YouVersion လိုဂို
ရှာရန် အိုင်ကွန်

အတင်းအဖျင်းစကားနမူနာ

Gossip

14 ၏ နေ့ 1

နှုတ်ကြောင့်သေသည်၊ နှုတ်ကြောင့် ကြိုးဒဏ်ခံရ၊ စကားများက အမှားပါ အစရှိသော ဆိုရိုးစကားများစွာမှာ နှုတ်ကို မစောင့်စည်းလျှင် ဘေးဥပဒ်ရောက်ကြောင်းကို ဖော်ပြသည်။ အတင်းအဖျင်းစကားသည်လည်း ခြွင်းချက် မရှိပေ။ အတင်းအဖျင်းစကားသည်လည်း နှုတ်မစောင့်၍ ဘေးဖြစ်စေသော စကားမျိုးအနက်တစ်မျိုး ဖြစ်ကြောင်း အလွယ်တကူပင် ကြောင်းကျိုးသင့်ရှင်းပြနိုင်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့နာကျင်ခံစားရလျှင် ဖြစ်သည်။ အတင်းစကားနှင့်ပတ်သက်၍ အခြေခံသဘောတရားနှစ်ရပ်ရှိသည်။ မိတ်ဆွေဆီ အတင်းစကားလာပြောသူများကလည်း မိတ်ဆွေအကြောင်းကို အတင်းပြန်ပြောကြမည်။ နောက်တစ်ချက်မှာ အတင်းပြောသူတို့အဝင် မဟုတ်ပါကလည်း ဝင်မပြောသင့်ပါ။ ဘုရားသခင်သည် အတင်းပြောခြင်းနှင့်ပတ်သက်၍ အမှန်တကယ်ပင် အလေးထားပါသလား။ ကျွန်တော်တို့ပြောသောစကားများကို အကယ်ပင် ဂရုထားပါသလား။ စကားမည်သို့ပြောရမည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြည့်ရှု၍ သင်ယူပါ။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Gossip

ကျွန်တော်တို့ပြောဆိုသောစကားလုံးများသည် မယုံကြည်နိုင်လောက်အောင် အစွမ်းတန်ခိုးရှိကြသည်။ ဆောက်တည်စေနိုင်သလို၊ ဖြိုလှဲလည်း ပစ်နိုင်သည်။ အတင်းစကားသည် အထူးသဖြင့် အဆိပ်အတောက် ဖြစ်စေသည်။ ထို့ကြောင့်၊ မိမိအသက်တာတွင် စကားလုံးများသည် ဘယ်အခန်းကဏ္ဏမှပါဝင်ကပြနေပါသလဲ၊ သူတစ်ပါးကို ရှင်သန်စေသလား၊ ပျက်စီးစေသလား။ ဤတစ်ပတ်တာအစီအစဉ်ကို ဖတ်ရှုပါက နှုတ်မှထွက်သောစကားတို့ကို ဘုရားသခင် အလွန်တရာ အလေးအနက်ထားကြောင်းကို သိနားလည်ပေလိမ့်မည်။ တိတ်ဆိတ်စွာ နေ၍ ဘုရားရှင် ဘာပြောသည်ကို နားထောင်ပါ။

More

ဤဖတ်ရှုခြင်းအစီအစဉ်ကို LifeChurch.tv က စီစဉ်တင်ဆက်ထားပါသည်။