွင်၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်ဟု ဖော်ပြထားသည်။ မိမိ၏ အသက်တာမှာ လိုအပ်နေသည့် ပညာကို ရရှိခံစားနိုင်မည့်အကြောင်း ဘုရားသခင်ထံ ဆုတောင်းပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
More