YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 13:1-7

ရောမ 13:1-7 Judson Bible (JBMLE)

အ​စိုး​ရ​သော မင်း​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို လူ​တိုင်း​ဝန်​ခံ​စေ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ အ​ခွင့်​မ​ရှိ​လျှင်၊ မင်း​အာ​ဏာ​စက် မ​ရှိ။ အာ​ဏာ​စက်​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ထို​ကြောင့်၊ မင်း​အာ​ဏာ​ကို ဆန်​သော​သူ​သည် ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်၏။ ထို​သို့​ဆန်​သော​သူ​သည် ရာ​ဇ​ဝတ်​ကို ခံ​ရ​မည်။- မင်း​မူ​ကား၊ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကြောက်​ဖို့​ဖြစ်​သည်​မ​ဟုတ်။ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​သော​သူ ကြောက်​ဖို့၏။ မင်း​အာ​ဏာ​ကို မ​ကြောက်​ဘဲ နေ​ချင်​သ​လော။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ကျင့်​လျှင် မင်း​အာ​ဏာ​ကြောင့် ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- မင်း​သည်​ကား၊ သင်၏​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​လျှင်၊ ကြောက်​ခြင်း ရှိ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ မင်း​သည်​အ​ချည်း​နှီး ဓား​ကို​ဆောင်​သည်​မ​ဟုတ်။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​ကို အ​ပြစ်​တ​ရား​စီ​ရင်၍ ရာ​ဇ​ဝတ်​ပေး​ပိုင်​သော သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ အ​စေ​ခံ​ဖြစ်​သ​တည်း။- ထို​ကြောင့်၊ ရာ​ဇ​ဝတ်​ကို​ကြောက်​သော​ကြောင့်​သာ မင်း​အာ​ဏာ​စက်၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ရ​မည် မ​ဟုတ်။ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို ထောက်၍ ဝန်​ခံ​ရ​မည်။- ထို​အ​ကြောင်း​ကြောင့် အ​ခွန်​အ​တုတ်​ကို ပေး​ကြ​လော့။ မင်း​တို့​သည် ဘု​ရား​သ​ခင်၏ အ​မှု​စောင့်​ဖြစ်၍၊ အ​မှု​တော်​ကို အ​မြဲ​ထမ်း​ကြ၏။- ထို​ကြောင့်၊ လူ​အ​သီး​အ​သီး ခံ​ထိုက်​သည်​အ​တိုင်း ပေး​ကြ​လော့။ အ​ခွန်​ကို​ခံ​ထိုက်​သော​သူ​အား အ​ခွန်​ကို​လည်း​ကောင်း၊ အ​ကောက်​ကို ခံ​ထိုက်​သော​သူ​အား အ​ကောက်​ကို လည်း​ကောင်း ပေး​ကြ​လော့။ ကြောက်​ထိုက်​သော​သူ​ကို ကြောက်​ကြ​လော့။ ရို​သေ​ထိုက်​သော​သူ​ကို ရို​သေ​ကြ​လော့။

ရောမ 13:1-7 Common Language Bible (BCL)

လူ​တိုင်း​ပင်​အ​စိုး​ရ​မင်း​တို့​၏​အ​မိန့်​အာ​ဏာ ကို​လိုက်​နာ​ကြ​ရ​မည်။ အ​ဘယ်​အ​စိုး​ရ​မျှ ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​မ​ရပ် မ​တည်​နိုင်။ အာ​ဏာ​ရ​အ​စိုး​ရ​မင်း​သည် ဘု​ရား​သ​ခင်​၏​ခွင့်​ပြု​ချက်​ရ​၍​သာ​အုပ်​စိုး ရ​၏။- မည်​သူ​မ​ဆို​အာ​ဏာ​ရ​အ​စိုး​ရ​မင်း​ကို ဆန့်​ကျင်​ဘက်​ပြု​သူ​သည် ဘု​ရား​သ​ခင်​စီ​မံ ခန့်​ခွဲ​တော်​မူ​ချက်​ကို​ဆန့်​ကျင်​ဘက်​ပြု​သူ ဖြစ်​၏။ ထို​သူ​သည်​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်။- အ​ကျင့်​ကောင်း​သူ​သည်​အ​စိုး​ရ​မင်း​ကို​ကြောက် နေ​စ​ရာ​မ​လို။ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သူ​သာ​လျှင် ကြောက်​စ​ရာ​လို​၏။ သင်​သည်​အာ​ဏာ​ရှိ​သူ​ကို မ​ကြောက်​ဘဲ​နေ​လို​လျှင်​အ​ကျင့်​ကောင်း​ကို​ပြု ကျင့်​လော့။ သို့​ပြု​လျှင်​သူ​သည်​သင့်​ကို​ချီး​မွမ်း လိမ့်​မည်။- အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​သင့်​အား အ​ကျိုး​ပြု​ရန်​အ​လို့​ငှာ ဘု​ရား​သ​ခင်​ခန့် ထား​တော်​မူ​သည့်​အ​စေ​ခံ​ဖြစ်​သော​ကြောင့် တည်း။ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​မ​ကောင်း မှု​ပြု​သူ​ဖြစ်​ပါ​မူ​ထို​သူ​ကို​ကြောက်​လော့။ သူ​သည်​အ​ကယ်​ပင်​အ​ပြစ်​ပေး​ပိုင်​သော တန်​ခိုး​အာ​ဏာ​ရှိ​သူ​ဖြစ်​ပေ​သည်။ သူ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဖြစ်​၍​မ​ကောင်း မှု​ပြု​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​ကိုယ်​စား အ​ပြစ်​ဒဏ်​စီ​ရင်​သူ​ဖြစ်​သ​တည်း။- သို့​ဖြစ်​၍​သင်​သည်​ဘု​ရား​သ​ခင်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်​ကို​ကြောက်​သော​ကြောင့်​သာ မ​က မိ​မိ​သြတ္တ​ပ္ပ​စိတ်​ကြည်​လင်​မှု​ကို​ထောက် ၍​လည်း​အ​စိုး​ရ​မင်း​၏​အ​မိန့်​အာ​ဏာ​ကို လိုက်​နာ​ရ​မည်။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​အ​ခွန်​ကို​ပေး ရ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စိုး​ရ​မင်း​သည် မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​သော အ​ခါ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ထမ်း ဆောင်​သော​ကြောင့်​တည်း။- သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။

ရောမ 13:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အထက်​အာဏာပိုင်​များ​ကို လူ​တိုင်း​နာခံ​စေ။ အကြောင်းမူကား ဘုရားသခင်​ထံမှ​မ​ဟုတ်​သော​အာဏာ​ဟူ၍​မ​ရှိ။ တည်​လျက်​ရှိ​သော​အာဏာ​များ​သည် ဘုရားသခင်​ခန့်အပ်​တော်မူ​ရာ​ဖြစ်​၏။ ထို့ကြောင့် အာဏာပိုင်​ကို​ဆန့်ကျင်​သော​သူ​သည် ဘုရားသခင်​၏​ပြဋ္ဌာန်း​တော်မူ​ချက်​ကို ဆန့်ကျင်​ရာ​ရောက်​၏။ ထိုသို့​ဆန့်ကျင်​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို ကိုယ်တိုင်​ခံရ​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် အုပ်ချုပ်​သူ​များ​သည် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက် ကြောက်​စရာ​မ​ဟုတ်​ဘဲ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​အတွက်​သာ ကြောက်​စရာ​ဖြစ်​၏။ သင်​သည် အာဏာပိုင်​ကို​မ​ကြောက်​ဘဲ​နေ​လို​လျှင် ကောင်း​သော​အမှု​ကို​ပြု​လော့။ ထိုသို့ပြုလျှင် သူ​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ဖြစ်၍ အမျက်​တော်​ကြောင့်​သာ​မ​ဟုတ်​ဘဲ အသိစိတ်​အတွက်​ကြောင့်​လည်း နာခံ​ရ​မည်။ ဤ​အကြောင်း​ကြောင့် အခွန်​များ​ကို​လည်း သင်​တို့​ပေးဆောင်​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​အမှု​ကို​ထမ်းဆောင်​သူ​များ​ဖြစ်​ကြ​ပြီး ထို​အမှု​ကို အစဉ်တစိုက်​ဆောင်ရွက်​နေ​ကြ​၏။ သို့ဖြစ်၍ လူ​အသီးသီး​တို့​အား ပေး​သင့်​သည်​ကို ပေးဆောင်​ကြ​လော့။ အခွန်​ပေး​သင့်​သော​သူ​အား အခွန်​ကို​လည်းကောင်း၊ အကောက်​ပေး​သင့်​သော​သူ​အား အကောက်​ကို​လည်းကောင်း ပေးဆောင်​ကြ​လော့။ ကြောက်ရွံ့​သင့်​သော​သူ​ကို​ကြောက်ရွံ့​၍ ရိုသေ​သင့်​သော​သူ​ကို​ရိုသေ​ကြ​လော့။