YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 3:4-7

တိတု 3:4-7 Judson Bible (JBMLE)

ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊- ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။- ငါ​တို့​ကို ကယ်​တင်​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ပေါ်​သို့ ထို​ဝိ​ညာဉ်​တော်​ကို ကြွယ်​ဝ​စွာ သွန်း​လောင်း​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။

တိတု 3:4-7 Common Language Bible (BCL)

သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊- ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏​ကယ်​တင်​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ငါ​တို့​အ​ပေါ်​သို့​ကြွယ်​ဝ​စွာ​သွန်း လောင်း​တော်​မူ​၏။- ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။

တိတု 3:4-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။ ဘုရားသခင်​သည် ထို​ဝိညာဉ်​တော်​ကို ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အပေါ် ကြွယ်ဝ​စွာ​သွန်းလောင်း​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် အမွေခံ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။