ထို့ကြောင့် နောမိက ရုသအား “ကြည့်ပါ။ သင့်အစ်မသည် သူ့လူမျိုး၊ သူ့ဘုရားရှိရာသို့ ပြန်သွားပြီ။ သင်လည်း သူ့နောက်သို့လိုက်သွားလော့”ဟု ဆိုလျှင် ရုသကလည်း “အမေ့ကို ထားခဲ့ပြီး နောက်ပြန်လှည့်သွားရန် အကျွန်ုပ်ကို မတိုက်တွန်းပါနှင့်။ အမေသွားသည့်နေရာသို့ အကျွန်ုပ်လိုက်မည်။ အမေအိပ်သည့်နေရာတွင် အကျွန်ုပ်အိပ်မည်။ အမေ့လူမျိုးသည် အကျွန်ုပ်လူမျိုး၊ အမေ့ဘုရားသည် အကျွန်ုပ်ဘုရား ဖြစ်ပါ၏။ အမေသေသည့်နေရာတွင် အကျွန်ုပ်လိုက်သေ၍ ထိုနေရာတွင်ပင် အသင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားအကြောင်းကြောင့် အမေ့ကို အကျွန်ုပ်ခွဲခွာသွားလျှင် ထာဝရဘုရားသည် အကျွန်ုပ်ကို ဒဏ်ခတ်ပါစေ”ဟု ပြန်ပြော၏။ ရုသက မိမိနှင့်အတူလိုက်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကြောင်း နောမိ သိမြင်လျှင် ရုသအား ထပ်မတိုက်တွန်းတော့ချေ။
ရုသဝတ္ထု 1 ကိုဖတ်ပါ။
နားထောင်ပါ။ ရုသဝတ္ထု 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရုသဝတ္ထု 1:15-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို