YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိ 10:1-12

ဇာခရိ 10:1-12 Judson Bible (JBMLE)

နောက်​မိုး ရွာ​ရာ​ကာ​လ​တွင် မိုး​ရွာ​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျှပ်​စစ်​ကို​ပြင်​ဆင်၍ များ​စွာ​မိုး​ရွာ​စေ​သ​ဖြင့်၊ ခပ်​သိမ်း​သော​လူ​တို့​အ​ဖို့ လယ်​ပြင်၌ အ​ပင် ပေါက်​စေ​တော်​မူ​မည်။ တေ​ရပ်​ရုပ်​တု​တို့​သည် အ​န​တ္တ​စ​ကား​ကို ပြော​ကြ၏။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​သည် မု​သား​ရူ​ပါ​ရုံ​ကို​မြင်၍၊ မ​မှန်​သော​အိပ်​မက်​ကို ဟော​ပြော​ကြ၏။ အ​ချည်း​နှီး နှစ်​သိမ့်​စေ​ကြ၏။ ထို​ကြောင့်၊ သိုး​စု​ကဲ့​သို့ လည်​သွား၍ သိုး​ထိန်း​မ​ရှိ​သော​ကြောင့် ဆင်း​ရဲ​ခံ​ရ​ကြ၏။ သိုး​ထိန်း​တို့​ကို ငါ​အ​မျက်​ထွက်၍၊ ဆိတ်​ထီး​တို့​ကို စစ်​ကြော​သ​ဖြင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သိုး​စု ယု​ဒ​အ​မျိုး​ကို အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ဘုန်း​တော်​ကို​ဆောင်​သော စစ်​တိုက်​မြင်း​ကဲ့​သို့ ဖြစ်​စေ​တော်​မူ​မည်။ ထို​အ​မျိုး​ထဲ​က တိုက်​ထောင့်​အ​မြစ်​ကျောက်၊ တံ​စို့၊ စစ်​တိုက်​လေး၊ မင်း​ဖြစ်​သော လူ​အ​ပေါင်း​တို့​သည် ထွက်​ကြ​လိမ့်​မည်။ သူ​တို့​သည် စစ်​တိုက်​ရာ​တွင် လမ်း၌​ရှိ​သော​ရွှံ့​ကို​နင်း​သော စစ်​သူ​ရဲ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​ကြောင့်၊ စစ်​တိုက်၍ မြင်း​စီး​သူ​ရဲ​တို့​ကို အ​ရှက်​ခွဲ​ကြ​လိမ့်​မည်။ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ခိုင်​ခံ့​စေ​မည်။ ယော​သပ်​အ​မျိုး​ကို​လည်း ငါ​ကယ်​တင်​မည်။ သူ​တို့​ကို သ​နား​စုံ​မက်​သော​ကြောင့် နေ​ရာ​ချ​မည်။ သူ​တို့​သည် နှင်​ထုတ်​ခြင်း​ကို မ​ခံ​ဖူး​သ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍ သူ​တို့​စ​ကား​ကို နား​ထောင်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် သူ​ရဲ​ကဲ့​သို့ ဖြစ်၍၊ စ​ပျစ်​ရည်​နှင့်​ဝ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သား​မြေး​တို့​သည် မြင်​လျက် ဝမ်း​မြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လိမ့်​မည်။ သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် မျိုး​စေ့​ကဲ့​သို့ ငါ​ကြဲ​သ​ဖြင့်၊ ဝေး​သော​ပြည်၌ ငါ့​ကို​အောက်​မေ့၍၊ သား​မြေး​တို့​နှင့်​တ​ကွ အ​သက်​ရှင်​လျက် ပြန်​လာ​ကြ​လိမ့်​မည်။ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ အာ​ရှု​ရိ​ပြည်​မှ​ခေါ်၍ စု​ဝေး​စေ​မည်။ ဂိ​လဒ်​ပြည်​နှင့် လေ​ဗ​နုန်​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့ နေ​စ​ရာ​ဖို့ မြေ​မ​လောက်​နိုင်။ ပင်​လယ်​အ​လယ်၌ လျှောက်​သွား၍ ညှဉ်း​ဆဲ​လျက်၊ ပင်​လယ်​တံ​ပိုး​များ​ကို ဒဏ်​ခတ်​တော်​မူ​မည်။ မြစ်၌ နက်​နဲ​သော​အ​ရပ်​ရှိ​သ​မျှ​တို့​လည်း ခန်း​ခြောက်​ကြ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၏​မာ​န​ကို နှိမ့်​ချ၍၊ အဲ​ဂု​တ္တု​မင်း၏​အာ​ဏာ​သည်​လည်း ကွယ်​ပျောက်​လိမ့်​မည်။ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဇာခရိ 10:1-12 Common Language Bible (BCL)

နွေ​ဦး​ပေါက်​သော​အ​ခါ​မိုး​ရွာ​စေ​ရန်​ထာ​ဝ​ရ ဘု​ရား​အား လျှောက်​ထား​တောင်း​ခံ​ကြ​လော့။ မိုး တိမ်​များ​ကို​စေ​လွှတ်​ကာ​မိုး​ရွာ​စေ​၍​လူ​ခပ် သိမ်း​တို့​အ​တွက် လယ်​ပြင်​များ​ကို​စိမ်း​လန်း စေ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။- လူ​တို့​သည်​နတ်​ရုပ်​များ၊ ရုပ်​တု​များ၊ ဗေ​ဒင် ဆ​ရာ​များ​ကို​မေး​မြန်း​စုံ​စမ်း​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​ရ​ရှိ​သည့်​အ​ဖြေ​များ​မှာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည့်​မု​သား​စ​ကား များ​ဖြစ်​၏။ အ​ချို့​သော​သူ​တို့​သည်​အိပ်​မက် များ​ကို​အ​နက်​ဖွင့်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​သင်​တို့​အား​လမ်း​မှား​သို့​သာ​လျှင် ပို့​ဆောင်​ပေး​တတ်​၏။ သူ​တို့​အ​ထဲ​မှ​ရ​ရှိ သည့်​နှစ်​သိမ့်​မှု​မှာ​လည်း​အ​ချည်း​နှီး​သာ လျှင်​ဖြစ်​ပေ​သည်။ ထို့​ကြောင့်​လူ​တို့​သည် လမ်း​လွဲ​သည့်​သိုး​များ​ကဲ့​သို့​လှည့်​လည် သွား​လာ​လျက်​နေ​ရကြ​၏။ ဦး​စီး​ခေါင်း ဆောင်​မ​ရှိ​သ​ဖြင့် ဒုက္ခ​ရောက်​လျက်​ရှိ ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​မိ​မိ​လူ​မျိုး တော်​ကို​အုပ်​စိုး​သည့်​မင်း​တို့​အား အ​မျက် ထွက်​သ​ဖြင့်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ယု​ဒ ပြည်​သား​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​စောင့်​ထိန်း​ကြည့်​ရှု​မည်။ သူ တို့​သည်​ငါ​၏​အင်​အား​ကြီး​မား​သည့်​စစ် မြင်း​များ​ဖြစ်​ကြ​လိမ့်​မည်။- သူ​တို့​အ​ထဲ​မှ​မင်း​များ၊ ခေါင်း​ဆောင်​များ၊ တပ်​မှူး​များ​အ​စ​ရှိ​သည်​တို့​ပေါ်​ထွန်း လာ​မည်။- ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။ ``ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​ကြံ့​ခိုင် စေ​၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​ကယ်​တင်​မည်။ ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​ထား​၍၊မိ​မိ တို့ နေ​ရင်း​ဌာ​နေ​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ မည်။ သူ​တို့​သည်​ငါ​၏​ပစ်​ပယ်​မှု​ကို​အ​ဘယ် အ​ခါ​၌​မျှ မ​ခံ​ရ​ဘူး​သူ​များ​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စစ်​သည်​သူ​ရဲ များ​ကဲ့​သို့ ကြံ့​ခိုင်​လျက်​စ​ပျစ်​ရည်​သောက်​သူ​များ​ကဲ့​သို့ ပျော်​ရွှင်​လျက်​နေ​လိမ့်​မည်။ သူ​တို့​၏​သား​မြေး​များ​သည်​ဤ​အောင်​ပွဲ​ကို ပြန်​လည်​သ​တိ​ရ​ကာ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​အ​မှု တော်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။ လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။ ငါ​သည်​သူ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ထံ​သို့ ပျံ့​လွင့်​စေ​ခဲ့​သော်​လည်း၊ ထို​ဝေး​လံ​ရာ​အ​ရပ်​များ​မှ​သူ​တို့​သည်​ငါ့​ကို အောက်​မေ့​သ​တိ​ရ​ကြ​လိမ့်​မည်။ သူ​တို့​နှင့်​သူ​တို့​သား​သ​မီး​များ​သည် အ​သက်​မ​သေ​ဘဲ ကျန်​ရစ်​ကာ​မိ​မိ​တို့​ပြည်​သို့​ပြန်​လာ​ကြ လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ ပြည်​မှ ပြန်​လည်​ခေါ်​ဆောင်​ကာ၊မိ​မိ​တို့​နေ​ရင်း​ပြည်​တွင် နေ​ရာ​ချ​ထား​မည်။ သူ​တို့​အား​ဂိ​လဒ်​ပြည်​နှင့်​လေ​ဗ​နုန်​ပြည်​တွင် လည်း ငါ​နေ​ရာ​ချ​ထား​မည်။ သို့​ဖြစ်​၍​လူ​တို့​နေ​စ​ရာ​မြေ​မ​လောက် နိုင်​အောင် ရှိ​လိမ့်​မည်။ သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ကြံ့​ခိုင်​စေ​မည်။ သူ​တို့​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​လျက် ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်'' ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သည့် စ​ကား​ဖြစ်​၏။

ဇာခရိ 10:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုးနှောင်း​ကာလ​တွင် မိုးရွာ​စေရန် ထာဝရဘုရား​ထံ​တောင်းလျှောက်​ကြ​လော့​။ ထာဝရဘုရား​သည် မိုးတိမ်တိုက်​ကို ဖြစ်ပေါ်​စေ​၏​။ မိုးရွာ​စေ​ခြင်း​ဖြင့် လူ​အပေါင်း​တို့​၏​လယ်ပြင်​မှ အပင်​များ​အတွက် မိုးရေ​ကို ရရှိ​စေ​တော်မူ​၏​။ အကယ်စင်စစ် တေရပ်ရုပ်တု​တို့​သည် လှည့်စား​သော​စကား​ကို​ဆို​၏​။ ဂမ္ဘီရပညာရှင်​တို့​လည်း မဟုတ်မမှန်​သော​နိမိတ်​ကို မြင်​ကြ​၏​။ အလိမ်အညာ​အိပ်မက်​များ​ကို မြင်မက်​ပြီး အချည်းနှီး​နှစ်သိမ့်​ပေး​တတ်​၏​။ ထို့ကြောင့် လူ​တို့​သည် သိုးစု​ကဲ့သို့ လှည့်လည်​သွားလာ​ရ​ကြ​၏​။ သိုးထိန်း​မ​ရှိ​သဖြင့် အနှိပ်စက်​ခံရ​ကြ​၏​။ “သိုးထိန်း​တို့​ကို ငါ​အမျက်ထွက်​၏​။ ခေါင်းဆောင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ အကြောင်းမူကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် မိမိ​၏​သိုးစု​ယုဒ​အမျိုးအနွယ်​ကို ကြည့်ရှု​ထောက်မ​၍ သူ​တို့​ကို ရဲစွမ်းသတ္တိ​ရှိ​သော​စစ်​မြင်း​ကဲ့သို့ ဖြစ်​စေ​မည်​။ ထို​မျိုးနွယ်​ထဲမှ ထောင့်ချုပ်ကျောက်​၊ ငုတ်တိုင်​၊ စစ်​လေးလက်နက်​နှင့် အုပ်ချုပ်​သူ​အပေါင်း​တို့ အတူတကွ​ထွက်ပေါ်​လာ​လိမ့်မည်​။ သူ​တို့​သည် လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ စစ်ပွဲ​တွင် ရန်သူ​ကို​နင်းချေ​သော​စစ်သူရဲ​များ ဖြစ်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ပါရှိ​သောကြောင့် စစ်တိုက်​ရာ​တွင် မြင်းစီးသူရဲ​တို့​ကို အရှက်ကွဲ​စေ​လိမ့်မည်​။ ငါ​သည် ယုဒ​အမျိုးအနွယ်​ကို ခွန်အား​နှင့်​ပြည့်​စေ​မည်​။ ယောသပ်​အမျိုးအနွယ်​ကို ကယ်တင်​မည်​။ သူ​တို့​ကို​သနားစုံမက်​သောကြောင့် ပြန်လည်​ခေါ်ဆောင်​လာ​မည်​။ သူ​တို့​သည် ငါ​မ​စွန့်ပယ်​ဖူး​သော​သူ​ကဲ့သို့ ဖြစ်​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား ဖြစ်​တော်မူ​သောကြောင့် သူ​တို့​ကို ငါ​ထူး​မည်​။ ဧဖရိမ်​အမျိုး​သည် စစ်သူရဲ​ကဲ့သို့​ဖြစ်​ကြ​လိမ့်မည်​။ စပျစ်ဝိုင်​သောက်​သော​သူ​ကဲ့သို့ ဝမ်းမြောက်​ရွှင်လန်း​ကြ​လိမ့်မည်​။ ထို​အဖြစ်​ကို တွေ့မြင်​ရ​သော​သားသမီး​များ​လည်း ဝမ်းမြောက်​ကြ​လိမ့်မည်​။ ထာဝရဘုရား​၌ သူ​တို့​၏​စိတ်နှလုံး​ရွှင်လန်း​ရ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို လေချွန်​ပြီး ခေါ်ယူ​စုသိမ်း​မည်​။ သူ​တို့​ကို အမှန်ပင် ရွေးနုတ်ကယ်တင်​မည်​။ ယခင်က တိုးပွား​ခဲ့​သည့်​အတိုင်း ဆက်လက်​တိုးပွား​စေ​မည်​။ ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​ထံ ကွဲလွင့်​စေ​ခဲ့​သော်လည်း သူ​တို့​သည် ရပ်ဝေး​၌ပင် ငါ့​ကို​သတိရ​ကြ​လိမ့်မည်​။ သူ​တို့​သည် သားသမီး​များ​နှင့်တကွ အသက်ရှင်​လျက် ပြန်လာ​ရ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ ပြန်ခေါ်​လာ​မည်​။ အဆီးရီးယား​ပြည်​မှ ပြန်လည်​စုသိမ်း​မည်​။ ဂိလဒ်​ပြည်​၊ လက်ဘနွန်​တောင်​သို့ ခေါ်ဆောင်​လာ​မည်​။ သူ​တို့​နေစရာ​အဖို့ နေရာလပ်​မ​ကျန်​အောင် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ဒုက္ခ​ပင်လယ်​ကို ဖြတ်ကျော်​၍ ပင်လယ်​လှိုင်းတံပိုး​တို့​ကို ဒဏ်ခတ်​လိမ့်မည်​။ နိုင်း​မြစ်​ရေထုကြီး​လည်း ခန်းခြောက်​သွား​လိမ့်မည်​။ အဆီးရီးယား​ပြည်​၏​မာန ချိုးဖျက်​ခံရ​လိမ့်မည်​။ အီဂျစ်​ပြည်​၏​ရာဇလှံတံ​လည်း ကွယ်ပျောက်​ရ​လိမ့်မည်​။ ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။