YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတုဩဝါဒစာ 1:3-10

တိတုဩဝါဒစာ 1:3-10 MSBU

အချိန်တန်​သောအခါ ဟောပြော​ခြင်း​အမှု​အားဖြင့် မိမိ​၏​နှုတ်ကပတ်​တရား​ကို ထင်ရှား​စေ​တော်မူ​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ထို​အမှု​ကို ငါ့​အား​ယုံကြည်​အပ်နှံ​တော်မူ​၏။ ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။ ကရေတေ​ကျွန်း​တွင် သင့်​ကို ငါ​ထားခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာကြား​ထား​သည့်​အတိုင်း လိုအပ်​သည့်​အရာ​များ​ကို စီမံ​ဆောင်ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အသင်းတော်​အကြီးအကဲ​များ​ကို ခန့်ထား​ရန်​အတွက်​ဖြစ်​၏။ အသင်းတော်​အကြီးအကဲ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​၏​သားသမီး​တို့​သည်​လည်း ယုံကြည်​သူ​များ​ဖြစ်​ရ​မည်​ဖြစ်​ပြီး အပျော်ကြူး​ခြင်း​ကြောင့်​စွပ်စွဲ​ခံရ​သူ​များ​၊ သို့မဟုတ် နာခံ​မှု​မ​ရှိ​သော​သူ​များ​မ​ဖြစ်​ရ။ အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် မှန်ကန်​ပြည့်စုံ​သော​သြဝါဒ​အားဖြင့် တိုက်တွန်း​နှိုးဆော်​နိုင်​ရန်​နှင့် ဆန့်ကျင်​ပြောဆို​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​နိုင်​ရန် မိမိ​သင်ယူ​ထား​သည့် သစ္စာ​နှင့်​ပြည့်စုံ​သော​နှုတ်ကပတ်​တရား​ကို စွဲကိုင်​ထား​ရ​မည်။ အကြောင်းမူကား နာခံ​မှု​မ​ရှိ​သော​သူ၊ အကျိုးမဲ့​စကား​ပြောဆို​သော​သူ​နှင့် လိမ်လည်​သော​သူ များစွာ​ရှိ​ကြ​၏။ အထူးသဖြင့် အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင်​ရှိ​ကြ​၏။