YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 6:12-23

ရောမ 6:12-23 Judson Bible (JBMLE)

ထို​ကြောင့်၊ သင်​တို့၏​သေ​တတ်​သော ကိုယ်​ခ​န္ဓာ၏ တပ်​မက်​ခြင်း​အ​လို​သို့ လိုက်​ရ​သည်​တိုင်​အောင်၊ အ​ပြစ်​တ​ရား​သည် ထို​ကိုယ်​ခ​န္ဓာ၌ အ​စိုး​မ​ရ​စေ​နှင့်။- သင်​တို့၏​ကိုယ်​အင်္ဂါ​များ​ကို ဒု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ အ​ပြစ်​တ​ရား​အား မ​ဆက်​ကြ​နှင့်။ သေ​ခြင်း​မှ ထ​မြောက်၍ အ​သက်​ရှင်​သော​သူ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​အား ကိုယ်​ကို​ကိုယ်​ဆက်​ကြ​လော့။- ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။ ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိ​သော​ကြောင့်၊ ဒု​စ​ရိုက်​ကို ပြု​ရ​မည်​လော။ ထို​သို့​မ​ပြု​ရ။- အ​ကြင်​သူ၏​အ​ထံ၌ အ​စေ​ခံ​ကျွန်​ဖြစ်​ခြင်း​ငှာ သင်​တို့​ဝင်၍ အ​စေ​ခံ၏၊ ထို​သူ​သည် သေ​ခြင်း​နှင့်​ယှဉ်​သော အ​ပြစ်​တ​ရား​ဖြစ်​စေ၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​နှင့်​ယှဉ်​သော နား​ထောင်​ခြင်း တ​ရား​ဖြစ်​စေ၊ သင်​တို့၏​သ​ခင်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။- သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။- ထို​သို့​ငါ​ဆို​သော်၊ သင်​တို့​သည် ဇာ​တိ​ပ​က​တိ​အ​တိုင်း ဉာဏ်​နည်း​သော​ကြောင့်၊ လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ဆို​သ​တည်း။ သင်​တို့​သည် မိ​မိ​တို့ ကိုယ်​အင်္ဂါ​များ​ကို အ​ဓ​မ္မ​အ​လို​ငှာ ညစ်​ညူး​ခြင်း​တ​ရား၊ အ​ဓ​မ္မ​တ​ရား၌သွင်း၍ ကျွန်​ခံ​စေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြ​လော့။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​ကျွန် ဖြစ်​စဉ်​ကာ​လ၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​လက်​မှ လွတ်​ကြ၏။- ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။- ယ​ခု​မူ​ကား၊ သင်​တို့​သည် အ​ပြစ်​တ​ရား၏ လက်​မှ​လွတ်၍၊ ဘု​ရား​သ​ခင်၏​ကျွန် ဖြစ်​ကြ​သည်​နှင့် အ​ညီ၊ သန့်​ရှင်း​ခြင်း​အ​ကျိုး​ကို ရ​ကြ၏။ အ​ဆုံး၌​လည်း ထာ​ဝ​ရ​အ​သက်​ကို ရ​ကြ​လိမ့်​မည်။- အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

ရောမ 6:12-23 Common Language Bible (BCL)

ထို့​ကြောင့်​သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ခန္ဓာ​၏ အ​လို​ဆန္ဒ​သို့​မ​လိုက်​စေ​ရန်​အ​ပြစ်​တ​ရား က သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို​အ​စိုး မ​ရ​စေ​နှင့်။- သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။- အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။ သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက် အောက်​၌​မ​ရှိ​တော့​ဘဲ ကျေး​ဇူး​တ​ရား​၏​လက် အောက်​၌​ရှိ​ကြ​သ​ဖြင့်​အ​ပြစ်​ကူး​ကြ​ကုန် အံ့​ဟု​ဆို​ကြ​မည်​လော။ ထို​သို့​မ​ဆို​ရ။- လူ​တစ်​စုံ​တစ်​ယောက်​၏​စေ​စား​မှု​ကို​ခံ​သော သူ​သည် စေ​စား​သူ​၏​ကျွန်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။ အ​ကယ်​၍​သင်​တို့​သည် အ​ပြစ်​တ​ရား​၏​စေ​စား​မှု​ကို​ခံ​ကြ​ပါ​မူ သင် တို့​ခံ​စား​ရ​မည့်​အ​ကျိုး​ဆက်​ကား​သေ​ခြင်း ပင်​ဖြစ်​၏။ အ​ကယ်​၍​သင်​တို့​သည်​ဘု​ရား​သခင် ၏​စ​ကား​ကို​နာ​ခံ​ကြ​မည်​ဆို​ပါ​က​ကိုယ်​တော် နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​မှု​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- သင်​တို့​သည်​အ​ခါ​တစ်​ပါး​က​အ​ပြစ်​တ​ရား ၏​ကျွန်​ဖြစ်​ခဲ့​ဖူး​သော်​လည်း​ယ​ခု​အ​ခါ​၌ မိ​မိ တို့​ခံ​ယူ​ယုံ​ကြည်​သည့်​ဘာ​သာ​တ​ရား​တော်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သည့်​အ​တွက် ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။- သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​ကြ​သော​အ​ခါ​ဖြောင့်​မတ်​ခြင်း တ​ရား​၏​ကျွန်​ဖြစ်​လာ​ကြ​၏။- (သင်​တို့​၏​ဇာ​တိ​သ​ဘော​အ​ရ​အား​နည်း​မှု ကြောင့် လူ​တို့​နား​လည်​နိုင်​သော​ဝေါ​ဟာ​ရ​ကို ငါ​သုံး​ခြင်း​ဖြစ်​သည်။) အ​ခါ​တစ်​ပါး​က သင်​တို့​သည်​ဆိုး​ယုတ်​မှု​အ​မျိုး​မျိုး​ကို​ပြု ကျင့်​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း​ဆိုး​ယုတ် မှု​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ​အပ်​နှံ ခဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​သင်​တို့​သည်​ယ​ခု အ​ခါ​၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​မှု​ကို ပြု​ကျင့်​နိုင်​ရန် မိ​မိ​တို့​၏​ကိုယ်​ကို​ဖြောင့်​မတ် ခြင်း​တ​ရား​၏​လက်​သို့​ကျွန်​အ​ဖြစ်​ဖြင့်​လုံး​ဝ အပ်​နှံ​ကြ​လော့။ သင်​တို့​သည်​အ​ပြစ်​တ​ရား​၏​ကျွန်​ဖြစ်​စဉ် အ​ခါ​က ဖြောင့်​မတ်​ခြင်း​တ​ရား​၏​လက်​မှ လွတ်​မြောက်​ကြ​၏။- ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။- သို့​သော်​သင်​တို့​သည်​ယ​ခု​အ​ခါ​အ​ပြစ် တ​ရား​၏​လက်​မှ​လွတ်​မြောက်​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ကျွန်​များ​ဖြစ်​လာ​ကြ​ပေ​ပြီ။ သင် တို့​ရ​ရှိ​သည့်​အ​ကျိုး​ကား​ကိုယ်​တော်​၏​အ​တွက် မိ​မိ​တို့​ကိုယ်​ကို​အ​ကြွင်း​မဲ့​ဆက်​ကပ်​ခြင်း ဖြစ်​သည်။ အ​ဆုံး​၌​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ ခြင်း​ပင်​ဖြစ်​သည်။- အ​ပြစ်​တ​ရား​၏​အ​ခ​ကား​သေ​ခြင်း​ဖြစ်​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​အ​ခ​မဲ့​ပေး​တော် မူ​သော​ဆု​ကျေး​ဇူး​တော်​ကား ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း အား​ဖြင့်​ရ​ရှိ​သော​ထာ​ဝ​ရ​အ​သက်​ပေ​တည်း။

