YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 7:18-25

ရောမ 7:18-25 Judson Bible (JBMLE)

ငါ့​အ​ထဲ​မှာ ငါ့​ဇာ​တိ​ပ​က​တိ၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​တည်​သည်​ကို ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကျင့်​ချင်​သော စိတ်​ရှိ​သော်​လည်း၊ ကောင်း​စွာ​ကျင့်​တတ်​သော​အ​ခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။- ငါ​သည် ကျင့်​ချင်​သော အ​ကျင့်​ကောင်း​ကို မ​ကျင့်။ မ​ကျင့်​ချင်​သော အ​ကျင့်​ဆိုး​ကို ကျင့်၏။- ထို​သို့​ငါ​သည် မ​ကျင့်​ချင်​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ငါ​ကိုယ်​တိုင် ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။- ထို​သို့ ကောင်း​သော​အ​ကျင့်​ကို ငါ​ကျင့်​ချင်​သော​အ​ခါ၊ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​တတ်​သော တ​ရား​ကို ငါ​တွေ့၏။- ငါ​သည် အ​တွင်း​လူ​အား​ဖြင့် ဘု​ရား​သ​ခင်၏ ပ​ညတ်​တ​ရား​တော်​ကို နှစ်​သက်၏။- သို့​သော်​လည်း ငါ့​ကိုယ်​အင်္ဂါ​များ၌ ရှိ​သော တ​ရား​တစ်​ပါး​သည် စိတ်​ဝိ​ညာဉ်​တ​ရား​ကို ဆိုင်​ပြိုင် တိုက်​လှန်​သ​ဖြင့်၊ ငါ့​ကိုယ်​အင်္ဂါ​များ၌​ရှိ​သော အ​ပြစ်​တ​ရား​လက်​သို့ ငါ့​ကို ဖမ်း​သွား​အပ်​နှံ​သည်​ကို ငါ​မြင်၏။- ငါ​သည် ငြို​ငြင်​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ဤ​အ​သေ​ကောင်​မှ ငါ့​ကို အ​ဘယ်​သူ ကယ်​လွှတ်​မည်​နည်း။- ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။

ရောမ 7:18-25 Common Language Bible (BCL)

ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။- ငါ​သည်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လို​သော်​လည်း မ​ပြု​ကျင့်​ဘဲ​မ​ကျင့်​လို​သော​အ​ကျင့်​ဆိုး​ကို သာ​ကျင့်​၏။- မိ​မိ​မ​ကျင့်​လို​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကား​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး​အ​တွင်း​၌​ရှင် သန်​လျက်​ရှိ​သော​အ​ပြစ်​တ​ရား​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တွေ့​ရှိ​ရ​သော​သ​ဘော​တ​ရား​မှာ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ကျင့်​လို​သော​အ​ခါ အ​ကျင့်​ဆိုး​ကို​သာ​ကျင့်​နိုင်​ခြင်း​ဖြစ်​သည်။- ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။- သို့​သော်​ငါ​၏​ကိုယ်​ခန္ဓာ​အ​တွင်း​၌ ငါ​၏​စိတ်​က နှစ်​သက်​သည့်​သ​ဘော​တ​ရား​နှင့်​ဆိုင်​ပြိုင်​တိုက် ခိုက်​လျက်​နေ​သည့်​အ​ခြား​သ​ဘော​တ​ရား​တစ်​ခု ရှိ​၏။ ထို​သ​ဘော​တ​ရား​သည်​ငါ​၏​အ​တွင်း​၌ ထ​ကြွ​လှုပ်​ရှား​၍ ငါ့​အား​အ​ပြစ်​တ​ရား​၏ လက်​သို့​အပ်​နှံ​သည်​ကို​ငါ​မြင်​ရ​၏။- သြော် ဒုက္ခ​ပါ​တ​ကား။ သေ​စေ​သည့်​ဤ​ကိုယ်​ခန္ဓာ မှ​အ​ဘယ်​သူ​သည်​ငါ့​ကို​ကယ်​ဆယ်​မည်​နည်း။- ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​စွ​တ​ကား။ အ​ချုပ်​အား​ဖြင့်​ငါ​၏​ဖြစ်​ရပ်​ကို​ဖော်​ပြ​ရ​သော် ငါ​သည်​စိတ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော် အောက်​အ​စေ​ခံ​သော်​လည်း​ဇာ​တိ​သ​ဘော​အား ဖြင့်​အ​ပြစ်​တ​ရား​အောက်​အ​စေ​ခံ​၏။

ရောမ 7:18-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အမှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မကောင်း​သော​အမှု​ကို ပြု​နေ​၏။ သို့သော် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ငါ​ပြု​နေ​သည်​ဆိုလျှင် ၎င်း​ကို ငါ​ကိုယ်တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော​အပြစ်​က ပြု​ခြင်း​ဖြစ်​၏။ သို့ဖြစ်၍ ကောင်း​သော​အမှု​ကို​ပြု​လို​သော​ငါ​၌ မကောင်း​သော​အမှု​ရှိ​နေ​သည်​ဟူသော​သဘော​တရား​ကို ငါ​တွေ့​၏။ တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အခြား​သော​တရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်နှလုံး​၏​တရား​နှင့် တိုက်ခိုက်​လျက်​နေ​သဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အပြစ်​နှင့်ဆိုင်သော​တရား​အားဖြင့် ငါ့​ကို​ဖမ်းဆီး​ချုပ်နှောင်​ထား​သည်​ကို ငါ​မြင်​၏။ ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။ သို့သော် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ဤသို့ဖြင့် ငါ​သည် မိမိ​စိတ်နှလုံး​အားဖြင့် ဘုရားသခင်​၏​တရား​တော်​ကို အစေခံ​လျက်​ရှိ​သော်လည်း သွေးသား​ဇာတိ​အားဖြင့် အပြစ်​နှင့်ဆိုင်သော​တရား​ကို အစေခံ​လျက်​ရှိ​၏။