YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 3:1-15

တိတု 3:1-15 Judson Bible (JBMLE)

လူ​တို့​သည် အ​ထွတ်​အ​မြတ်​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း၏​စ​ကား​ကို နား​ထောင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု၍ အ​သင့်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- အ​ဘယ်​သူ​ကို​မျှ​မ​ကဲ့​ရဲ့၊ ရန်​တွေ့​ခြင်း​ကို​မ​ပြု၊ ဖြည်း​ညင်း​သော သ​ဘော​ရှိ၍၊ ခပ်​သိမ်း​သော သူ​တို့၌ အ​လွန်​နူး​ညံ့​သိမ်​မွေ့​စွာ ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း သ​တိ​ပေး​လော့။- အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။- ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၏ စေ​တ​နာ​တော်​နှင့် လူ​တို့​ကို​ချစ်​တော်​မူ​သော မေ​တ္တာ​တော်​သည် ပေါ်​ထွန်း​သော​အ​ခါ၊- ငါ​တို့​ကျင့်​သော ဖြောင့်​မတ်​ခြင်း​အ​ကျင့်​အား​ဖြင့် မ​ဟုတ်​ဘဲ၊ မိ​မိ​သ​နား​ခြင်း​က​ရု​ဏာ​တော်​နှင့်​အ​ညီ ဒု​တိ​ယ မွေး​ခြင်း​နှင့်​ဆိုင်​သော ဆေး​ကြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏ အ​သစ်​ပြု​ပြင်​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ၏။- ငါ​တို့​ကို ကယ်​တင်​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ပေါ်​သို့ ထို​ဝိ​ညာဉ်​တော်​ကို ကြွယ်​ဝ​စွာ သွန်း​လောင်း​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​ရောက်၍ ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​နှင့်​အ​ညီ အ​မွေ​ခံ​ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။ ဤ​စ​ကား​သည် သ​စ္စာ​စ​ကား​ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော​သူ​တို့​သည် ကောင်း​သော​အ​ကျင့် တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သ​တိ​ပြု​ရ​ကြ​မည်​အ​ကြောင်း၊ သင်​သည် ဤ​အ​ရာ​များ​ကို ကြိုး​စား၍ ဟော​ပြော​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ ထို​အ​ကျင့်​တို့​သည် ကောင်း​သည်​သာ​မ​က၊ လူ​တို့၏​အ​ကျိုး​ကို ပြု​စု​တတ်​သော အ​ကျင့်​ဖြစ်​ကြ၏။- မိုက်​မဲ​သော ပု​စ္ဆာ​အ​မေး​တို့​ကို​လည်း​ကောင်း၊ ဆွေ​စဉ်​မျိုး​ဆက် စာ​ရင်း​တို့​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကြောင့် ရန်​တွေ့​ခြင်း၊ တိုက်​လှန်​ခြင်း​တို့​ကို​လည်း​ကောင်း ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရာ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး သက်​သက်​ဖြစ်​ကြ၏။- သင်း​ခွဲ​သော​သူ​ကို နှစ်​ကြိမ်​မြောက်​အောင်​ဆုံး​မ​ပြီး​မှ ပယ်​ရှား​နှင်​ထုတ်​လော့။- ထို​သို့​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို သိ​လျက်​ပင် အ​ပြစ်​ပြု၍ မှောက်​လှန်​သော စိတ်​ရှိ​သော​သူ ဖြစ်​သ​တည်း။ အာ​တေ​မ​သော်​လည်း​ကောင်း၊ တု​ခိတ်​သော်​လည်း​ကောင်း၊ သင့်​ဆီ​သို့ ငါ​စေ​လွှတ်​သော​အ​ခါ နိ​ကော​ပ​လိ​မြို့​တိုင်​အောင် ငါ့​ထံ​သို့​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ ဆောင်း​ကာ​လ​ပတ်​လုံး ထို​မြို့၌ ငါ​နေ​မည်​ဟု​အ​ကြံ​ရှိ၏။- ကျမ်း​ဆ​ရာ​ဇေ​န​နှင့်​အာ​ပေါ​လု၌ အ​ဘယ်​အ​ရာ​မျှ​မ​လို​စေ​ခြင်း​ငှာ ကြိုး​စား၍​လမ်း၌​ပို့​လော့။- ငါ​တို့၏​လူ​များ​သည်​လည်း အ​သီး​မဲ့​သော​သူ​မ​ဖြစ်၊ ကိုယ်​သုံး​စ​ရာ​ဖို့​ရှိ​ရ​မည်​အ​ကြောင်း၊ ကောင်း​သော အ​ကျင့်​တို့​ကို အ​မြဲ​ကျင့်​အံ့​သော​ငှာ သင်​ကြ​စေ။- ငါ့​ထံ​မှာ​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။ ယုံ​ကြည်​ခြင်း​နှင့်​တ​ကွ ငါ​တို့​ကို ချစ်​သော​သူ​များ​ကို နှုတ်​ဆက်​လော့။ သင်​တို့​အ​ပေါင်း၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။ တိ​တု​ဩ​ဝါ​ဒ​စာ​ပြီး၏။

တိတု 3:1-15 Common Language Bible (BCL)

တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။- မည်​သူ့​အ​ကြောင်း​ကို​မျှ​မ​ကောင်း​မ​ပြော​ဘဲ ငြိမ်း​ချမ်း​ခင်​မင်​စွာ​နေ​ထိုင်​ကြ​စေ​ရန်​နှင့် အ​စဉ်​အ​မြဲ​လူ​ခပ်​သိမ်း​တို့​အား​သိမ်​မွေ့​စွာ ဆက်​ဆံ​ကြ​စေ​ရန်​သူ​တို့​အား​ပြော​ကြား လော့။- အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။- သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊- ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏​ကယ်​တင်​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ငါ​တို့​အ​ပေါ်​သို့​ကြွယ်​ဝ​စွာ​သွန်း လောင်း​တော်​မူ​၏။- ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။- ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။- သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။- စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။- ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။ အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။- ရှေ့​နေ​ဖြစ်​သူ​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ခရီး​ပြု နိုင်​ရန်​အ​တွက်​အ​စွမ်း​ကုန်​ကူ​ညီ​ဆောင်​ရွက် ပေး​လော့။ သူ​တို့​တွင်​လို​လေ​သေး​မ​ရှိ​ရ အောင်​လည်း​ကူ​ညီ​လိုက်​ပါ။- စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။ ငါ​နှင့်​အ​တူ​နေ​သူ​အ​ပေါင်း​တို့​က​သင့်​အား နှုတ်​ဆက်​လိုက်​၏။ ယုံ​ကြည်​ခြင်း​တ​ရား​၌​ငါ တို့​၏​မိတ်​ဆွေ​များ​အား​နှုတ်​ဆက်​လော့။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​တု​သြ​ဝါ​ဒ​စာ​ပြီး​၏။

