မိဘနှင့်အတူ အသင့်အတင့်နေခြင်းနမူနာ
စစ်မှန်ပြီးတန်ဖိုးရှိတဲ့အရာတွေ ရရှိစေဖို့ ကြိုးစားရတာ ထိုက်တာပါတယ်။ အဲဒီရာတွေကို ဆန့်ကျင်တွန်းလှန်ဖို့ မဆိုပါဘူးနော်။ မိမိမိဘများနှင့် အသင့်အတင့်နေခြင်းအနုပညာဟာ အဖြေရှာခက်တဲ့ ပြဿနာတစ်ခုပါပဲ။ သူတို့က ဘဝရဲ့အဆုံးအကြောင်းကို စိတ်စွဲလမ်းသလို၊ မိတ်ဆွေက လူငယ်တစ်ယောက်အနေနဲ့ ဘဝရဲ့အစကိုသာ အာရုံစိုက်နေတယ်။ ဒီအမြင်မတူခြင်းဟာ တစ်ခါတလေမှာ အရမ်းပြင်းထန်နိုင်တယ်။ မိမိမိဘများက မိတ်ဆွေကို ကြီးကြီးမားမား အမှားတွေ မပြုလုပ်မိစေဖို့ ဆီးတားနေသလို၊ မိတ်ဆွေက မိမိလွတ်လပ်မှုကို ရှာဖွေလိုတယ်။ ဘုရားသခင်က မိတ်ဆွေရဲ့မိဘများကို မိမိဘ၀မှာ တိကျလှတဲ့ အကြောင်းအရာတွေဖြင့် ထားပေးထားပါတယ်။ မိမိမိဘမှတစ်ပါး အခြားသူများက သင်ပေးလို့မရတဲ့ သင်ယူစရာတွေလည်း ရှိပါတယ်။ မိတ်ဆွေဟာ မိမိမိသားစုထဲမှာ ရှိနေတာက မတော်တဆ မဟုတ်ပါဘူး။ ဒီအမှန်တရားကို မြန်မြန်လက်ခံရင်၊ မိမိမိဘတွေနဲ့ အသင့်အတင့်နေဖို့ ပိုမိုလွယ်ကူလာပါမယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မိမိဘတွေနဲ့ အသင့်အတင့်နေခြင်းက အစဉ်အမြဲ မလွယ်ပေမဲ့ တော်တော်ရေးကြီးပါတယ်။ မိဘကို ရိုသေစွာပြုလော့လို့ အမိန့်တော်ရှိတယ်။ ဒီခုနစ်ရက်တာအစီအစဉ်မှာ၊ မိမိဘဝရှိ ပထမဦးဆုံးဆက်ဆံရေးအကြောင်းနှင့်ပတ်သက်ပြီး မှန်ကန်သောအမြင်ကို တွေ့ရှိပါလိမ့်မည်။ အခြားအကြောင်းအရာတွေအတွက် finds.life.church ကိုဝင်ကြည့်လိုက်ပါ။
More
This plan was created by Life.Church.