YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 2:4-17

ရု​သ​ 2:4-17 Judson Bible (JBMLE)

ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။ ဗော​ဇ​က​လည်း၊ ထို​မိန်း​မ​ငယ်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း​ဟု လယ်​ခေါင်း​အား​မေး​သော်၊ လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။ သူ​က​လည်း၊ ကျွန်​မ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နောက်၌ ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျက်​ဝင်​သ​ဖြင့်၊ နံ​နက်​မှ​စ၍ ယ​ခု​ခ​ဏ တဲ၌​နေ​သော​အ​ချိန်​တိုင်​အောင် လုပ်​နေ​ပါ​ပြီ​ဟု ပြော​ဆို​လျှင်၊ ဗော​ဇ​သည် ရု​သ​ကို​ခေါ်၍၊ နား​ထောင်​ပါ၊ ငါ့​သ​မီး။ အ​ခြား​သော​လယ်​သို့​သွား၍ စ​ပါး​ကျန်​ကို မ​ကောက်​နှင့်။ ဤ​အ​ရပ်​က​မ​ထွက်​ဘဲ၊ ငါ့​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့။ သူ​တို့​ရိတ်​သော လယ်​ကွက်​ကို​ကြည့်​မှတ်၍ သူ​တို့​နောက်၌ လိုက်​လော့။ လု​လင်​တို့​သည် သင့်​ကို မ​နှောင့်​ယှက်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား​ပြီ။ ရေ​ငတ်​သော​အ​ခါ၊ အိုး​ထား​ရာ​သို့​သွား၍ လု​လင်​ခပ်​သော​ရေ​ကို သောက်​တော့​ဟု ဆို​လေ​သော်၊ ရု​သ​သည် မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်၍ ကိုယ်​တော်​သည် ကျွန်​မ​ကို သိ​မှတ်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ စိတ်​တော်​နှင့်​တွေ့​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ၏။ ဗော​ဇ​က​လည်း၊ သင်၏​လင် သေ​သော​နောက်၊ သင်​သည် ယော​က္ခ​မ​အား​ပြု​စု​သ​မျှ​ကို​လည်း​ကောင်း၊ သင်​သည် မိ​ဘ​နှင့် မွေး​ဖွား​ရာ​ဌာ​န​ပြည်​ကို​စွန့်၍ အ​ထက်​က မ​သိ​ဖူး​သော​ပြည်​သို့ လာ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အား သေ​ချာ​စွာ​ပြော​ကြ​ပြီ။ သင့်​အ​မှု၏​အ​ကျိုး​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​ပါ​စေ​သော။ သင်​သည် အ​တောင်​တော်​အောက်၌ ခို​လှုံ​ခြင်း​ငှာ ချဉ်း​ကပ်​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော​ဆု​ကို ချ​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်၊ ရု​သ​က​လည်း သ​ခင် ကျွန်​မ​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​စေ။ ကျွန်​မ​သည် ကိုယ်​တော်​ကျွန်​မ​တို့​နှင့် မ​တူ​သော်​လည်း၊ ကိုယ်​တော်​သည် လော​က​ဝတ်​စ​ကား​ကို​ပြော၍ ကျွန်​မ​ကို​နှစ်​သိမ့်​စေ​ပါ​ပြီ​ဟု လျှောက်​လေ၏။ ဗော​ဇ​က​လည်း၊ စား​သောက်​သော​အ​ချိန် ရှိ​ပြီ။ လာ၍ မုန့်​ကို​စား​လော့။ ပုံး​ရည်၌ စား​စ​ရာ​ကို နှစ်​လော့​ဟု ခေါ်​ဆို​သည်​အ​တိုင်း၊ ရု​သ​သည် စ​ပါး​ရိတ်​သော​သူ​တို့​နှင့်​အ​တူ ထိုင်​လျှင်၊ ဗော​ဇ​သည် ပေါက်​ပေါက်​ကို​လှမ်း၍ ပေး​သ​ဖြင့်၊ သူ​သည် ဝ​စွာ​စား​ပြီး​မှ ချန်​ထား​သေး၏။ စ​ပါး​ကျန်​ကို​ကောက်​ခြင်း​ငှာ ထ​သွား​သော​အ​ခါ၊ ဗော​ဇ​သည် လု​လင်​တို့​အား၊ ထို​မိန်း​မ​သည် ကောက်​လှိုင်း​စု​ထဲ​မှာ ကျန်​သော​စ​ပါး​ကို ကောက်​သိမ်း​ပါ​စေ၊ အ​ရှက်​မ​ခွဲ​ကြ​နှင့်။ ရိတ်​ပြီး​သော​စ​ပါး​အ​ချို့​ကို​လည်း သူ​အ​ဖို့​ချ​ထား​လော့။ ကောက်​ယူ​ပါ​စေ။ အ​ပြစ်​မ​တင်​ကြ​နှင့်​ဟု မှာ​ထား၏။ ရု​သ​သည် ထို​လယ်၌ ညဉ့်​ဦး​တိုင်​အောင် စ​ပါး​ကျန်​ကို​ကောက်၍ ရ​သော​စ​ပါး​ကို​နယ်​ပြီး​လျှင် မု​ယော​ဆန်​တစ်​ဧ​ဖာ​ခန့်​မျှ ရှိ၏။

ရု​သ​ 2:4-17 Common Language Bible (BCL)

အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။ ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။ အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။- သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။ ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။- သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။ ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊ ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။- ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။ ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။ ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။- ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။- ကောက်​လှိုင်း​စည်း​များ​မှ​စပါး​နှံ​အ​နည်း ငယ်​ကို​ဆွဲ​ထုတ်​၍ သူ​၏​အ​တွက်​ချ​ထား ပေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။ သို့​ဖြစ်​၍​ရု​သ​သည် လယ်​ကွင်း​ထဲ​တွင်​ည​နေ စောင်း​သည်​တိုင်​အောင် ကောက်​သင်း​ကောက်​ပြီး နောက်​ကောက်​နှံ​များ​ကို နယ်​လိုက်​သော​အ​ခါ မု​ယော​စပါး​တင်း​ဝက်​ခန့်​ရ​ရှိ​လေ​သည်။

ရု​သ​ 2:4-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုစဉ် ဗောဇ​သည် ဗက်လင်​မြို့​မှ ရောက်လာ​၍ ကောက်ရိတ်သမား​တို့​အား “​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု နှုတ်ဆက်​လျှင် သူ​တို့​က​လည်း “​ထာဝရဘုရား​သည် သခင့်​ကို ကောင်းချီးပေး​တော်မူ​ပါစေသော​”​ဟု ပြန်​နှုတ်ဆက်​ကြ​၏​။ ဗောဇ​က​လည်း မိမိ​အစေအပါး​ဖြစ်​သည့် အလုပ်သမား​ခေါင်းဆောင်​အား “​ထို​အမျိုးသမီး​သည် အဘယ်ကနည်း​”​ဟု မေး​လျှင် သူ​၏​အစေအပါး ကောက်ရိတ်သမား​ခေါင်းဆောင်​က “​သူ​သည် နောမိ​နှင့်အတူ မောဘ​ပြည်​မှ​လိုက်လာ​သော မောဘ​အမျိုးသမီး ဖြစ်​ပါ​၏​။ သူ​က ‘​အကျွန်ုပ် ကောက်သင်းကောက်​ပါရစေ​၊ ကောက်ရိတ်သမား​တို့​နောက်မှ ကျန်​ခဲ့​သော​သီးနှံ​ကို ကောက်သိမ်း​ပါရစေ​’​ဟု လာ​၍​ခွင့်တောင်း​ပြီး မနက်​ကတည်းက ယခု​ချိန်​ထိ ကောက်သင်းကောက်​ပါ​၏​။ ယခုမှသာ တဲ​တွင် ခဏ​နား​နေ​ပါ​သည်​”​ဟု ပြန်ပြောပြ​၏​။ ထိုအခါ ဗောဇ​က ရုသ​အား “​ငါ့​သမီး​၊ နားထောင်​ပါ​။ အခြား​လယ်ကွက်​သို့​သွား​၍ ကောက်သင်း​မ​ကောက်​နှင့်​။ ဤ​နေရာ​မှ ထွက်​မ​သွား​နှင့်​။ ငါ့​အစေအပါး​မိန်းကလေး​တို့​အနား​မှာ​သာ နေ​ပါ​။ လုလင်​တို့ ကောက်ရိတ်​သော​လယ်ကွက်​ကို​ကြည့်မှတ်​၍ သူ​တို့​နောက်သို့​လိုက်​ပါ​။ သူ​တို့​သည် သင့်​ကို မ​ထိပါး​စေရန် ငါ​မှာထား​ပြီ​။ ရေဆာ​လျှင် လုလင်​တို့ ခပ်​ထား​သော​ရေအိုး​ထဲမှ​ရေ​ကို သွား​၍​ခပ်သောက်​ပါ​”​ဟု ဆို​၏​။ ရုသ​က​လည်း မြေ​မှာ​ပျပ်ဝပ်​လျက် “​တစ်ပါးအမျိုးသား​ဖြစ်​သော​အကျွန်ုပ်​ကို သခင်​က အဘယ်ကြောင့် အသိအမှတ်​ပြု​မျက်နှာသာ​ပေး​ပါ​သနည်း​”​ဟု မေး​ရာ ဗောဇ​က​လည်း “​သင်​သည် ခင်ပွန်းသည်​သေဆုံး​ပြီးနောက် သင့်​ယောက္ခမ​ကို ပြုစု​ခဲ့​ရ​ကြောင်း​၊ သင့်​မိဘ​၊ သင့်​မွေးရပ်​မြေ​ကို​စွန့်​ပြီး ယခင်က သင်​မ​သိ​ခဲ့​ဖူး​သော​လူမျိုး​တို့​ထံ လာ​ခဲ့​ရ​ကြောင်း​ကို ငါ အလုံးစုံ​ကြားသိ​ရ​ပြီ​။ သင်​ပြု​ခဲ့​သည့်​အတိုင်း ထာဝရဘုရား သင့်​အား ပြန်လည်​ကျေးဇူးပြု​ပါစေသော​။ သင်​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​အတောင်​တော်​အရိပ်​အောက်​၌ လာရောက်​ခိုလှုံ​သည်​ဖြစ်၍ ထို​အရှင်​ထံမှ အကျိုးကျေးဇူး​ကြွယ်ဝ​စွာ ခံစား​ရ​ပါစေသော​”​ဟု ပြန်ပြော​၏​။ ရုသ​က​လည်း “​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​သည် သခင့်​ရှေ့​တွင် မျက်နှာရ​ပါစေ​။ အကျွန်ုပ်​သည် သခင်​၏​ကျွန်မ​တစ်​ဦး​မ​ဟုတ်​သော်လည်း သခင်​သည် အကျွန်ုပ်​အား ကြင်နာ​စွာ​စကားဆို​၍​နှစ်သိမ့်​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။ စားသောက်​ချိန်​ရောက်​သောအခါ ဗောဇ​က ရုသ​အား “​မုန့် လာ​စား​ပါ​။ မုန့်​ကို ဝိုင်အချဉ်ရည်​နှင့် တို့စား​ပါ​”​ဟု ဆို​သဖြင့် သူ​သည် ကောက်ရိတ်သမား​တို့​ထိုင်​သော​ဘေး​တွင် ဝင်ထိုင်​၏​။ ထိုအခါ ဗောဇ​က သူ့​အား မုန့်ဆန်း​ကို​လှမ်းပေး​သဖြင့် သူ​သည် ဝ​အောင်​စား​ပြီး ကျန်​သော​မုန့်​ကို သိမ်းထား​၏​။ ထို့နောက် သူ​သည် ကောက်သင်းကောက်​ရန် ထသွား​သောအခါ ဗောဇ​က ငယ်သား​တို့​အား “​သူ​သည် ကောက်လှိုင်း​များ​ကြား​၌​ကောက်ယူ​လျှင်​လည်း သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​။ သင်​တို့​ရိတ်​ထား​သော​ကောက်ဆုပ်​ထဲမှ ကောက်နှံ​အချို့​ကို ချထား​ခဲ့​ပါ​။ သူ​ကောက်ယူ​ပါစေ​။ သူ့​ကို အပြစ်​မ​ပြော​ကြ​နှင့်​”​ဟု မှာထား​လေ​၏​။ ရုသ​လည်း ညနေ​တိုင်အောင် လယ်​ထဲ၌​ကောက်သင်းကောက်​ပြီး ကောက်​ထား​သော​ကောက်နှံ​ကို ရိုက်ခြွေ​သောအခါ မုယောစပါး​တစ်​ဧဖာ​ခန့် ရ​၏​။