YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 15:1-7

ရောမ 15:1-7 Judson Bible (JBMLE)

သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။- ထို​သို့​ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ၏​အ​ကျိုး​ကို ထောက်၍၊ သူ့​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သူ၏​အ​လို​သို့ လိုက်​ကြ​ကုန်​အံ့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ကိုယ်​အ​လို​သို့ မ​လိုက်။ ကျမ်း​စာ​လာ​သည်​အ​တိုင်း ကဲ့​ရဲ့​ခြင်း​ကို ခံ​တော်​မူ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော​သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏​ဟု ကျမ်း​စာ​လာ​သ​တည်း။- ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။- သင်​တို့​သည် ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို တ​ညီ​တ​ညွတ်​တည်း နှုတ်​မြွက်၍ ချီး​မွမ်း​စေ​ခြင်း​ငှာ၊- ယေ​ရှု​ခ​ရစ်၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။ ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​လျက်၊ သင်​တို့​ကို လက်​ခံ​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် လက်​ခံ​ကြ​လော့။

ရောမ 15:1-7 Common Language Bible (BCL)

ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​ငါ​တို့​သည် ယုံ​ကြည် ခြင်း​အား​နည်း​သူ​တို့​၏​ဝန်​များ​ကို​ကူ​ညီ ထမ်း​သင့်​၏။ ငါ​တို့​သည်​ကိုယ့်​အ​လို​ကို​လိုက် ၍​မ​လုပ်​ဆောင်​ရ။- ငါ​တို့​ရှိ​သ​မျှ​သည်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သော​ညီ​အစ်​ကို​များ​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​လာ စေ​ရန် သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍​သူ​တို့​၏ အ​လို​ကို​လိုက်​သင့်​၏။- ``ကိုယ်​တော်​အား​လူ​တို့​စော်​ကား​ပြော​ဆို​ခြင်း သည်​အ​ကယ်​ပင်​အ​ကျွန်ုပ်​အား​စော်​ကား​ပြော​ဆို ခြင်း​ဖြစ်​ပါ​၏'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ ထား​သည့်​အ​တိုင်း​ခ​ရစ်​တော်​သည်​မိ​မိ​၏ အ​လို​တော်​ကို​လိုက်​တော်​မ​မူ။- ကျမ်း​စာ​တော်​တွင်​ရေး​သား​ဖော်​ပြ​ထား​သ​မျှ သော​အ​ရာ​တို့​သည် ငါ​တို့​အား​သွန်​သင်​ဆုံး​မ​ရန် အ​တွက်​ဖြစ်​၏။ ယင်း​သို့​ရေး​သား​ဖော်​ပြ​ရ​ခြင်း မှာ​ငါ​တို့​သည်​ကျမ်း​စာ​တော်​မှ​ရ​ရှိ​သည့် သည်း​ခံ မှု​နှင့်​နှစ်​သိမ့်​မှု​တို့​အား​ဖြင့်​မိ​မိ​တို့​၌​မျှော်​လင့် ခြင်း​ရ​ရှိ​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။- သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​ယေ​ရှု​၏​စံ​န မူ​နာ​ကို​လိုက်​၍​တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ စေ​ရန် သည်း​ခံ​မှု​နှင့်​နှစ်​သိမ့်​မှု​၏​အ​ရှင်​ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကူ​မ​တော်​မူ​ပါ​စေ သော။- သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။ ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။

ရောမ 15:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ ခွန်အား​ရှိ​သော​ငါ​တို့​သည် မိမိ​တို့​နှစ်သက်​သည့်​အတိုင်း​မ​ပြု​ဘဲ အားနည်း​သော​သူ​တို့​၏​အားနည်းချက်​တို့​ကို ထောက်မ​ပေး​သင့်​၏။ ငါ​တို့​အသီးသီး​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​တည်ဆောက်​မြှင့်တင်​ပေး​ရန် သူ​၏​ကောင်းကျိုး​ကို​ထောက်​၍ သူ့​ကို​နှစ်သက်​စေ​ရ​မည်။ အဘယ်ကြောင့်​ဆိုသော် “ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​သော​သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့ ကျရောက်​ပါ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ ခရစ်တော်​ပင်လျှင် မိမိ​နှစ်သက်​သည့်​အတိုင်း​ပြု​တော်​မ​မူ​ခဲ့​ပေ။ အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။ သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​၏​ဘုန်း​တော်​ကို တစ်သံတည်း​ဖြင့် တညီတညွတ်တည်း​ချီးမွမ်း​နိုင်​ရန် သည်းခံ​ခြင်း​နှင့်​နှစ်သိမ့်​ခြင်း​တို့​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အား ခရစ်တော်​ယေရှု​၏​အလို​တော်​အတိုင်း အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​နိုင်​သော​အခွင့်​ကို ပေး​တော်မူ​ပါစေသော။ ခရစ်တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​အတွက် သင်​တို့​ကို​လက်ခံ​သကဲ့သို့ သင်​တို့​သည်​လည်း တစ်ဦး​ကို​တစ်ဦး​လက်ခံ​ကြ​လော့။