YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 5:15-21

ရောမ 5:15-21 Judson Bible (JBMLE)

သို့​သော်​လည်း၊ ပြစ်​မှား​ခြင်း​သ​ဘော​နှင့် ကျေး​ဇူး​တော်​သ​ဘော မ​တူ။ အ​ကြောင်း​မူ​ကား၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​အား​ဖြင့်၊ လူ​များ​တို့​သည် သေ​ခြင်း​သို့ ရောက်​ကြ၏။ တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့် ကျေး​ဇူး​တော်၏​အ​ကျိုး​သည် လူ​များ​တို့၌​သာ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​ပြစ်​မှား​သော​အ​ရာ​နှင့် ကျေး​ဇူး​တော်​အ​ရာ မ​တူ။ အ​ကြောင်း​မူ​ကား၊ တ​ရား​စီ​ရင်​သော​အ​ရာ​မှာ၊ အ​ပြစ်​တစ်​ခု​ကြောင့် ဒဏ်​ခံ​စေ​ဟု စီ​ရင်၏။ ကျေး​ဇူး​တော်​အ​ရာ​မှာ၊ အ​ပြစ်​များ​လျက်​ပင် လွှတ်​စေ​ဟု​စီ​ရင်၏။- ထို​မှ​တစ်​ပါး၊ လူ​တစ်​ယောက်​သည် ပြစ်​မှား​သော​ကြောင့်၊ ထို​တစ်​ယောက်​သော သူ​အား​ဖြင့် သေ​ခြင်း​တ​ရား​သည် အ​စိုး​ရ၏။ ကျေး​ဇူး​တော်၏ ကြွယ်​ဝ​ခြင်း​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ရာ​သို့ သွင်း​ပေး​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သက်​ရှင်​လျက် သာ၍​စိုး​စံ​ရ​ကြ​လ​တ္တံ့။- ထို​ကြောင့်၊ တစ်​ယောက်​သော​သူ၏ ပြစ်​မှား​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် တွေ့​ကြုံ​ရ​ကြ​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ၏ ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​အ​ခွင့်​ကို ရ​ကြ၏။- အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် နား​မ​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် အ​ပြစ်​ရောက်​သည်​နည်း​တူ၊ တစ်​ယောက်​သော​သူ​သည် နား​ထောင်​သော​အား​ဖြင့်၊ လူ​များ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။- ထို​သို့​ဖြစ်​လျှင်၊ အ​ပြစ်​တ​ရား​သည် သေ​ခြင်း​အား​ဖြင့် အ​စိုး​ရ​သည်​နည်း​တူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ပြု​စု​တော်​မူ၍ ကျေး​ဇူး​တ​ရား​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ သွင်း​ခြင်း​အား​ဖြင့် အ​စိုး​ရ​လေ​အံ့​သ​တည်း။

ရောမ 5:15-21 Common Language Bible (BCL)

