သေခြင်းနမူနာ
သေခြင်းသည် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တစ်စုံတစ်ယေက်သည် ကျွန်တော်တို့ထံမှ ခွဲခွာသွားတဲ့ခါ ကျွန်တော်တို့အားလုံး ဝမ်းနည်းခြင်းနှင့် ကြေကွဲခြင်းတို့ကို တွေ့ကြုံခံစားရပါသည်။ အချို့သေခြင်းသည် အခြားသူများထက် ပိုပြီးဖြေရှင်းရ လွယ်ကူပါသည်။ သို့သော်၊ အခြေအနေဘယ်လိုပဲဖြစ်ပါစေ၊ ဤအရာသည် လွယ်ကူသောအရာ မဟုတ်ပါ။ ထို့ကြောင့်၊ ချစ်ခင်ရသောသူကို ဆုံးရှုံးရခြင်းကို ကျွန်တော်တို့စဉ်းစားသောအခါ ကျွန်တော်တို့၏ စိတ်နှလုံးမှာ မေးခွန်းများစွာ ထွက်ပေါ်လာပါသည်။ အချို့လူများက ဘုရားသခင်ကို အပြစ်တင်ပြီး တချို့က ငြိမ်နေကြပါသည်။ တချို့လူနည်းစုက သေခြင်းကို ဘုရားသဘောနှင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိကြပါသည်။ ကျွန်တော်တို့အတွက် ကောင်းသောအရာမှာ ဤကဲ့သို့ အချိန်ကျရင် ကျွန်တော်တို့၏ ခွန်အားအရင်းအမြစ်နှင့် နှစ်သိမ့်မှုဖြစ်ရန် ဘုရားသခင်အလိုရှိပါသည်။ မိတ်ဆွေသည် ကျိုးပဲ့တဲ့နှလုံးသားနှင့် ဖြေရှင်းရသောအခါ မိတ်ဆွေအပေါ် ဘုရားသခင်ထားသောသူ့၏ နှလုံးသားကို ကြည့်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
ဘဝတွင် လူတိုင်းသည် သေခြင်းကို ရင်ဆိုင်တွေ့ကြုံကြရသည်။ ထို့ကြောင့်၊ မေးခွန်းများစွာ ထွက်လာပြီး ကျွန်တော်တို့ကို အူထဲအသည်းထဲထိတိုင် တုန်လှုပ်စေပါသည်။ ဤ (၇) ရက်တာ သမ္မာကျမ်းအစီအစဉ်က ကျွန်တော်တို့သေမျိုးဖြစ်သော်လည်း အားတက်စရာ၊ ဖြေသိမ့်စရာတို့ ရှိကြောင်း အကျဉ်းမျှသိမြင်စေပါမည်။
More
This plan was created by Life.Church