YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရု​သ​ 1:15-18

ရု​သ​ 1:15-18 Judson Bible (JBMLE)

နော​မိ​က​လည်း၊ သင့်​အစ်​မ​သည် အ​မျိုး​သား​ရင်း ဘု​ရား​ရင်း​တို့​ထံ​သို့ ပြန်​သွား​ပြီ။ အစ်​မ​နောက်​သို့ လိုက်​သွား​ပါ​ဟု​ဆို​သော်၊ ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။ ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။ ရု​သ​သည် လိုက်​ခြင်း​ငှာ ခိုင်​ခံ့​သော​စိတ်​ရှိ​သည်​ကို နော​မိ​သည်​သိ​မြင်​သော် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ရု​သ​ 1:15-18 Common Language Bible (BCL)

သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။ သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။- မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။ မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။

ရု​သ​ 1:15-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် နောမိ​က ရုသ​အား “​ကြည့်​ပါ​။ သင့်​အစ်မ​သည် သူ့​လူမျိုး​၊ သူ့​ဘုရား​ရှိ​ရာ​သို့ ပြန်သွား​ပြီ​။ သင်​လည်း သူ့​နောက်သို့​လိုက်သွား​လော့​”​ဟု ဆို​လျှင် ရုသ​က​လည်း “​အမေ့​ကို ထားခဲ့​ပြီး နောက်​ပြန်လှည့်​သွား​ရန် အကျွန်ုပ်​ကို မ​တိုက်တွန်း​ပါ​နှင့်​။ အမေ​သွား​သည့်​နေရာ​သို့ အကျွန်ုပ်​လိုက်​မည်​။ အမေ​အိပ်​သည့်​နေရာ​တွင် အကျွန်ုပ်​အိပ်​မည်​။ အမေ့​လူမျိုး​သည် အကျွန်ုပ်​လူမျိုး​၊ အမေ့​ဘုရား​သည် အကျွန်ုပ်​ဘုရား ဖြစ်​ပါ​၏​။ အမေ​သေ​သည့်​နေရာ​တွင် အကျွန်ုပ်​လိုက်​သေ​၍ ထို​နေရာ​တွင်​ပင် အသင်္ဂြိုဟ်​ခံ​ပါ​မည်​။ သေ​ခြင်း​မှတစ်ပါး အခြား​အကြောင်း​ကြောင့် အမေ့​ကို အကျွန်ုပ်​ခွဲခွာ​သွား​လျှင် ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဒဏ်ခတ်​ပါစေ​”​ဟု ပြန်ပြော​၏​။ ရုသ​က မိမိ​နှင့်အတူ​လိုက်​ရန် အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​ကြောင်း နောမိ သိမြင်​လျှင် ရုသ​အား ထပ်​မ​တိုက်တွန်း​တော့​ချေ​။