သို့​ရာ​တွင်​သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ ဘု​ရား​သ​ခင် ၏​အ​ခ​မဲ့​ဆု​ကျေး​ဇူး​တော်​နှင့်​အာ​ဒံ​၏​အ​ပြစ် ကူး​လွန်​ပုံ​မ​တူ​သ​ဖြင့် သူ​တို့​နှစ်​ဦး​ကွာ​ခြား​၏။ တစ်​ဦး​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​လူ​များ​စွာ သေ​သည်​မှန်​ပါ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​ဖြစ်​သူ ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​အား​ဖြင့်​လူ မြောက်​မြား​စွာ​ရ​ရှိ​ကြ​သည့်​ဆု​ကျေး​ဇူး သည်​လည်း​ကောင်း​ပို​၍​ကြွယ်​ဝ​ပေ​သည်။- ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။- တစ်​ဦး​ကူး​သည့်​အ​ပြစ်​သည်​သေ​ခြင်း​တ​ရား စိုး​မိုး​မှု​ကို​ဖြစ်​ပေါ်​စေ​ပါ​က အ​ခြား​သူ​တစ်​ဦး ဖြစ်​သူ​ယေ​ရှု​ခ​ရစ်​ပြု​သည့်​အ​မှု​တော်​၏​အ​ကျိုး ဆက်​ကား​အ​ဘယ်​မျှ​ပို​မို​ကြီး​မား​လိမ့်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​ကို ခံ​စား​၍​ကိုယ်​တော်​နှင့်​လွတ်​လပ်​မှန်​ကန်​စွာ​ဆက် သွယ်​ရ​သူ​အ​ပေါင်း​တို့​သည် ခ​ရစ်​တော်​အား​ဖြင့် အ​သက်​ရှင်​လျက်​စိုး​စံ​ရ​ကြ​လတ္တံ့။ သို့​ဖြစ်​၍​တစ်​ဦး​က​အ​ပြစ်​ကို​ပြု​သော​ကြောင့် လူ​သား​အား​လုံး​ပင်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​သည်​နည်း​တူ အ​ခြား​တစ်​ဦး​က​ဖြောင့်​မတ် သော​အ​မှု​ကို​ပြု​သော​ကြောင့်​လူ​သား​အ​ပေါင်း တို့​သည်​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​မှ​လွတ်​မြောက်​၍ အ​သက်​ရှင်​ရ​ကြ​၏။- လူ​တစ်​ဦး​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင် သော​အား​ဖြင့်​လူ​အ​ပေါင်း​တို့​အ​ပြစ်​ကူး​သူ များ​ဖြစ်​ရ​ကြ​သည်​နည်း​တူ အ​ခြား​လူ​တစ်​ဦး သည်​ဘု​ရား​စ​ကား​ကို​နာ​ခံ​သော​အား​ဖြင့်​လူ အ​ပေါင်း​တို့​သည်​ဘုရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ရ​ကြ​လိမ့်​မည်။ အ​ပြစ်​ဒု​စ​ရိုက်​များ​ပြား​လာ​စေ​ရန်​ပ​ညတ် တ​ရား​ကို​ချ​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​အ​ပြစ် ဒု​စ​ရိုက်​များ​ပြား​လာ​သော​အ​ခါ​ကျေး​ဇူး တော်​သည်​ပို​၍​များ​ပြား​လာ​၏။- သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။

ရောမ 5:15-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ရာတွင် ဆု​ကျေးဇူး​သည် ကျူးလွန်​သော​အပြစ်​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် များစွာ​သော​သူ​တို့​သည် သေ​ခဲ့​လျှင် ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့် ယေရှု​ခရစ်တော်​တည်းဟူသော တစ်​ယောက်​သော​သူ​၏​ကျေးဇူး​တော်​အားဖြင့် သက်ရောက်​သော​ကောင်းချီး​လက်ဆောင်​သည် များစွာ​သော​လူ​တို့​၌ ပို၍​ပင် ကြွယ်ဝ​ပြည့်စုံ​မည်​ဖြစ်​၏။ ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။ အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။ သို့ဖြစ်၍ ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​သကဲ့သို့ ဖြောင့်မတ်​သော​အကျင့်​တစ်​ခု​ကြောင့် အသက်​နှင့်ဆိုင်သော​ဖြောင့်မတ်​ခြင်း​သည် လူ​အပေါင်း​တို့​ထံသို့ ရောက်လာ​၏။ တစ်နည်းဆိုသော် လူ​တစ်​ယောက်​၏​မ​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် အပြစ်သား​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​သည့်​နည်းတူ တစ်​ယောက်​သော​သူ​၏​နာခံ​မှု​ကြောင့် များစွာ​သော​လူ​တို့​သည် ဖြောင့်မတ်​သော​သူ​အဖြစ် သတ်မှတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။ ဤသည်ကား အပြစ်​သည် သေ​ခြင်း​အားဖြင့် စိုးမိုး​ခဲ့​သည့်​နည်းတူ ကျေးဇူး​တော်​သည်​လည်း ဖြောင့်မတ်​ခြင်း​အားဖြင့် စိုးမိုး​လျက် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​စေရန်​ဖြစ်​၏။