ရောမ 6:12-23 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် ကိုယ်ခန္ဓာ​၏​တပ်မက်​ခြင်း​အလို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်ခန္ဓာ​ကို အပြစ်​အား မ​စိုးမိုး​စေ​ကြ​နှင့်။ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မတရားမှု​၏​လက်နက်​များ​အဖြစ် အပြစ်​အား မ​ဆက်သ​ကြ​နှင့်။ ထိုသို့​ပြု​မည့်​အစား သေ​သော​သူ​တို့​ထဲမှ အသက်ရှင်​လာ​သူ​ကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်​အား ဆက်သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အဖြစ် ဘုရားသခင်​အား ဆက်သ​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သည်​ဖြစ်၍ အပြစ်​တရား​သည် သင်​တို့​ကို အစိုးတရ​ပြု​လိမ့်မည်​မ​ဟုတ်။ သို့ဖြစ်လျှင် မည်သို့​နည်း။ ငါ​တို့​သည် ပညတ်​တရား​လက်အောက်​၌​မ​ရှိ​ဘဲ ကျေးဇူး​တော်​လက်အောက်​၌​ရှိ​ကြ​သောကြောင့် အပြစ်​ပြု​ရ​မည်​လော။ လုံးဝ​မ​ပြု​ရ။ သင်​တို့​သည် တစ်စုံတစ်ဦး​အား မိမိကိုယ်ကို​ဆက်သ​၍ ကျွန်​အဖြစ်​နာခံ​လျှင် သင်​တို့​သည် သင်​တို့​နာခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အပြစ်​၏​ကျွန်​၊ သို့မဟုတ် ဖြောင့်မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်လည်း သင်​တို့​ခံယူ​ရရှိ​သော သွန်သင်​ချက်​၏​နည်းဥပဒေသ​ကို စိတ်နှလုံး​နှင့်တကွ​နာခံ​ကြ​သဖြင့် အပြစ်​၏​လက်​မှ လွတ်မြောက်​ခွင့်​ရ​ပြီး ဖြောင့်မတ်​ခြင်း​၏​ကျွန်​ဖြစ်လာ​ကြ​သောကြောင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ သင်​တို့​၏​သွေးသား​ဇာတိ​အားနည်း​သောကြောင့် ငါ​သည် လောကီ​ဝေါဟာရ​အားဖြင့် ပြောဆို​၏။ ယခင်​က သင်​တို့​သည် မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်ညူး​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​၏​ကျွန်​အဖြစ် ဆက်သ​၍ တရားမဲ့​ခြင်း​ထဲသို့ ရောက်​ခဲ့​ကြ​သည့်​နည်းတူ ယခု မိမိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်မတ်​ခြင်း​၏​ကျွန်​အဖြစ် ဆက်သ​၍ သန့်ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။ သင်​တို့​သည် အပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်မတ်​ခြင်း​နှင့်​ကင်းဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ထိုစဉ်က ယခု သင်​တို့​ရှက်ကြောက်​လျက်​ရှိ​သော​အရာ​တို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို ရရှိ​ခဲ့​ကြ​သနည်း။ ထို​အရာ​တို့​၏​ရလဒ်​သည် သေ​ခြင်း​ဖြစ်​၏။ သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။ အကြောင်းမှာ အပြစ်​၏​အခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘုရားသခင်​ပေး​တော်မူ​သော​ဆု​ကျေးဇူး​မူကား ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​အားဖြင့် ထာဝရ​အသက်​ဖြစ်​၏။