YouVersion လိုဂို
ရှာရန် အိုင်ကွန်

အဝတ်အစားနမူနာ

Clothing

7 ၏ နေ့ 1

သမ္မာကျမ်းစာတွင် အဝတ်အစားနှင့်ပတ်သက်သည့် စည်းမျဉ်းများဖော်ပြထားပါသလား။ အချို့တို့တွေးထင်သောနည်းဖြင့် မဖော်ပြထားသော်လည်း ဣန္ဒြေစောင့်ထိန်းခြင်းနှင့်ပတ်သက်၍ တန်ဖိုးရှိသော အခြေခံသဘောတရားတို့ကို ဖော်ပြထားပါသည်။ ဤဖတ်ရှုခြင်းအစီအစဉ်တွင် သမ္မာကျမ်းစာကို ရေးသားခဲ့သည့် ခေတ်ကာလနှင့် ၎င်း၏ယဉ်ကျေးမှုဆိုင်ရာသဘောသဘာဝကို ကျော်၍ ကြည့်ရှုဆင်ခြင်ရမည့်အပိုင်း ရှိသော်လည်း အခြေခံသဘောတရားကိုမူ မခြွင်းချန်ထားပါနှင့်။ မိတ်ဆွေလိုချင်သည့်အတိုင်း ဘာကြောင့်ဝတ်ဆင်လိုသနည်း။ အထူးဝတ်စုံကို ဝတ်ရမည့် ရည်မှန်းချက်မှာ မည်သို့နည်း။ မိမိအပေါ်နှင့် ဘုရားသခင်အပေါ် မှန်ကန်စွာသဘောထားပါ။ မိတ်ဆွေသည် ဘုရားသခင်၏ လက်နက်စုံကို အရင်ဦးစွာဝတ်ဆင်လျှင် အခြားအဝတ်အစားများကို ဝတ်ဆင်ရာတွင် ၎င်းသည် မိတ်ဆွေကို ညွှန်ကြားပေးပါလိမ့်မည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Clothing

လူ့ဘောင်အဖွဲ့အစည်းတွင် လူတစ်ဦးတစ်ယောက်၏ အဝတ်အစားအပေါ် အလွန်အရေးထားတတ်သည်။ သမ္မာကျမ်းစာတွင်၊ ကျွန်တော်တို့ အသွင်ဆောင်ရမည့်ပုံကို မည်သို့ပြောထားပါသနည်းဟု စူးစမ်းသိလိုကောင်းသိလိုနေလိမ့်မည်။ ထိုအမှုသည် အရေးပါလိမ့်မည်လော။ မိတ်ဆွေသည် ဘုရားသခင်၏ သားသမီးဖြစ်သောကြောင့် ထိုအမှုသည် အရေးပါကြောင်း ဤ (၇) ရက် အစီအစဉ်သည် မိတ်ဆွေကို သဘောပေါက်စေလိမ့်မည်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church