YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေါသနှင့် မုန်းတီးခြင်းနမူနာ

Anger and Hatred

7 ၏ နေ့ 1

ဒေါသတိုင်း အပြစ်မဟုတ်ပါ။ အမှန်မှာ ဘုရားသခင်အမျက်ထွက်တော်မူသည့်အရာအတွက် သင့်မှာလည်း ဒေါသထွက်ခွင့်ရှိသည်။ ၎င်းကို ဖြောင့်မှတ်သောဒေါသဟုခေါ်သည်။ သင်သည် နေဝင်သည့်တိုင်အောင်သာ ထိုသို့ ဒေါသထွက်ခွင့်ရှိသည်။ သင့်ဒေါသ၏လားရာကို သိနိုင်ရန် သင့်နှလုံးသားကို စမ်းဆေးဖို့ လိုအပ်ပါသည်။ သင်သည် ဒေါသကို မျိုသိပ်ထားသည်ဖြစ်စေ၊ ဒေါသပေါက်ကွဲလိုက်သည်ဖြစ်စေ နှစ်မျိုးစလုံးက အန္တရာယ်များပါသည်။ မထိန်းချိုပ်ထားသောဒေါသသည် သင့်အတွက်နှင့် သင့်ဝန်းကျင်၌ရှိသောလူတို့အတွက်ပါ မကောင်းကြောင်း သင်သိပြီးသားဖြစ်ပါလိမ့်မည်။ သင်၏ဒေါသကို မေတ္တာသို့ပြောင်းလဲစေရန် ဘုရားသခင်အား ခွင့်ပေးရမည့်အချိန်ဖြစ်သည်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Anger and Hatred

ဒေါသသည် တစ်ချိန်ချိန်တွင် လူတိုင်းကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စတစ်ရပ်ဖြစ်သည်။  ဤခုနစ်ရက်အစီအစဉ်သည် ကျမ်းစာရှုထောင့်မှ ၎င်းကိုကြည့်ရှုဖြေရှင်းနိုင်ရန် နေ့စဉ်ဖတ်စရာကျမ်းချက်တို့ကို ပြင်ဆင်ပေးပါသည်။ ကျမ်းချက်ကိုဖတ်ရှုပါ။ အချိန်ယူ၍ ကိုယ့်ကိုယ်ကိုယ်မှန်ကန်စွာကြည့်ရှုပြီး သင်၏အခြေအနေအပေါ် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။

More

We would like to thank LifeChurch.tv for providing this plan. For more information, please visit: www.lifechurch.tv