YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 14:2-4

ရောမ 14:2-4 Judson Bible (JBMLE)

အား​နည်း​သော​သူ​မူ​ကား၊ ဟင်း​သီး​ဟင်း​ရွက်​ကို​သာ စား၏။- အ​မျိုး​မျိုး​ကို စား​သော​သူ​သည် မ​စား​သော​သူ​ကို မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ မ​စား​သော​သူ​သည်​လည်း၊ စား​သော​သူ​ကို မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။- သူ​တစ်​ပါး​ပိုင်​သော လူ​ကို စစ်​ကြော​စီ​ရင်​သော သင်​သည် အ​ဘယ်​သူ​နည်း။ သူ​သည် မိ​မိ​သ​ခင်​စီ​ရင်​သော​အား​ဖြင့်​သာ အ​ပြစ်​လွတ်​ခြင်း၊ အ​ပြစ်​ခံ​ခြင်း​သို့ ရောက်​ရ၏။ သူ​သည် အ​ပြစ်​လွတ်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သူ၏​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ရောမ 14:2-4 Common Language Bible (BCL)

ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။- မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။- သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။

ရောမ 14:2-4 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အချို့​သော​သူ​သည် အစားအစာ​အားလုံး​ကို​စား​၍​ရ​သည်​ဟု ယုံကြည်​၏။ အားနည်း​သော​သူ​မူကား ဟင်းသီးဟင်းရွက်​ကို​သာ​စား​၏။ စား​သော​သူ​သည် မ​စား​သော​သူ​ကို​မထီမဲ့မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီရင်​နှင့်။ အကြောင်းမူကား ဘုရားသခင်​သည် သူ့​ကို​လက်ခံ​တော်မူ​ပြီ။ သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။