ဒေါသ
ဒေါသ
ကျွန်တော်တို့ထဲတွင် အကောင်းဆုံးသောသူပင် ဒေါသထွက်တတ်ပါသည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းနှင့်ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်းတို့တွင် အခြေခံသောအားဖြင့် ဒေါသကို တုံ့ပြန်နိုင်ပါသည်။ ဒေါသအစီစဉ်ကို ဖတ်တဲ့အခါမှာ ယုံကြည်အားကိုးမှု ဖတ်ရှုအစီအစဉ်ကိုလည်း ဖတ်ပါဟု တိုက်တွန်းအားပေးပါသည်။ ဖော်ပြပါကျမ်းပိုဒ်များကို အလွတ်ကျက်သောအခါ ဒေါသကို လျော်စွာတုံ့ပြန်ရန် မိတ်ဆွေကို ကူညီပေးနိုင်သည်။ ကျမ်းချက်ကို အလွတ်ကျက်ခြင်းအားဖြင့် မိမိအသက်တာကို ပြောင်းလဲစေပါ။ ကျမ်းချက်ကို အလွတ်ကျက်နိုင်သည့် ပြည့်စုံသောစနစ်ကို www.MemLok.com တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မတော်မတရားပြုခြင်း
မတော်မတရားပြုတာကို ဘယ်သူ့မှခံစရာအကြောင်း မရှိဘူး။ ဘုရားသခင်က မိတ်ဆွေကို ချစ်တယ်။ မိတ်ဆွေကို မြတ်နိုးပြီး၊ သတိနဲ့ကြည့်ရှုနေတာကို သိစေချင်တယ်။ မှားယွင်းခြင်း၊ ချို့ယွင်းခြင်းနဲ့ အထင်လွဲခြင်းတွေက ကိုယ်ကာယ၊ လိင် (သို့) စိတ်ပိုင်းဆိုင်ရာမတော်မတရားမှုတွေနဲ့ မဆုံစေသင့်ပါ။ ဘုရားသခင်ဟာ လူတစ်ဦးစီတိုင်းအတွက် တရားမျှတခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ နှစ်သိမ့်ခြင်းရှိဖို့ လိုးလားတော်မူတယ်ဆိုတာကို ဒီ (၇) ရက်အစီအစဉ်က မိတ်ဆွေကို နားလည်သဘောပေါက်စေမှာပါ။
ဒေါသနှင့် မုန်းတီးခြင်း
ဒေါသသည် လူတိုင်းအားလုံး ကြုံရသည့် ပြဿနာတစ်ခု ဖြစ်သည်။ ဤ (၇) နစ်ရက်အစီအစဉ်သည် နေတိုင်းဖတ်ရှုဖွယ်ရာအားဖြင့် သမ္မာတရားကို ထင်ရှားစွာ ဖော်ပြထားပါလိမ့်မည်။ ကျမ်းပိုဒ်များကို ဖတ်ရှုပြီး အချိန်ကိုယူ၍ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာ ကြည့်ရှုလျက် မိမိ၏အခြေအနေအပေါ် ဘုရားသခင်အား စကားပြောခွင့်ပေးပါ။
ခွင့်လွှတ်ခြင်း
ခွင့်လွှတ်ခြင်း။ ကျမ်းချက်အချို့ကို ကြည့်ကြပါစို့။ ဘုရားသခင်သည် မိတ်ဆွေအား ငြိမ်သက်ခြင်း၊ မကြောက်ရွံ့ခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ဝရန် အလိုတော်ရှိပါသည်။ ဘုရားသခင်က သင့်အား စိုးရိမ်ကြောင့်ကြခြင်း မရှိစေလိုပဲ အမျက်ဒေါသနှင့်လည်း မပြည့်ဝစေချင်ပါဘူး။ ခွင့်လွှတ်ခြင်းဆိုင်ရာ ကျမ်းချက်များက မိတ်ဆွေကို ဘယ်လို ပိုပြီးခွင့်လွှတ်တတ်တဲဲ့သူတစ်ယောက်ဖြစ်အောင် သင်ပေးပါမည်။ ဉာဏ်ပညာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို တွေးတောဆင်ခြင်ကြောင်းမှ ရရှိပါသည်။
ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း
မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။