YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 2:1-11

ရောမ 2:1-11 Judson Bible (JBMLE)

သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​တတ်​သော​သူ၊ သင်​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။ အ​ကြောင်း​မူ​ကား၊ သင်​သည်​စစ်​ကြော​စီ​ရင်​သော အ​မှု​ကို​ပင် ကိုယ်​တိုင်​ပြု​သည်​ဖြစ်၍၊ သူ​တစ်​ပါး​ကို စစ်​ကြော​စီ​ရင်​သည်​တွင် ကိုယ်​အ​ပြစ်​ရှိ​ကြောင်း​ကို စီ​ရင်​ဆုံး​ဖြတ်​ရာ​ရောက်၏။- ဘု​ရား​သ​ခင်​သည် ထို​သို့​ပြု​သော​သူ​တို့​ကို စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​သည် သ​မ္မာ​တ​ရား​နှင့် ညီ​သည်​ကို ငါ​တို့​သိ​ကြ၏။- ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။- ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။- ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊- ကောင်း​သော​အ​ကျင့်​ကို အ​မြဲ​ကျင့်၍၊ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ မ​ဖောက်​ပြန်​သော ဇာ​တိ​ကို​လည်း​ကောင်း၊ ရှာ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ​လ​တ္တံ့၊- ငြင်း​ဆန်​သော​သ​ဘော​ရှိ၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို​ကား၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​ထွက်​တော်​မူ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ဆိုး​ညစ်​သော​အ​မှု​ကို ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့၊- ရှေ့​ဦး​စွာ၌ ယု​ဒ​လူ၊ နောက်၌​ဟေ​လ​သ​လူ၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ရှိ​သ​မျှ​တို့​သည် ဘုန်း​အ​သ​ရေ​ချမ်း​သာ​ကို ခံ​စား​ရ​ကြ​လ​တ္တံ့။- ဘု​ရား​သ​ခင်​သည် အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မှတ်​တော်​မ​မူ။

ရောမ 2:1-11 Common Language Bible (BCL)

သို့​ဖြစ်​၍​မိတ်​ဆွေ၊ သင်​သည်​သူ​တစ်​ပါး​အား အ​ပြစ်​စီ​ရင်​ပါ​သ​လော။ သင်​သည်​မည်​သူ​ဖြစ် စေ​ကာ​မူ​သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​နိုင် သော​အ​ခြေ​အ​နေ​တွင်​မ​ရှိ။ သင်​သည်​သူ​တစ် ပါး​ကဲ့​သို့​အ​ပြစ်​ကူး​လွန်​သူ​ဖြစ်​လျက် နှင့် သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​လျှင်​မိ​မိ ကိုယ်​တိုင်​အား​လည်း​အ​ပြစ်​စီ​ရင်​ရာ​ရောက် ၏။- ထို​သို့​အ​ကျင့်​ဆိုး​များ​ကို​ပြု​ကျင့်​သူ​တို့ အား​ဘု​ရား​သ​ခင်​အ​ပြစ်​စီ​ရင်​တော်​မူ​သည် မှာ လျော်​ကန်​သင့်​မြတ်​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။- သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။- သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။- သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။- ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။- အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။- ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး ခြား​တို့​အ​နက်​သု​စ​ရိုက်​ကို​ပြု​သူ​တို့​အား ဘု​ရား​သ​ခင်​သည်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း​ခံ​စား စေ​တော်​မူ​လိမ့်​မည်။- ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။

ရောမ 2:1-11 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။ ထိုသို့​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တို့​အပေါ်၌ ဘုရားသခင်​၏​တရား​စီရင်​ခြင်း​သည် သမ္မာတရား​နှင့်အညီ​သက်ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။ သို့ဖြစ်၍ ထိုသို့​သော​အမှု​များ​ကို​ပြုကျင့်​သော​သူ​တို့​အား စီရင်​လျက်​နှင့် ထို​အမှု​တို့​ကို ကိုယ်တိုင်​ပြု​သော​အချင်း​လူ၊ သင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်မှတ်​သလော။ သို့မဟုတ် ဘုရားသခင်​၏​ကျေးဇူးပြု​တော်မူ​ခြင်း​သည် သင့်​ကို နောင်တ​သို့​ပို့ဆောင်​သည်​ကို​မ​သိ​မ​မှတ်​ဘဲ ကိုယ်တော်​၏​ကြွယ်ဝ​သော​ကျေးဇူးပြု​တော်မူ​ခြင်း၊ သည်းခံ​တော်မူ​ခြင်း​နှင့် စိတ်ရှည်​တော်မူ​ခြင်း​တို့​ကို မထီမဲ့မြင်​ပြု​သလော။ သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။ ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။ ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်​၍ သမ္မာတရား​ကို​မ​နာခံ​ဘဲ မတရားမှု​နောက်​သို့​လိုက်​သော​သူ​တို့​အပေါ်၌​မူကား ပြင်းစွာ​သော​ဒေါသ​နှင့်​အမျက်​တော်​ကို သက်ရောက်​စေ​တော်မူ​လိမ့်မည်။ ဆင်းရဲ​ဒုက္ခ​နှင့်​နာကျင်​ခြင်း​ဝေဒနာ​တို့​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် မကောင်း​သော​အမှု​ကို​ပြု​သည့် သက်ရှိ​လူသား​အပေါင်း​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ငြိမ်သက်​ခြင်း​တို့​မူကား ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ။