YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 2:11-13

တိတု 2:11-13 Judson Bible (JBMLE)

အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ရှိ​သော မျှော်​လ​င့်​ရာ​ကို​လည်း​ကောင်း၊ ကြီး​မြတ်​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘုန်း​အ​သ​ရေ​တော် ထင်​ရှား​ပေါ်​ထွန်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သည် မျှော်​လ​င့်​လျက်၊ ဘု​ရား​မဲ့ တ​ရား​မဲ့​နေ​ခြင်း၊ လော​ကီ​တပ်​မက်​ခြင်း​ကို ပယ်​ရှား​လျက်၊ ယ​ခု​ဘ​ဝ၌ ဣ​န္ဒြေ​စောင့်​ခြင်း၊ တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌​မွေ့​လျော်​ခြင်း​တို့​ကို ပြု​နေ​ရ​မည်​အ​ကြောင်း၊ ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။

တိတု 2:11-13 Common Language Bible (BCL)

ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။- ငါ​တို့​သည်​မိ​မိ​တို့​၏​ကြီး​မြတ်​သည့်​ဘု​ရား သ​ခင်​တည်း​ဟူ​သော ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ် ၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​ပေါ်​ထွန်း​မည့် မင်္ဂလာ​နေ့​မြတ်​ကို​စောင့်​မျှော်​ကာ ဘု​ရား​မဲ့ တ​ရား​မဲ့​ပြု​ကျင့်​ခြင်း​နှင့်​လော​က​ရမ္မက်​ဆန္ဒ တို့​ကို​စွန့်​ပစ်​ကြ​ရန်​လည်း​ကောင်း၊ ဣန္ဒြေ​စောင့် စည်း​ခြင်း၊ ရိုး​သား​ဖြောင့်​မတ်​ခြင်း​ဘု​ရား ဝတ်​၌​မွေ့​လျော်​ခြင်း​တို့​ဖြင့်​ဤ​လော​က​၌ အ​သက်​ရှင်​ကြ​စေ​ရန်​လည်း​ကောင်း ထို ကျေး​ဇူး​တော်​က​ငါ​တို့​အား​ဆုံး​မ သွန်​သင်​လျက်​ရှိ​၏။

တိတု 2:11-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား လူ​အပေါင်း​တို့​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​သည် ပေါ်ထွန်း​တော်မူ​ပြီး ငါ​တို့​အား ဘုရား​တရား​မဲ့​ခြင်း​နှင့်​လောကီ​တပ်မက်​ခြင်း​တို့​ကို စွန့်ပယ်​၍ ဤ​လောက​တွင် ဘုရား​ဝတ်​၌​မွေ့လျော်​စွာ၊ သင့်တင့်​လျောက်ပတ်​စွာ​နှင့် ဖြောင့်မတ်​စွာ​အသက်ရှင်​ရန်​လည်းကောင်း၊ ကြီးမြတ်​သည့်​ဘုရားသခင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​၏​ဘုန်း​တော်​ပေါ်ထွန်း​ခြင်း​တည်းဟူသော မင်္ဂလာရှိ​သော​မျှော်လင့်​ခြင်း​ကို စောင့်မျှော်​ရန်​လည်းကောင်း ဆုံးမ​သွန်သင်​လျက်​ရှိ​၏။