YouVersion လိုဂို
ရှာရန် အိုင်ကွန်

နှစ်သစ်ကို ချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်နမူနာ

7 Days to a Sweeter Year

7 ၏ နေ့ 1

၁။ နေ့ရက်စဉ်တိုင်းမှာ ကျေးဇူးတော်ကို ချီးမွမ်းပါ

အနိဋ္ဌာရုံများ၊ စိန်ခေါ်မှုများနှင့် ဒုက္ခဝေဒနာတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မမြင်စေခြင်းငှာ မိမိဓမ္မအာရုံကို ပြောင်းလွဲစေတတ်သည်။ လူသားများသည် လောကဓံတရား၌ ကျင်လည်စဉ်တွင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အလေးမထားဘဲ နေတတ်ကြပါသည်။ နေ့ရက်စဉ်တိုင်းမှာ တကူးတက ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် ကျွန်တော်တို့၏ စိတ်ဝိညာည်ကို ရွှင်လန်းစေ၍ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးပြုတော်မူခြင်းကို ပိုမိုကြည့်ရှုစေခြင်းငှာ အကူအညီ ပေးနိုင်ပါသည်။

မိမိနှစ်သစ်ကို ပိုမိုချိုမြိန်စေဖို့ နေ့စဉ်ကျေးဇူးတော်ချီးမွမ်းခြင်းကို ပြုကြပါစို့။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့်၊ မိမိတောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလိုက်ပါ။ မိမိအသက်တာ၌ ကောင်းသောအရာများနှင့် ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်ကို သာ၍ကြည့်ရှုစေခြင်းငှာ ကိုယ်တာ်မြတ်ထံ ဆုတောင်းပြုပါ။

ကျေးဇူးတော်ချီးမွမ်းခြင်းသည် စိတ်ညစ်ခြင်းကို ပယ်ရှားစေတတ်သည်။ မိမိအသက်တာ၌ ပြဿနာတစ်ခုခု ကြုံရစဉ်တွင်၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို ထောက်လျက် ဘုရားသခင်ထံ ဆုတောင်းလိုက်ပါ။ ကျေးဇူးတော်ချီးမွမ်းအလေ့ကို ရရှိသောအခါ၊ မိမိဓမ္မအာရုံကို ပိုမိုပြုစေလျက် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကျေးဇူးပြုတော်မူခြင်းတို့ကို တွေ့မြင်နိုင်ပါလိမ့်မည်။

နေ့ 2

ဤအစီအစဉ်အကြောင်း

7 Days to a Sweeter Year

သကေနေပွဲ (Rosh Hashanah) သည် ယုဒ (ဂျူး) နှစ်သစ်ကူး ဖြစ်ပါသည်။ လာမည့် နှစ်သစ်ကို ချိုမြိန်ဖြစ်ပါလိမ့်မည်ဟု အလွန်မျှော်လင့်သောကြောင့် တစ်ယောက်ကို တစ်ယောက် ယုဒရိုးရာအစားအစာများကို ကျွေးလျက် မင်္ဂလာစကားကိုလည်း ပြောဆိုလေ့ ရှိကြပါသည်။ နှစ်သစ်ရောက်လာသောအခါ၊ ဤနှစ်သည် အရင်နှစ်ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုသည် အတွေးများ ဝင်လာခဲ့ပါသည်။ မိမိကိုယ်ကို တိုးတက်စေလိုသလို၊ သူတစ်ပါးများနှင့် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းကို ပိုမိုနက်ရှိုင်းစေဖို့ စိတ်ဆန္ဒကိုလည်း ပေါ်လာပါသည်။ လာမည့် နှစ်သစ်ကို ပိုမိုချိုမြိန်စေမည့် နည်းလမ်း (၇) သွယ်အကြောင်းကို ဖတ်ရှုလေ့လာကြပါစို့။

More

ဒီအစီအစဉ်ကို ပေးသည့်အတွက် Jewish Voice Ministries International ကို အထူးကျေးဇူးတင်ပါသည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက https://www.jewishvoice.org/fall-feasts-infographic သို့ ကြည့်ရှုနိုင်ပါသည်။