YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတု 1:3-10

တိတု 1:1-10 Judson Bible (JBMLE)

မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ က​တိ​ထား​တော်​မူ၍၊ ငါ​တို့​ကို​ကယ်​တင်​သော အ​ရှင်​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း၊ ငါ၌​အပ်​ထား​သော တ​ရား​ဟော​ခြင်း အ​ခွင့်​အား​ဖြင့် တော်​လျော်​သော​အ​ချိန်၌၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော ထာ​ဝ​ရ​အ​သက်​ကို မျှော်​လ​င့်​သည်​ဖြစ်၍၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​ဆိုင်​သော သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော သူ​တို့၏ ယုံ​ကြည်​ခြင်း​အ​လို​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကျွန်​တည်း​ဟူ​သော၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်၊- ဆက်​ဆံ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ့​သား​စစ်​ဖြစ်​သော တိ​တု​ကို ကြား​လိုက်​ပါ၏။ ငါ​တို့​ကို​ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော် ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း ရှိ​ပါ​စေ​သော။ ငါ​သည် သင့်​ကို မှာ​ထား​ခဲ့​နှင့်​သည်​အ​တိုင်း၊ က​ရေ​တေ​ကျွန်း၌ မ​စုံ​လင်​သ​မျှ​တို့​ကို ပြင်​ဆင်၍၊ မြို့​ရွာ​များ၌ သင်း​အုပ်​တို့​ကို ခန့်​ထား​စေ​ခြင်း​ငှာ၊ ထို​ကျွန်း၌ သင့်​ကို ငါ​ထား​ခဲ့​သ​တည်း။- အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ ဖြစ်​လျှင်​လည်း​ကောင်း၊ သူ၏​သား​သ​မီး​တို့​သည် ကာ​မ​ဂုဏ်၌ လွန်​ကျူး​သည်​ဟု အ​ပြစ်​တင်​ခြင်း၊ နား​မ​ထောင်​ခြင်း​နှင့်​လွတ်၍ ယုံ​ကြည်​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​သူ​ကို ခန့်​ထား​အပ်၏။- အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊- ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။- စင်​ကြယ်​သော ဩ​ဝါ​ဒ​အား​ဖြင့် တိုက်​တွန်း​သွေး​ဆောင်​ခြင်း​ငှာ​လည်း​ကောင်း၊ ငြင်း​ခုံ​သော​သူ​တို့၏ စ​ကား​ကို ချေ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​တိုင်​သင်​ပြီး​သော သ​စ္စာ​စ​ကား​တော်​ကို အ​မြဲ​စွဲ​လမ်း​သော​သူ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ နား​မ​ထောင်​ဘဲ အ​ချည်း​နှီး​သော စ​ကား​ကို​ပြော၍၊ လှည့်​ဖြား​တတ်​သော​သူ​အ​များ ရှိ​ကြ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့​တွင်​လည်း အ​ထူး​သ​ဖြင့်​ရှိ​ကြ၏။

တိတု 1:3-10 Common Language Bible (BCL)

ထို​နောက်​အ​ချိန်​သင့်​သော​အ​ခါ​၌​ထို ထာ​ဝ​ရ​အ​သက်​ကို​တ​ရား​တော်​အား​ဖြင့် ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၏။ ငါ​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​တ​ရား တော်​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ထို တ​ရား​တော်​ကို​ကြေ​ညာ​၏။ ငါ​တို့​နည်း​တူ​ယုံ​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​အား ဖြင့် ငါ​၏​သား​စစ်​ဖြစ်​သူ​တိ​တု​ထံ​သို့​ဤ​စာ ကို​ငါ​ရေး​သား​ပေး​ပို့​လိုက်​ပါ​သည်။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​ကယ် တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​သည် သင့်​အား​ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ ပါ​စေ​သတည်း။ က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။- အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ​သည်​အ​ပြစ်​ဆို စ​ရာ​မ​ရှိ​သူ​ဖြစ်​ရ​မည်။ သူ့​မှာ​ဇနီး​တစ်​ယောက် သာ​ရှိ​ရ​မည်။ သူ​၏​သား​သ​မီး​များ​သည်​ယုံ ကြည်​သူ​များ​ဖြစ်​ရ​မည်။ အ​ပျော်​ကြူး​သူ​များ၊ စ​ကား​နား​မ​ထောင်​သူ​များ​မ​ဖြစ်​စေ​ရ။- အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။- ဧည့်​သည်​ဝတ်​ကို​ပြု​တတ်​သူ၊ ကောင်း​မြတ်​သည့် အ​ရာ​ကို​နှစ်​သက်​တတ်​သူ​ဖြစ်​ရ​မည်။ သူ​သည် မိ​မိ​ကိုယ်​ကို​ထိန်း​ချုပ်​နိုင်​ရ​မည်။ ဖြောင့်​မတ် ရ​မည်။ ဘု​ရား​တ​ရား​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ စည်း​ကမ်း​သေ​ဝပ်​ရ​မည်။- သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။ ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။

တိတု 1:3-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အချိန်တန်​သောအခါ ဟောပြော​ခြင်း​အမှု​အားဖြင့် မိမိ​၏​နှုတ်ကပတ်​တရား​ကို ထင်ရှား​စေ​တော်မူ​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ထို​အမှု​ကို ငါ့​အား​ယုံကြည်​အပ်နှံ​တော်မူ​၏။ ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။ ကရေတေ​ကျွန်း​တွင် သင့်​ကို ငါ​ထားခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာကြား​ထား​သည့်​အတိုင်း လိုအပ်​သည့်​အရာ​များ​ကို စီမံ​ဆောင်ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အသင်းတော်​အကြီးအကဲ​များ​ကို ခန့်ထား​ရန်​အတွက်​ဖြစ်​၏။ အသင်းတော်​အကြီးအကဲ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​၏​သားသမီး​တို့​သည်​လည်း ယုံကြည်​သူ​များ​ဖြစ်​ရ​မည်​ဖြစ်​ပြီး အပျော်ကြူး​ခြင်း​ကြောင့်​စွပ်စွဲ​ခံရ​သူ​များ​၊ သို့မဟုတ် နာခံ​မှု​မ​ရှိ​သော​သူ​များ​မ​ဖြစ်​ရ။ အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် မှန်ကန်​ပြည့်စုံ​သော​သြဝါဒ​အားဖြင့် တိုက်တွန်း​နှိုးဆော်​နိုင်​ရန်​နှင့် ဆန့်ကျင်​ပြောဆို​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​နိုင်​ရန် မိမိ​သင်ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်စုံ​သော​နှုတ်ကပတ်​တရား​ကို စွဲကိုင်​ထား​ရ​မည်။ အကြောင်းမူကား နာခံ​မှု​မ​ရှိ​သော​သူ၊ အကျိုးမဲ့​စကား​ပြောဆို​သော​သူ​နှင့် လိမ်လည်​သော​သူ များစွာ​ရှိ​ကြ​၏။ အထူးသဖြင့် အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင်​ရှိ​ကြ​၏။