စုံစမ်းသွေးဆောင်ခြင်းနမူနာ
မာရ်နတ်ကြောင့် လုပ်မိခဲ့တယ်... ဆိုပြီး လူတော်တော်များများက စုံစမ်းခြင်းထဲကျရောက်သွားတဲ့ အချိန်မျိုး (သို့) အခြေအနေကို မထိန်းချုပ်နိုင်တော့တဲ့အချိန်မျိုးမှာ ဆင်ခြေပေးတတ်ကြပါတယ်။ ရန်သူဟာ ကမ္ဘာကြီးထဲမှာ အဘယ်သူကို ဖျက်ဆီးရမလဲဆိုတာကိုရှာဖွေနေတယ်ဆိုတာ မှန်ကန်သလို ဘုရားရဲ့နောက်တော်ကို လိုက်တဲ့သူတွေရဲ့အထဲမှာ ဘုရားရဲ့ဘုန်းတန်ခိုးတော်လည်း တည်ရှိပါတယ်။ စုံစမ်းခြင်းခံရဖို့က မှားသလား။ စုံစမ်းခြင်းထဲကျရောက်သွားခြင်း (သို့) အခြေအနေကို မထိန်းချုပ်နိုင်တော့တဲ့အချိန်မျိုးမှာ ဘယ်သူကတာဝန်ရှိတာလဲ။ အခက်အခဲကြားထဲရောက်သွားတဲ့အချိန်မျိုးမှာ မိတ်ဆွေအနေနဲ့ တခြားရွေးချယ်စရာတွေ ရှိပါသလား။ သမ္မာကျမ်းစာကတော့ စုံစမ်းနှောင့်ယှက်ခြင်းနဲ့ မိမိကိုယ်ကိုယ်ထိန်းထိန်းခြင်းနဲ့ပတ်သက်လို့ အများကြီးပြောထားပါတယ်။ တူးဆွ ရှာဖွေပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်းက ပုံစံမျိုးစံနဲ့ လာတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဆင်ခြေတွေ ပေးတတ်ကြပြီး ကိုယ့်ကိုယ်ကို မှန်တယ်လို့ ထင်တတ်ကြပါတယ်။ ဒီ (၇) ရက်တာ အစီအစဉ်က မိတ်ဆွေကို ဘုရားရဲ့ဝိညာဉ်တော်အားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းတွေကို ကျော်လွှားနိုင်ဖို့ ပြသပေးသွားပါမယ်။ မိမိစိတ်နှလုံးကို တိတ်ဆိတ်စွာ နေတတ်နေဖို့ အချိန်ယူပါ။ မိမိအထက်တာထဲမှာ ဘုရားသခင်စကားပြောစေခြင်းဖြင့် အကြီးမားဆုံးသော စုံစမ်းခြင်းတွေကို အောင်မြင်ဖို့ ခွန်အားရရှိလာပါလိမ့်မယ်။
More
ဤအစီအစဉ်ကိုတင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။