တိတု 3:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊ မည်သူ့​ကို​မျှ စော်ကား​ပြောဆို​ခြင်း၊ ရန်တွေ့​ခြင်း​မ​ပြု​ဘဲ ညင်သာ​သော​သဘော​ရှိ​လျက် လူ​အပေါင်း​တို့​အပေါ် နူးညံ့​သိမ်မွေ့​ခြင်း​ကို​ပြသ​ရန်​လည်းကောင်း သူ​တို့​အား သတိပေး​နှိုးဆော်​လော့။ အကြောင်းမူကား တစ်ချိန်က ငါ​တို့​သည်​လည်း မိုက်မဲ​သော​သူ၊ နာခံ​ခြင်း​မ​ရှိ​သော​သူ၊ လမ်းလွဲ​သော​သူ​များ​ဖြစ်​ကြ​ပြီး အမျိုးမျိုး​သော တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​ခံစား​ခြင်း​တို့​၌​ကျွန်ခံ​၍ မကောင်းမှု​နှင့်​မလိုမုန်းထား​ခြင်း​တို့​၌​ကျင်လည်​ကြ​ကာ မုန်းတီး​ခြင်း​ခံရ​လျက် အချင်းချင်း​ကို​လည်း​မုန်းတီး​လျက်​နေ​ကြ​၏။ သို့သော် ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​ကျေးဇူးပြု​ခြင်း​နှင့်​ချစ်ခင်​ကြင်နာ​ခြင်း​တို့ ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်မတ်​သော​အကျင့်​အားဖြင့်​မ​ဟုတ်​ဘဲ မိမိ​၏​ကရုဏာ​တော်​နှင့်အညီ အသစ်​မွေးဖွား​ခြင်း​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​နှင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​အသစ်​ပြုပြင်​ခြင်း​တို့​အားဖြင့် ငါ​တို့​ကို ကယ်တင်​တော်မူ​၏။ ဘုရားသခင်​သည် ထို​ဝိညာဉ်​တော်​ကို ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အပေါ် ကြွယ်ဝ​စွာ​သွန်းလောင်း​တော်မူ​၏။ ဤသည်ကား ငါ​တို့​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​လျက် ထာဝရ​အသက်​ကို​မျှော်လင့်​ခြင်း​အားဖြင့် အမွေခံ​ဖြစ်လာ​ကြ​မည့်​အကြောင်း​တည်း။ ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​၏။ ဘုရားသခင်​ကို​ယုံကြည်​သော​သူ​တို့​သည် ကောင်း​သော​အမှု​တို့​ကို​ပါဝင်​လုပ်ဆောင်​ရန် အမြဲ​ဂရုစိုက်​ကြ​မည့်​အကြောင်း ငါ​သည် သင့်​အား ဤ​အရာ​များ​အတွက် အခိုင်အမာ​ရပ်တည်​စေ​လို​၏။ ဤ​အရာ​များ​သည် ကောင်းမြတ်​၍ လူ​တို့​အတွက်​အကျိုး​ရှိ​၏။ သို့သော် မိုက်မဲ​သော​အငြင်းပွား​မှု​များ၊ ဆွေစဉ်မျိုးဆက်​စာရင်း​များ၊ ပဋိပက္ခ​ဖြစ်​ခြင်း​နှင့် ပညတ်​တရား​ကြောင့် ခိုက်ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်ကြဉ်​လော့။ အကြောင်းမူကား ထို​အရာ​တို့​သည် အကျိုးမဲ့​၍ အချည်းနှီး​ဖြစ်​ကြ​၏။ ကွဲပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သတိပေး​ပြီးလျှင် ပယ်ရှား​လော့။ ထိုသို့​သော​သူ​သည် ဖောက်ပြန်​လွဲမှား​သော​သူ​ဖြစ်​ပြီး မိမိ​မှားယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အပြစ်​ပြု​နေ​သူ​ဖြစ်ကြောင်း သိမှတ်​လော့။ ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။ ကျမ်းတတ်​ပုဂ္ဂိုလ်​ဇေန​နှင့်​အာပေါလု​တို့​ကို သူ​တို့​အတွက် လိုလေသေး​မ​ရှိ​ရ​အောင် သေချာ​စွာ​ပို့ဆောင်​ပေး​လော့။ ငါ​တို့​၏​လူ​များ​သည်​လည်း အသီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အကြောင်း အရေးတကြီး​လိုအပ်​သော​အရာ​များ​အတွက် ကောင်း​သော​အမှု​တို့​ကို ပါဝင်​လုပ်ဆောင်​ရန် သင်ယူ​ကြ​ရ​မည်။ ငါ​နှင့်အတူ​ရှိ​သော​သူ​အားလုံး​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​အား​ချစ်ခင်​သော​သူ​များ​ကို နှုတ်ဆက်​ပေး​လော့။ ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။