YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 7:18-25

ရောမဩဝါဒစာ 7:18-25 MSBU

ငါ့​အထဲ၌ တစ်နည်းအားဖြင့် ငါ​၏​သွေးသား​ဇာတိ​ထဲ၌ ကောင်း​သော​အရာ​တစ်စုံတစ်ခု​မျှ ကိန်းအောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အမှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်လည်း ၎င်း​ကို ပြု​နိုင်စွမ်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အမှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မကောင်း​သော​အမှု​ကို ပြု​နေ​၏။ သို့သော် ကိုယ်​မ​ပြု​လို​သော​အရာ​ကို ငါ​ပြု​နေ​သည်​ဆိုလျှင် ၎င်း​ကို ငါ​ကိုယ်တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော​အပြစ်​က ပြု​ခြင်း​ဖြစ်​၏။ သို့ဖြစ်၍ ကောင်း​သော​အမှု​ကို​ပြု​လို​သော​ငါ​၌ မကောင်း​သော​အမှု​ရှိ​နေ​သည်​ဟူသော​သဘော​တရား​ကို ငါ​တွေ့​၏။ တစ်နည်းဆိုသော် ငါ​သည် အတွင်း​ဝိညာဉ်​လူ​အားဖြင့် ဘုရားသခင်​၏​တရား​တော်​၌ နှစ်သက်​ဝမ်းမြောက်​လျက်​ရှိ​သော်လည်း ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အခြား​သော​တရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်နှလုံး​၏​တရား​နှင့် တိုက်ခိုက်​လျက်​နေ​သဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အပြစ်​နှင့်ဆိုင်သော​တရား​အားဖြင့် ငါ့​ကို​ဖမ်းဆီး​ချုပ်နှောင်​ထား​သည်​ကို ငါ​မြင်​၏။ ငါ​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်သူ​သည် သေ​ခြင်း​နှင့်ဆိုင်သော ဤ​ကိုယ်ခန္ဓာ​မှ ငါ့​ကို ကယ်နုတ်​မည်နည်း။ သို့သော် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ဤသို့ဖြင့် ငါ​သည် မိမိ​စိတ်နှလုံး​အားဖြင့် ဘုရားသခင်​၏​တရား​တော်​ကို အစေခံ​လျက်​ရှိ​သော်လည်း သွေးသား​ဇာတိ​အားဖြင့် အပြစ်​နှင့်ဆိုင်သော​တရား​ကို အစေခံ​လျက်​ရှိ​၏။