YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 4:3-6

ရု​သ​ 4:3-6 Judson Bible (JBMLE)

အ​မျိုး​သား​ချင်း​ကို​လည်း၊ မော​ဘ​ပြည်​မှ​ပြန်​လာ​သော နော​မိ​သည် ငါ​တို့​အစ်​ကို ဧ​လိ​မ​လက်​ပိုင်​သော မြေ​အ​ကွက်​ကို ရောင်း​မည်​ဖြစ်၍၊ သင့်​ကို​ငါ​တိုင်​ကြား​လျက်၊ ပြည်​သား​များ၊ ငါ​တို့​အ​မျိုး၌ အ​သက်​ကြီး​သူ​များ​ရှေ့​မှာ ဝယ်​ပါ​တော့​ဟု ပြော​မည်​အ​ကြံ​ရှိ​ပါ၏။ သင်​သည် ရွေး​လို​လျှင်​ရွေး​ပါ​တော့၊ မ​ရွေး​လို​လျှင် ကျွန်ုပ်​အား​ကြား​ပြော​ပါ​တော့။ သင်​မှ​တစ်​ပါး ရွေး​ပိုင်​သော​သူ​မ​ရှိ။ သင့်​နောက်​မှာ ကျွန်ုပ်​နေ​ရာ​ကျ​သည်​ဟု ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​ရွေး​မည်​ဟု ပြန်​ပြော၏။ ဗော​ဇ​က​လည်း၊ ထို​လယ်​ကွက်​ကို နော​မိ​လက်​မှ ဝယ်​သော​နေ့​ရက်​တွင်၊ သေ​သော​သူ၏ အ​မွေ​ဥ​စ္စာ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​ခြင်း​ငှာ၊ သူ၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို​လည်း ဝယ်​ရ​သေး​သည်​ဟု​ဆို​သော်၊ အ​မျိုး​သား​ချင်း​က၊ ကျွန်ုပ်​သည် ကိုယ်​အ​ဖို့​မ​ရွေး​နိုင်​ပါ။ ရွေး​လျှင် ကိုယ်​အ​မွေ​ဥ​စ္စာ​ကို​ဖျက်​မည် စိုး​ရိမ်​စ​ရာ​ရှိ၏။ ကျွန်ုပ်​မ​ရွေး​နိုင်​သော​ကြောင့်၊ ကျွန်ုပ်​ရွေး​ပိုင်​သော​အ​ရာ​ကို ကိုယ်​အ​ဖို့​ရွေး​ပါ​တော့​ဟု ပြန်​ပြော၏။

ရု​သ​ 4:3-6 Common Language Bible (BCL)

သူ​သည်​မိ​မိ​၏​သား​ချင်း​အား``ယ​ခု​အ​ခါ နော​မိ​သည်​မော​ဘ​ပြည်​မှ​ပြန်​လာ​ပြီ။ သူ သည်​ငါ​တို့​သား​ချင်း​ဧ​လိ​မ​လက်​ပိုင် သည့်​လယ်​မြေ​ကို​ရောင်း​ချ​လို​ပါ​သည်။- ဤ​အ​ကြောင်း​ကို​သင်​သိ​သင့်​သည်​ဟု ငါ​ထင် မြင်​ပါ​၏။ အ​ကယ်​၍​သင်​ဝယ်​လို​ပါ​က​ယ​ခု ထိုင်​လျက်​နေ​သည့်​လူ​ကြီး​များ​၏​ရှေ့​မှောက် တွင်​ဝယ်​ယူ​ပါ​လော့။ သို့​ရာ​တွင်​မ​ဝယ်​လို​လျှင် မူ​ကား မ​ဝယ်​လို​ကြောင်း​ပြော​ပါ​လော့။ သင် မ​ဝယ်​မှ​ငါ​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု ဆို​၏။ ထို​သူ​က​လည်း``ငါ​ဝယ်​ယူ​ပါ​မည်'' ဟု ပြန်​ပြော​၏။ ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။ ထို​သူ​က``ထို​သို့​ဖြစ်​ပါ​မူ​ငါ့​သား​သ​မီး များ​က ထို​လယ်​မြေ​ကို​အ​မွေ​ခံ​ရ​ကြ​လိမ့် မည်​မ​ဟုတ်​သ​ဖြင့် ဝယ်​ယူ​ပိုင်​ခွင့်​ကို​ငါ​စွန့် လွှတ်​လိုက်​ပါ​ပြီ။ ငါ​မ​ဝယ်​ယူ​လို​တော့​ပါ။ သင်​ပင်​ဝယ်​ယူ​ပါ​လော့'' ဟု​ပြန်​ပြော​၏။

ရု​သ​ 4:3-6 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဗောဇ​က ရွေးနုတ်​ခွင့်​ရှိ​သော​သူ​အား “​မောဘ​ပြည်​မှ ပြန်လာ​သော နောမိ​သည် ငါ​တို့​၏​ညီအစ်ကို​ဧလိမလက် ပိုင်​သော​မြေ​တစ်​ကွက်​ကို ရောင်း​လို​သည်​ဖြစ်၍ သင့်​ကို ပြောပြ​သင့်​သည်​ထင်​ပါ​၏​။ ယခု ဤ​နေရာ​တွင်​ထိုင်​နေ​သော​သူ​တို့​နှင့် မြို့သား​သက်ကြီးဝါကြီး​တို့​ရှေ့​တွင် ဝယ်​ပါ​။ သင်​ရွေးနုတ်​လို​လျှင် ရွေးနုတ်​ပါ​။ မ​ရွေးနုတ်​လို​လျှင် အကျွန်ုပ်​ကို​ပြော​ပါ​။ သင်​နှင့် ကျွန်ုပ်​မှလွဲ၍ ရွေးနုတ်ပိုင်​သူ​မ​ရှိ​။ သင်​အလျင် ရွေးနုတ်ပိုင်ခွင့်​ရှိ​သည်​။ သင်​မ​ရွေးနုတ်​လျှင် ကျွန်ုပ်​ရွေးနုတ်​မည်​”​ဟု ဆို​လျှင် ထို​သူ​က “​ကျွန်ုပ်​ရွေးနုတ်​ပါ​မည်​”​ဟု ဆို​၏​။ ဗောဇ​က​လည်း “​နောမိ​လက်​မှ မြေကွက်​ကို​ဝယ်​မည်​ဆို​လျှင် သေလွန်​သူ​၏​မယား မောဘ​အမျိုးသမီး​ရုသ​ကို​ပါ ဝယ်ယူ​ရ​မည်​။ သို့မှ သေလွန်​သူ​၏​အမွေမြေ​ကို သူ့​အမည်​ဖြင့် ဆက်လက်​တည်​စေ​မည်​ဖြစ်​သည်​”​ဟု ဆို​လျှင် ရွေးနုတ်​ခွင့်​ရှိ​သူ​က​လည်း “​ကျွန်ုပ်​ပိုင်​သော​အမွေမြေ​အတွက် အန္တရာယ်​ဖြစ်​မည်​ကို စိုး​သောကြောင့် ကျွန်ုပ်​မ​ရွေးနုတ်​တော့​ပါ​။ ကျွန်ုပ်​မ​ရွေးနုတ်​နိုင်​သောကြောင့် သင်​သာ ရွေးနုတ်​ပါ​”​ဟု ပြန်ပြော​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။