YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 3:3-5

တိတု 3:3-5 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။- ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊- ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။

တိတု 3:3-5 Common Language Bible (BCL)

အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။- သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊- ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

တိတု 3:3-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။ သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။