မတော်မတရားပြုခြင်းနမူနာ
မတော်မတရားပြုခြင်းသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်တတ်သည်။ ကိုယ်ကာယ၊ စိတ်နှင့်လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခြင်းသည် မကြာခဏ ဖြစ်ပေါ်တတ်သည့် အရာဖြစ်ပြီး ဤအမှုတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို လူတို့မသိကြပေ။ မိတ်ဆွေသည် မတော်မတရားပြုသူဖြစ်လျှင်၊ မပြုတော့နှင့်။ မတော်မတရားပြုခြင်းခံရသူဖြစ်လျှင်၊ ထိုမတော်မတရားပြုသူနှင့် မည်သို့ဆက်ဆံရမည်ကို ဖြေရှင်းဆုံးဖြတ်နိုင်ရန် နှုတ်ကပတ်တော်တရားကို မိတ်ဆွေအား လမ်းပြစေပါ။ အန္တရာယ်နှင့် ကြုံတွေ့နေပါက၊ ချက်ချင်းထွက်ခွာရပါမည်။ မိမိခံရသည့် မတော်မတရားမှုသည် သေရေးရှင်းရေး မဟုတ်ဘဲ ယခင်ခံရသည့် အမှုထဲတွင် ယခုတိုင်အောင် ရုန်းကန်နေရသည့်အရာ ဖြစ်သည်ဆိုလျှင် အချိန်ယူပြီး ဤကိစ္စိနှင့်ဆက်စပ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မွေ့လျော်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
မတော်မတရားပြုတာကို ဘယ်သူ့မှခံစရာအကြောင်း မရှိဘူး။ ဘုရားသခင်က မိတ်ဆွေကို ချစ်တယ်။ မိတ်ဆွေကို မြတ်နိုးပြီး၊ သတိနဲ့ကြည့်ရှုနေတာကို သိစေချင်တယ်။ မှားယွင်းခြင်း၊ ချို့ယွင်းခြင်းနဲ့ အထင်လွဲခြင်းတွေက ကိုယ်ကာယ၊ လိင် (သို့) စိတ်ပိုင်းဆိုင်ရာမတော်မတရားမှုတွေနဲ့ မဆုံစေသင့်ပါ။ ဘုရားသခင်ဟာ လူတစ်ဦးစီတိုင်းအတွက် တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ နှစ်သိမ့်ခြင်းရှိဖို့ လိုးလားတော်မူတယ်ဆိုတာကို ဒီ (၇) ရက်အစီအစဉ်က မိတ်ဆွေကို နားလည်သဘောပေါက်စေမှာပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church