ပင်ပန်းသောသူများအဖို့ ချမ်းသာခြင်းနမူနာ
အရှင်ယေရှုဘုရားသည် ပင်ပန်းသောသူများအဖို့ ချမ်းသာခြင်းကို မည်သို့ပေးတော်မူသနည်း။
(မ၊ ၁၁း၂၉) တွင်၊ အဖြေတွေ့နိုင်ပါသည် - ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။
ကျွန်တော်တို့သည် အရှင်ယေရှုဘုရားထံ လာရောက်ပြီး သူ၏ထမ်းပိုးကို တင်၍ ထမ်းသောအခါ၊ နွားလယ်ထွန်သကဲ့သို့ သူ၏ ဦးဆောင်မှုကို လက်အောက်ခံရမည်ဖြစ်သည်။ ကျွန်တော်တို့သည် မိမိအသက်တာ၏ သခင်မဖြစ်ဘဲ ရှင်မဿဲခရစ်ဝင်ရှိ ကနဦးတပည့်တော်များ (ရှင်ပေတရုနှင့် ရှင်အန္ဒြေတို့ အပါအဝင်) ကဲသို့ အရှင်ယေရှုဘုရား၏ ခေါ်တော်မူခြင်းကို ခံရလျက် ငါ့နောက်သို့ လိုက်ကြလော့တည်းဟူသော အရှင်ယေရှုဘုရား၏ အမိန့်တော်ကို ကြား၍ နာခံကြပါသည် (မ၊ ၄း၁၉)။ သို့ရာတွင်၊ ဤထမ်းပိုးကို ထမ်းလွယ်လှပါသည်။
ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏ (မ၊ ၁၁း၃၀)။
လွယ်သည်ဟု ပြန်ဆိုထားသော ဂရိဝေါဟာရ chrēstos သည် လျောက်ပတ်သော (သို့) စိတ်ကြိုက်ပြုလုပ်ခဲ့သောဟုလည်း ဘာသာပြန်ထားနိုင်ပါသည်။ မလျော်ပတ်သောထမ်းပိုးသည် နွားအဖို့ စိတ်အနှောင့်အယှက်ဖြစ်စေလျက် ပင်ပန်းစေတတ်သည်။ သို့သော်၊ အရှင်ယေရှုဘုရား၏ ပေါ့လှသော ထမ်းပိုးသည် မိမိတပည့်တော်များအဖို့ ပြည့်စုံသောထမ်းပိုး ဖြစ်ပါသည်။ အကြောင်းမှာ၊ အရှင်ယေရှုဘုရားသည် မိမိသဗ္ဗညုတဉာဏ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောအရှင်အနေနှင့် မိမိတပည့်တော်များ၏ အလိုများကိုလည်း သိတော်မူသည်။ အောက်ပါဆာလံတွင်၊ ရှင်ဘုင်ဒါဝိဒ်သည် ဘုရားသခင်၏ သတိနှင့် ကြည့်ရှုတော်မူခြင်းကျေးဇူးတော်ကို ဤသို့ဖော်ပြထားခဲ့ပါသည်...
အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏ (ဆာ၊ ၁၀၃း၁၃-၁၄)။
အကယ်၍၊ အရှင်ယေရှုဘုရားနောက်လိုက်ပြီး သူ၏ထမ်းပိုးကိုထမ်းခြင်းသည် အမြဲတမ်းသာယာသောအရာ မဖြစ်ပေ။ ဤနောက်လိုက်ခြင်းတွင်၊ စွန့်ခြင်း၊ အနစ်နာခံခြင်းနှင့် မိမိသခင်၏ အလိုတော်ကို လက်ခံခြင်းတို့ကို ပါဝင်မည်ဖြစ်သည်။ သို့ရာတွင်၊ ကျွန်တော်တို့ကို အကြွင်းမဲ့သိလျက် သတိနှင့်ကြည့်ရှုတော်မူသော ဖန်ဆင်းရှင်၏ လက်တော်အောက် ဝမ်းသာဝမ်းမြောက်စွာ နေထိုင်ခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့၏ သခင်တည်းဟူသော အရှင်ယေရှုဘုရား၏ လွယ်သောထမ်းပိုးကို ထမ်းစေဖို့ မည်သို့သင်ယူရမည်နည်း။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဒေါက်တာတိုနီအီဗန် (Dr. Tony Evans) စီရင်ရေးထားသော အစီစဉ်သည် ချမ်းသာခြင်းသို့ ဝင်ရောက်စေသော အရှင်ယေရှုဘုရား၏ အမိန့်တော် (၃) ချက်ကို ပိုမိုနက်ရှိုင်းစွာကြည့်ရှုစေရန် ကူညီပေးပါလိမ့်မည်။
More